When a shareholder dies, what will happen to his or her share(s)?

ကုမ္ပဏီ၏ အစုရှယ်ယာရှင် တစ်ဦးဦးသေဆုံးပါက အစုရှယ်ယာကို ပူးတွဲပိုင်ဆိုင်ခဲ့လျှင် သက်ရှင်ကျန်ရှိသူကိုသာ အဆိုပါအစုရှယ်ယာများကို အကျိုးခံစားခွင့် ရှိသူ အစုရှယ်ယာပိုင်ဆိုင်ခွင့်ရှိသူအဖြစ် ကုမ္ပဏီက အသိအမှတ်ပြုမည်။ အစုရှယ်ယာကို တစ်ဦးတည်းပိုင်ဆိုင်ခဲ့လျှင် သေဆုံးသွားသော အစုရှယ်ယာရှင်၏ ဥပဒေအရ ကိုယ်စားလှယ်ကိုသာ အဆိုပါအစုရှယ်ယာများကို အကျိုးခံစားခွင့်ရှိသူ အစုရှယ်ယာပိုင်ဆိုင်ခွင့် ရှိသူအဖြစ် ကုမ္ပဏီက အသိအမှတ် ပြုမည်။

By |2022-04-04T09:46:54+00:00April 4th, 2022|, |0 Comments

ဂရိတ်ဟော်ခမ်းထဲသို့ အစုရှယ်ယာ ထည့်လို့ ရသလား

လက်ရှိတွင် ဂရိတ်ဟော်ခမ်းထဲသို့ အစုရှယ်ယာအဖြစ် တိုက်ရိုက်ထည့်၍ မရသေးပါ။ ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ်တစ်ခုခုရှိခြင်းကြောင့် ရင်းနှီးမြှုပ်နှံငွေ လိုအပ်လျှင် သက်ဆိုင်ရာ အစိုးရဌာနများ၏ ခွင့်ပြုချက် ရရှိပြီးမှသာ အစုရှယ်ယာ အသစ်များကို ထုတ်ရောင်းနိုင်ခွင့်ရှိသည်။ သို့သော် ကုမ္ပဏီ၏ လက်ရှိအစုရှယ်ယာရှင်တစ်ဦးဦးထံမှ အစုရှယ်ယာများကို အချင်းချင်း သဘောတူညီမှုရရှိလျှင် ကုမ္ပဏီအနေဖြင့် ရှယ်ယာပိုင်ဆိုင်မှု အမည်အား ကူညီလွှဲပြောင်းပေးပါသည်။

By |2022-04-02T10:27:18+00:00April 2nd, 2022|, , |0 Comments

ထည့်ဝင်ပြီး ရှယ်ယာများကို ငွေသားအဖြစ် ပြန်ထုတ်လို့ ရနိုင်လား

ကုမ္ပဏီတွင် အစုရှယ်ယာအဖြစ် ထည့်ဝင်ပြီးငွေများကို ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုများတွင် အသုံးပြုပြီးငွေအဖြစ် မှတ်ယူရပါမည်။ လုပ်ငန်းလည်ပတ်မှုမှ ရရှိလာသော အမြတ်ငွေများကို အစုရှယ်ယာရှင်များအား အချိုးအစားအလိုက် မျှဝေပေးသော အချိန်မှသာလျှင် ငွေသားအဖြစ် ပြန်ရနိုင်ပါမည်။ ကျန်သော အချိန်တွင် ငွေသားအဖြစ် ပြောင်းလဲလိုပါက (က) အခြားလူပုဂ္ဂိုလ်တစ်ဦးဦးအား တန်ဖိုးတစ်ခုဖြင့် ရောင်းချပေးခြင်း၊ (ခ) ကုမ္ပဏီက စတော့အိတ်ချိန်း စာရင်းဝင်ပြီးဖြစ်ပါက မိမိ၏ အစုရှယ်ယာများကို စတော့ဈေးကွက်မှတစ်ဆင့် ကမ်းလှမ်းရောင်းချခြင်းများ ပြုလုပ်နိုင်ပါသည်။ ထို့ပြင် ကုမ္ပဏီတွင် ငွေသားပိုလျှံမှုများ ရှိပါက ကုမ္ပဏီ၏ ထုတ်ပြီးသော အစုရှယ်ယာများကို ကုမ္ပဏီက ပြန်ဝယ်ယူခြင်းများလည်း တည်ဆဲဥပဒေအတိုင်း ဆောင်ရွက်နိုင်ပါသည်။

By |2022-04-02T10:15:57+00:00February 28th, 2016|, |0 Comments
Go to Top