Skip to content
+95(0)98-9566-6061|info@greathorkham.com
  • en_USEnglish
  • shn_MMလိၵ်ႈတႆး
  • my_MMဗမာစာ
ဂရိတ်ဟော်ခမ်း Logo
  • Home
  • About Us
    • Officials
      Members of the board of directors, including chairman and managing director are elected biennially.
      Officials
    • About Us
      The company was established on 12-12-2012. The company has been operating business activities under the existing law, with our core value and code of conduct.
      About Us
    • Work Culture
      It is the policy of our company to ensure equal employment opportunity without discrimination or harassment on the basis of race, color, religion, sex, sexual orientation, disability, marital status, or any other characteristic
      Work Culture
    • FAQs
      Frequently asked questions by shareholders, employees and stakeholders, and its relevant answers.
      FAQs
  • Investors
    • Investments and Share Value
    • Corporate Governance
    • Nampaw Hydropower Project (Investment)
      NPHPP
    • Muse Solid Waste Management (Investment)
  • Projects
    • Muse Central Business District Project
      Shweli-3 Hydropower Project
    • Suvanna Migada Maha Stupa Project
      105-Mile Fruit Wholesale Market Project
    • Loi Tirn Kham Concrete Road Project
      Namsan Reservoir Project
      • Jin San Jaw Goods Exchange Terminal Project
      • Wan Nong mini-hydropower project
      • Muse-Namkham Road Upgrading Project
      • 45-Gone Concrete Project
      • Ngwe Zin Yaw Housing Project
      • Satmu Concrete Road Project
      • Manmyaing - Hinlon Concrete Project
  • Disclosure
    • Great Hor Kham's Corporate Identity
      Organization Structure
    • Annual Reports
      Great Hor Kham's Annual Reports can be downloaded from this page in PDF formats.
      Annual Report
      Corporate Social Responsibility
    • Subsidiaries
      • Twins Industry Limited
      • Hor-Tech Company Limited
  • Contact Us
  • Home
  • About Us
    • Officials
      Members of the board of directors, including chairman and managing director are elected biennially.
      Officials
    • About Us
      The company was established on 12-12-2012. The company has been operating business activities under the existing law, with our core value and code of conduct.
      About Us
    • Work Culture
      It is the policy of our company to ensure equal employment opportunity without discrimination or harassment on the basis of race, color, religion, sex, sexual orientation, disability, marital status, or any other characteristic
      Work Culture
    • FAQs
      Frequently asked questions by shareholders, employees and stakeholders, and its relevant answers.
      FAQs
  • Investors
    • Investments and Share Value
    • Corporate Governance
    • Nampaw Hydropower Project (Investment)
      NPHPP
    • Muse Solid Waste Management (Investment)
  • Projects
    • Muse Central Business District Project
      Shweli-3 Hydropower Project
    • Suvanna Migada Maha Stupa Project
      105-Mile Fruit Wholesale Market Project
    • Loi Tirn Kham Concrete Road Project
      Namsan Reservoir Project
      • Jin San Jaw Goods Exchange Terminal Project
      • Wan Nong mini-hydropower project
      • Muse-Namkham Road Upgrading Project
      • 45-Gone Concrete Project
      • Ngwe Zin Yaw Housing Project
      • Satmu Concrete Road Project
      • Manmyaing - Hinlon Concrete Project
  • Disclosure
    • Great Hor Kham's Corporate Identity
      Organization Structure
    • Annual Reports
      Great Hor Kham's Annual Reports can be downloaded from this page in PDF formats.
      Annual Report
      Corporate Social Responsibility
    • Subsidiaries
      • Twins Industry Limited
      • Hor-Tech Company Limited
  • Contact Us

နမ့်ပေါ်ရေအားလျှပ်စစ်စီမံကိန်း

နမ့်ပေါ်ရေအားလျှပ်စစ်စီမံကိန်းGHK Admin2022-07-27T07:05:29+00:00

ရည်ရွယ်ချက် အကြောင်းအရာ

နမ့်ပေါ်ရေအားလျှပ်စစ်စီမံကိန်းသည် ဂရိတ်ဟော်ခမ်း၏ လက်ရှိ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းထဲတွင် အဓိက အရေးပါသည့် စီမံကိန်းတစ်ခု ဖြစ်သည်။ ကုမ္ပဏီသည် ရေအားလျှပ်စစ်တွင် အဓိကထားပြီး ရင်းနှီးမြှုပ်နှံရခြင်း၏ ရည်ရွယ်ချက်များမှာ –

  1. ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိ စေရန်၊
  2. ဒေသ ဖွံ့ဖြိုးတိုးတက်စေရန်၊
  3. နိုင်ငံတော် လျှပ်စစ်ဓာတ်အား ဖူလုံရေးအတွက် အထောက်အကူပြုနိုင်ရန် နှင့်
  4. အစုရှယ်ယာရှင်များအတွက် သင့်တင့်မျှတသော အကျိုး အမြတ်များ ဖြစ်ထွန်းစေရန် တို့ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရလျှင် ဒေသ၏ လျှပ်စစ်ဓာတ်အား လိုအပ်မှု ပိုမိုမြင့်မားနေခြင်းကြောင့်လည်းကောင်း၊ ဒေသန္တရဖွံ့ဖြိုးရေးလုပ်ငန်းတွင် မရှိမဖြစ်လိုအပ်သော အခြေခံ အဆောက်အအုံ လုပ်ငန်းဖြစ်ခြင်းကြောင့်လည်းကောင်း ရေအားလျှပ်စစ်စီမံကိန်းကို ဦးစားပေး ရွေးချယ်ရခြင်း ဖြစ်သည်။

အကြိုဖြစ်မြောက်နိုင်စွမ်း စူးစမ်းလေ့လာမှု (Pre-Feasibility Studies)

နမ့်ပေါ်ရေအားလျှပ်စစ်စီမံကိန်းအတွက် အကြို ဖြစ်မြောက်နိုင်စွမ်း စူးစမ်းလေ့လာမှု (Pre-Feasibility Studies) ကို တရုတ်နိုင်ငံ ကူမင်း အင်ဂျင်နီးယားရင်းကုမ္ပဏီ လီမိတက် (KHIDI) က ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့သည်။

နားလည်မှုစာချွန်လွှာ (M.O.U)

KHIDI ၏ ဝန်ဆောင်မှုကို ရယူပြီး အကြို ဖြစ်မြောက်နိုင်စွမ်း စူးစမ်းလေ့လာမှု ပြုပြီးနောက် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်တွင် စီမံကိန်း အဆိုပြုလွှာကို ခရိုင်အုပ်ချုပ် ရေးမှူးရုံးမှတစ်ဆင့် အဆင့်ဆင့် တင်ပြခဲ့ပြီး အဆိုပါ နှစ်၏ နိုဝင်ဘာလ ၆ ရက်တွင် ရှမ်းပြည်နယ် အစိုးရထံမှ မူအားဖြင့် သဘောတူကြောင်း ပြန်ကြားခဲ့ပါသည်။ ယင်းနောက် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် နမ့်ပေါ်ရေအားလျှပ်စစ် စီမံကိန်းအတွက် ရှမ်းပြည်နယ် အစိုးရနှင့် ဂရိတ်ဟော်ခမ်းအကြား နားလည်မှု စာချွန်လွှာ (M.O.U) ကို ရေးထိုးနိုင်ခဲ့သည်။

ပြန်လည် နေရာချထားရေးနှင့် မြေယာလျော်ကြေး ကိစ္စများ

နားလည်မှုစာချွန်လွှာ ရေးထိုးပြီးနောက် တမံဧရိယာ အတွင်း ကျရောက်နေသည့် စိုက်ပျိုးမြေများအတွက် ခရိုင်မြေယာလျော်ကြေး စိစစ်ရေးအဖွဲ့နှင့် မြို့နယ် မြေယာ တိုင်းတာစိစစ်ရေး အဖွဲ့တို့မှ ကုမ္ပဏီနှင့် စိုက်ပျိုးတောင်သူများအကြား ညှိနှိုင်း ဆောင်ရွက်ပေးမှုဖြင့် ကျပ်သိန်းပေါင်း လေးထောင်ကျော်ကို ပေးလျော်ခဲ့ပြီးဖြစ်သည်။ စီမံကိန်းတွင် အသုံးပြုရန်အတွက် မြေဧရိယာ ၁၇၉ ဧကကိုလည်း မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီထံမှ အခြားနည်း အသုံးပြုခွင့်ကိုလည်း ၂၀၁၆ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ရရှိထားပြီးဖြစ်သည်။

တမံအထက်ပိုင်းရှိ ရေလွှမ်းဧရိယာအတွင်း ကျရောက်သော အထက်နမ့်ပေါ် (တာလုံ) တံတား၊ ဘုန်းတော်ကြီးကျောင်း နှင့် ရဲကင်းတို့ကို ပြန်လည် နေရာချထားရန်
အတွက် စီမံချက် နှင့် ဒီဇိုင်းများ ရေးဆွဲပြီး လျှပ်စစ်စွမ်းအား စီမံရေးဌာနထံသို့လည်း တင်ပြခဲ့ပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံ လျှပ်စစ်ဥပဒေ

ရှမ်းပြည်နယ် အစိုးရနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ခဲ့သော်လည်း ဖြစ်မြောက်ရေး အကောင်အထည် ဖော်မှုတွင် ကြန့်ကြာစေခဲ့သည့် အကြောင်းရင်းတစ်ခု ထွက်ပေါ်လာပါသည်။ ယင်းမှာ နားလည်မှုစာချွန်လွှာ ရေးထိုးပြီး ရက်ပေါင်း ၂၀ အကြာ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ လျှပ်စစ်ဥပဒေကို ပြဋ္ဌာန်းလိုက် သည်။ အဆိုပါ လျှပ်စစ်ဥပဒေတွင် ရေအားလျှပ်စစ် ထုတ်လုပ်ရာ၌ ၁၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်မှုသည် အသေးစား ရေအား လျှပ်စစ်၊ ၁၀ မဂ္ဂါဝပ် အထက်နှင့် ၃၀ မဂ္ဂါဝပ်အောက် ထုတ်လုပ်မှုသည် အလတ်စား ရေအားလျှပ်စစ်၊ ၃၀ မဂ္ဂါဝပ် အထက် ထုတ်လုပ်မှုသည် အကြီးစား ရေအားလျှပ်စစ် ဟူ၍ ၃ မျိုး ခွဲထားသည်။ ယင်းလျှပ်စစ် ဥပဒေတွင်ပင် အခန်း ၄၊ ပုဒ်မ ၉၊ ပုဒ်မခွဲ (က) တွင် ရေအားလျှပ်စစ် ထုတ်လုပ်ရာ၌ အသေးစားနှင့် အလတ်စားရေအားလျှပ်စစ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့က စီမံခန့်ခွဲခွင့်ရှိသော်လည်း မည်သည့်ရေအားလျှပ်စစ်ထုတ်လုပ်မှုမဆို မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်လိုပါက ပြည်ထောင်စုအစိုးရနှင့် စာချုပ် ချုပ်ဆိုရန်လိုအပ်ကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် မကြာသေးခင်က ရှမ်းပြည်နယ် အစိုးရနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးပြီးခါစဖြစ်သည့် ဂရိတ်ဟော်ခမ်းသည် ပြည်ထောင်စုအစိုးရနှင့် စာချုပ် ချုပ်ဆိုနိုင်ရန် ဆောင်ရွက်ရပြန်သည်။ ယင်းသည် နမ့်ပေါ်ရေအားလျှပ်စစ် ဖြစ်မြောက်ရေး အကောင် အထည် ဖော်မှုတွင် ၉ လခန့် ကြန့်ကြာစေခဲ့သည်။

ဖြစ်နိုင်ခြေ စူးစမ်းလေ့လာမှု

ရေအားလျှပ်စစ်စီမံကိန်းတစ်ခု ဖြစ်မြောက် အောင်မြင်ရေးသည် လွယ်ကူသည့် အလုပ်တစ်ခုမဟုတ်ပေ။ ပထဝီ၊ ဘူမိဗေဒ၊ ဇလဗေဒ၊ သဘာဝ ပတ်ဝန်းကျင်များနှင့် ပတ်သက်ဆက်နွယ်သည့် အကြောင်းရင်းများစွာကိုသေချာ ဃဏစွာစူးစမ်းလေ့လာရပါသည်။ အချက်အလက်များစွာကို စူးစမ်းလေ့လာပြီးနောက် သင့်လျော်သည့် တမံဒီဇိုင်း၊ ကုန်ကျမှု စသည်များကို ထည့်တွက် ရပြန်သည်။

ရေအားလျှပ်စစ်နှင့် ပတ်သက်ပြီး အချို့သော နည်းပညာ ဝန်ဆောင်မှုများသည် ပြည်တွင်း၌ မရရှိနိုင်သေးပေ။ ထိုကဲ့သို့သောနေရာမျိုးအတွက် နိုင်ငံခြား ပညာရှင်များနှင့် နိုင်ငံခြားနည်းပညာ ဝန်ဆောင်မှုများကို ငှားရမ်းအသုံးပြု ရပါသည်။ နမ့်ပေါ်ရေအားလျှပ်စစ်စီမံကိန်းအတွက် ဒီဇိုင်း၊ ဒီဇိုင်းကြီးကြပ်မှုများ အပါအဝင် ဖြစ်မြောက်နိုင်စွမ်း စူးစမ်း လေ့လာမှု (Feasibility Study) ပြုရန်အတွက် ဂရိတ်ဟော်ခမ်းက တရုတ်နိုင်ငံ၊ Hunan Hydro and Power Design Institute (HHPDI) ကို အပ်နှံခဲ့ပြီး ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် နှစ်ဦးနှစ်ဖက် စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။

သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် အကျိုးသက်ရောက်မှုအပေါ် စူးစမ်းလေ့လာခြင်း (EIA & SIA)

စီမံကိန်း၏ ဖြစ်မြောက်နိုင်စွမ်း စူးစမ်းလေ့လာမှု ပြုပြီးနောက် ဖြစ်မြောက် အောင်မြင်နိုင်သည့် အခြေအနေမျိုးတွင်ပင် ရှိသော်လည်း ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်အပေါ် ဆိုးကျိုးများ သက်ရောက်မှု ရှိမရှိ၊ ရှိခဲ့သော် မည်သို့မည်ပုံဖြင့် ဖြေရှင်းနိုင်မှု ရှိမရှိ စသည်ဖြင့် လေ့လာ သုံးသပ်ရပြန်သည်။ ပတ်ဝန်းကျင် နှင့် လူမှုဝန်းကျင်ထိခိုက်မှုပေါ် စူးစမ်းလေ့လာရန်အတွက် ဂရိတ်ဟော်ခမ်းသည် မြန်မာစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အင်ဂျင်နီယာ ဝန်ဆောင်မှု ကုမ္ပဏီလီမိတက် (MSDES) နှင့် ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။ စာချုပ် ချုပ်ဆိုပြီးသည်နှင့် တပြိုင်နက် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ငန်းစတင် ဆောင်ရွက်ခဲ့သည်။

တမံကြံ့ခိုင်မှု ဆန်းစစ်ခြင်း ဆောင်ရွက်ချက်

ဂရိတ်ဟော်ခမ်းမှ ရင်းနှီးမြှုပ်နှံမှုပြုသည့် နမ့်ပေါ်ရေအားလျှပ်စစ်စီမံကိန်းသည် နိုင်ငံတကာစံချိန်မီဖို့ အရေးကြီးသည်။ သို့မှသာ အရည်အသွေးအတွက် ယုံကြည်စိတ်ချရပြီး လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်အတွက် ကောင်းကျိုး ဖြစ်ထွန်းနိုင်မည်။ ထိုကဲ့သို့ နိုင်ငံတကာ စံချိန်အရည်အသွေးမျိုး ရရှိနိုင်စေရန် ရေအားလျှပ်စစ်စီမံကိန်းအတွက် တည်ဆောက်မည့် တမံဒီဇိုင်း၏ ကြံ့ခိုင်မှုကို ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်ချက်ကို ဆောင်ရွက်ပေးရန် ရေအားလျှပ်စစ်နှင့် တမံတည်ဆောက်ရေးပိုင်းတွင် ဝါရင့်ကျွမ်းကျင်သည့် ဂျာမနီနိုင်ငံ SYDRO Consult ကုမ္ပဏီအား အပ်နှံခဲ့သည်။ ယင်းဝန်ဆောင်မှု အတွက် SYDRO Consult ကုမ္ပဏီနှင့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။ ဤကဲ့သို့သော တမံကြံ့ခိုင်မှုလေ့လာသုံးသပ် ချက်သည် အရေးကြီးသလောက် မြန်မာနိုင်ငံတွင် တည် ဆောက်ထားသည့် တမံများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှု မရှိသေးကြောင်း တွေ့ရှိရသည်။

အထက်ပါ ဝန်ဆောင်မှုအတွက် ဂျာမနီနိုင်ငံ SYDRO Consult ကုမ္ပဏီမှ ကျွမ်းကျင်ပညာရှင်သည် တမံ၏ကြံ့ခိုင်မှု နှင့် ရေကြီးခြင်း အန္တရာယ် ဖြစ်နိုင်မှုများကို ထိရောက်စွာ ခွဲခြမ်းစိတ်ဖြာ လေ့လာနိုင်ရန်အတွက် နမ့်ပေါ်ရေအားလျှပ်စစ်စီမံကိန်း တည်ရှိရာနေရာနှင့် တမံအောက်ပိုင်းရှိ ရွာများသို့ ကိုယ်တိုင်သွားရောက်လေ့လာပြီး အချက်အလက်များကို စုဆောင်းလေ့လာ မှတ်တမ်းတင်ခဲ့သည်။ ထို့ပြင် ရေကြီးခြင်းအန္တရာယ်ဖြစ်မှုများတွင် ဆုံးရှုံးမှုများ နည်းသထက်နည်းစေရန် အရေးပေါ် အခြေအနေ ကြိုတင်ပြင်ဆင်မှု စီမံချက်နှင့်ပတ်သက်ပြီး ဌာနဆိုင်ရာများ၊ တမံအောက်ပိုင်းရှိ ရွာများမှ အကြီးအကဲများ နှင့် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နှင့် ၂ ရက်နေ့များတွင် မူဆယ်မြို့ ဂရိတ်ဟော်ခမ်း၏ စီမံကိန်းရုံး ဆင်းရွှေလီခန်းမ၌ တွေ့ဆုံဆွေးနွေး အသိပညာ ဖလှယ်ပွဲတစ်ခု ကျင်းပနိုင်ခဲ့သည်။

ပဋိညာဉ်စာချုပ် လက်မှတ်ရေးထိုးခြင်း (MOA)

ဂရိတ်ဟော်ခမ်းသည် နမ့်ပေါ်ရေအားလျှပ်စစ် စီမံကိန်း အတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို ပြင်ဆင်ပြီး နောက် ၂၀၁၆ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် ပြည်ထောင်စု အစိုးရ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနနှင့် B.O.T (တည်ဆောက်ခြင်း၊ လုပ်ငန်းလည်ပတ်ခြင်းနှင့် လွှဲပြောင်းပေးခြင်း) စနစ်ဖြင့် ပဋိညာဉ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါသည်။

အခြားနည်းသုံးစွဲခွင့်

စီမံကိန်းဧရိယာအတွင်း တောင်သူများထံသို့ သီးနှံလျော်ကြေး ကိစ္စများ ဆောင်ရွက်ပြီးသည့်နောက် နမ့်ပေါ်ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ခြင်းအတွက် မြေအသုံးပြုခွင့် ရရှိရန် တမံဧရိယာ တည်ရှိရာ မန့်မိုင်ကျေးရွာအုပ်စုနှင့် စယ်လန့် ကျေးရွာအုပ်စုအတွင်းရှိ ချောင်းအပါအဝင် မြေဧရိယာ ၁၇၉ ဧကကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ တင်ပြလျှော်ထားခဲ့ပါသည်။ တင်ပြချက်အပေါ် စိစစ်မှုများပြုလုပ်ပြီးနောက် ကော်မတီ၏ ၂၀၁၆ ခုနှစ်၊ မတ်လ ၄ ရက်နေ့ အစည်းအဝေး အမှတ်စဉ် (၁၁/၂၀၁၆)မှ ဆုံးဖြတ်ချက် အရ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် အစိုးရက ခွင့်ပြုသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုသော ခွင့်ပြုမိန့်ကို ထုတ်ပေးခဲ့ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၄၆ ခုနှစ်အထိ နှစ်ပေါင်း ၃၀ လုပ်ပိုင်ခွင့်ပြုခဲ့ပါသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)၏ ခွင့်ပြုမိန့်

နမ့်ပေါ်ရေအားလျှပ်စစ်စီမံကိန်းအား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုချက် ရရှိနိုင်ရေးအတွက် ဂရိတ်ဟော်ခမ်းအနေဖြင့် လိုအပ်သည့် အချက်အလက်များကို အချိန်ယူပြုစုလျက် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြခဲ့ပါသည်။ ထိုသို့ တင်ပြခဲ့ခြင်းအပေါ် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အဆိုပြုချက် စိစစ်ရေးအဖွဲ့ (PAT)၏ (၄၆/၂၀၁၆) ကြိမ်မြောက် အစည်းအဝေး၌ ကုမ္ပဏီအား ခေါ်ယူတွေ့ဆုံ မေးမြန်းခဲ့ပြီး ရင်းနှီးမြှုပ်နှံပုံစံ ပြန်လည်စိစစ်ရန်ကိစ္စ၊ တင်သွင်းမည့် စက်ပစ္စည်းများကို ပြည်တွင်းပြည်ပ ခွဲခြားရန်ကိစ္စ၊ ချေးငွေစာချုပ် (မူကြမ်း) တင်ပြပေးရန် ကိစ္စများကို လမ်းညွှန်မှု ပြုခဲ့ပါသည်။

လမ်းညွှန်မှုနှင့်အညီ မိမိတို့မှလည်း လိုအပ်သည်များကို သေချာစွာ ပြန်လည်ပြုစု ပြင်ဆင် တင်ပြခဲ့ပြီးသည့် နောက် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် ကျင်းပြပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အစည်းအဝေး (၇/၂၀၁၇) ၌ နမ့်ပေါ်ရေအားလျှပ်စစ်စီမံကိန်းအား မြန်မာကျပ်ငွေ ၄၈ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၁၄.၃၀၈ သန်းဖြင့် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်ကိုမူ ၂၀၁၇ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် ခွင့်ပြုမိန့်အမှတ် မနသ-၁၂၄၉/ ၂၀၁၇ ဖြင့် ထုတ်ပေးခဲ့ပါသည်။

ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ်

Signing Power Purchase Agreement with EPGE

နမ့်ပေါ်ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ပြီးစီးပါကထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ပိုင် မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ပို့လွှတ်ရန် ပြင်ဆင်ထားသည်နှင့်အညီ ဓာတ်အားဝယ်ယူမှု သဘောတူစာချုပ် ကိစ္စအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း နှင့် ဂရိတ်ဟော်ခမ်းအကြား အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါသည်။

နမ့်ပေါ်ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ပြီးစီးပါကထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ပိုင် မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ပို့လွှတ်ရန် ပြင်ဆင်ထားသည်နှင့်အညီ ဓာတ်အားဝယ်ယူမှု သဘောတူစာချုပ် ကိစ္စအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း နှင့် ဂရိတ်ဟော်ခမ်းအကြား အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါသည်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းနှင့် မိမိတို့ကုမ္ပဏီ အကြား ညှိနှိုင်းအစည်းအဝေးတွင် ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် သက်တမ်းကို နှစ် ၅၀ ဖြင့်လည်းကောင်း၊ ဓာတ်အားခ ဈေးနှုန်းကို နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ဈေးနှုန်းဖြင့် ချုပ်ဆိုရန်လည်းကောင်း သဘောတူညီမှု ရရှိခဲ့ပါသည်။ ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ်ကိုလည်း ၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ရန် ရည်ရွယ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ၂၀၁၇ ခုနှစ်အတွင်း ချုပ်ဆိုနိုင်ခြင်း မရှိခဲ့ပါ။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၅ ရက်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းနှင့် ဂရိတ်ဟော်ခမ်းတို့အကြား လျှပ်စစ်ဓာတ်အား
ဝယ်ယူရေး သဘောတူစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့သည်။ အဆိုပါ သဘောတူစာချုပ်အရ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းသည် မိုးရာသီတွင် နမ့်ပေါ်ရေအား လျှပ်စစ်၏ ဒီဇိုင်းအရ ဓာတ်အား ထုတ်လုပ်နိုင်မှု၏ ၉၀% ကိုလည်းကောင်း၊ နွေရာသီတွင် ဒီဇိုင်းအရ ဓာတ်အား ထုတ်လုပ်နိုင်မှု၏ ၁၀၀% ကိုလည်းကောင်း အနှစ် ၅၀ လုံး၊ ၅ နှစ်တစ်ကြိမ် စာချုပ် ပြန်လည်ပြုပြင်နိုင်မှုစနစ်ဖြင့် ဝယ်ယူရန် သဘောတူကြသည်။

စီမံကိန်း အကြိုအင်ဂျင်နီယာလုပ်ငန်းများ

၂၀၁၆ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ပဋိညာဉ်စာချုပ် လက်မှတ်ရေးထိုး ပြီးနောက် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့၌ မြေသန့်မင်္ဂလာ အခမ်းအနားပြုလုပ်ခဲ့ပြီး အောက်ဖော်ပြပါ အကြိုအင်ဂျင်နီယာ လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပါသည်။

  • စီမံကိန်းချဉ်းကပ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း – ကျောက်ကြမ်းခင်း ယာဉ်သွားလမ်းအကျယ် ၆ မီတာ၊ အလျား ၁.၆ ကီလိုမီတာရှိ စီမံကိန်းချဉ်းကပ်လမ်းကို ဖောက်လုပ်ပြီးဖြစ်ပါသည်။
  • စီမံကိန်းအတွင်းလမ်းဖောက်လုပ်ခြင်းလုပ်ငန်း – ကျောက်ကြမ်းခင်း ယာဉ်သွားလမ်းအကျယ် ၈ မီတာရှိ စီမံကိန်းအတွင်းလမ်းကို ၂.၇ ကီလိုမီတာ ဖောက်လုပ်ပြီး ဖြစ်ပါသည်။
  • အဆောက်အဦးမြေနေရာပြင်ဆင်ခြင်းလုပ်ငန်း – တမံတည်ဆောက်ရေးလုပ်ငန်းအတွက် လိုအပ်သည့် ရှင်းလင်းဆောင်မြေနေရာဖော်ထုတ်ခြင်း၊ စီမံကိန်းရုံးမြေနေရာဖော်ထုတ်ခြင်း၊ ကွန်ကရစ် ဖျော်စက်မြေ နေရာဖော်ထုတ်ခြင်း၊ စက်ပြင်အလုပ်ရုံမြေနေရာဖော်ထုတ်ခြင်း စသည်တို့ကိုလည်း ဆောင်ရွက်ပြီးစီးပြီး ဖြစ်ပါသည်။
  • ချောင်းကူးဘေလီတံတားတည်ဆောက်ခြင်းလုပ်ငန်း – တမံတည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း တံတား ခံနိုင်ဝန် တန် ၆၀၊ ခန်းဖွင့် ၃၀ မီတာ၊ ယာဉ်သွားလမ်းအကျယ် ၁၂ ပေရှိ ဘေလီတံတားကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ဒေသခံစိုက်ပျိုးတောင်သူများအတွက်လည်း နမ့်ပေါ်ချောင်းတစ်ဖက်ရှိ တောင်ယာလုပ်ငန်းခွင်သို့ သွားရောက်ရာတွင် များစွာအထောက်အကူပြုသော တံတာတစ်စင်းလည်း ဖြစ်ပါသည်။
  • သံကူကွန်ကရစ်ရေပြွန်တည်ဆောက်ခြင်းလုပ်ငန်း – စီမံကိန်းချဉ်းကပ်လမ်းနှင့် စီမံကိန်းအတွင်း လမ်းများ အပေါ်တွင် သံကူကွန်ကရစ်ရေပြွန် ၁၃ စင်း တည်ဆောက်ရန် ပြင်ဆင်ထားသည့်အနက် ၄ စင်း တည်ဆောက်ပြီးစီးပြီး ဖြစ်ပါသည်။
  • စခန်းတည်ဆောက်ခြင်းလုပ်ငန်း – စီမံကိန်းဧရိယာအတွင်း စက်ပြင်အလုပ်ရုံနှင့် ဝန်ထမ်း အိပ်ဆောင်များ၊ စတိုနှင့်
    စားဖိုဆောင် တည်ဆောက်ခြင်းလုပ်ငန်းများအား စုစုပေါင်းအဆောက်အဦ ကြမ်းခင်းဧရိယာ ၁၅၂၁.၅၅ စတုရန်းမီတာ ဆောင်ရွက်ပြီးစီးပြီး ဖြစ်ပါသည်။
  • သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်း – နမ့်ပေါ်ရေအားလျှပ်စစ်စီမံကိန်းဧရိယာ အတွင်း ဝဲယာချဉ်းကပ်လမ်း ၂ ဖက်၌ ၈ ဧကခန့်ရှိသော တောင်ကြောများပေါ်တွင် ၂၀၂၀ ခုနှစ်၊ ဇွန်လမှစ၍ ပေါ်လိုးနီးယာ ၁,၀၂၂ ပင်၊ သံပုရာ ၁၉၃ ပင်၊ စိန်ပန်း ၁၀၆ ပင်၊ တရုတ်စကား ၈၀ ပင်၊ ဒညင်း ၈ ပင်၊ ကုက္ကို ၂၈ ပင်၊ ထင်းရှူး ၈ ပင်၊ ပိန္နဲ ၃၈ ပင်၊ သရက် ၉၉ ပင် စသည်ဖြင့် အရိပ်ရသစ်ပင်၊ ပန်းပင်နှင့် အခြားသီးပင်ပေါင်း ၁,၅၈၂ ပင် စိုက်ပျိုးခဲ့ပါသည်။
  • တည်ဆောက်ရေးလုပ်ငန်းသုံး ၁၁ ကေဗွီ ဓာတ်အားလိုင်းဆောင်ရွက်ခြင်းလုပ်ငန်း – ယခုအခါ တည်ဆောက်ရေးလုပ်ငန်းသုံးရန်အတွက် ၁.၅ ကီလိုမီတာအရှည်ရှိသော ၁၁ ကေဗွီ ဓာတ်အားလိုင်းကို သွယ်တန်းပြီးဖြစ်၍ စီမံကိန်းရုံးဧရိယာအတွင်းတွင် ၄၀၀ ဗို့၊ ၁၅၀ ကေဗွီအေ ထရန်စဖော်မာ တစ်လုံး တပ်ဆင် ဆောင်ရွက်ပြီးဖြစ်ပါသည်။ ကွန်ကရစ်ဖျော်စက်တွင် အသုံးပြုရန်အတွက် ၁၁ ကေဗွီ/ ၄၀၀ ဗို့၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ တစ်လုံး တပ်ဆင်ရန်အတွက်လည်း ခွင့်ပြုမိန့်ရရှိပြီး ဖြစ်ပါသည်။
  • လုပ်ငန်းသုံးရေရရှိရေးလုပ်ငန်း – တည်ဆောက်ရေးလုပ်ငန်းသုံးရေအတွက် ဧရိယာ ၁.၁၁ ဧက ရှိသော ၇၀၀,၀၀၀ ဂါလံဆံ့ မြေသားရေလှောင်ကန်အား တည်ဆောက်ပြီး ဖြစ်ပါသည်။

ပင်မတမံစီမံကိန်းလုပ်ငန်းများအား ဆောင်ရွက်နိုင်ရန်အတွက် ဘဏ္ဍာရေးစီမံခန့်ခွဲမှုမှာ အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ နိုင်ငံခြားငွေဈေးနှုန်းမြှင့်တက်လာမှုအခြေအနေ၊ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့် အခြေအနေ၊ ကိုဗစ်-၉ ကပ်ရောဂါအခြေအနေနှင့် နိုင်ငံရေးအခြေအနေများကြောင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုအား ဆောင်ရွက်ရန် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပါသည်။

ထိုသို့သော အခက်အခဲများစွာကြားမှ ပင်မတမံမြေဖြတ်ခြင်းလုပ်ငန်းအား ၇.၂.၂၀၂၁ ရက်နေ့တွင် စတင်ဆောင်ရွက် ခဲ့ပြီး တမံဝဲဘက်ခြမ်းတွင် ၂၅,၀၅၀ ကုဗမီတာ ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါသည်။ ပင်မတမံမြေဖြတ်ခြင်းလုပ်ငန်းအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေစဉ် ၂၈.၃.၂၀၂၁ ရက်နေ့တွင် နမ့်ပေါ်ရေအားလျှပ်စစ်စီမံကိန်းဧရိယာအတွင်း တပ်မတော်နှင့် အမည်မသိလက်နက်ကိုင်အဖွဲ့အစည်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ လုပ်ငန်းတာဝန်ထမ်းဆောင်နေသော မိမိတို့ ကုမ္ပဏီဝန်ထမ်း ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပါသည်။ ထို့ကြောင့် တည်ဆောက်ရေးလုပ်ငန်းများအား ခေတ္တရပ်ဆိုင်းခဲ့ရကာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ မလွန်ဆန်နိုင်သောဖြစ်ရပ်အဖြစ် သတ်မှတ်၍ စီမံကိန်းခေတ္တရပ်ဆိုင်းခွင့် တောင်းခံတင်ပြခဲ့ရာ ခေတ္တရပ်ဆိုင်းခွင့်ရရှိခဲ့ပါသည်။

မည်သို့သော အခက်အခဲ အကြပ်အတည်းများ ဖြစ်ပေါ်နေပါစေ ယခုနှစ်ပွင့်လင်းရာသီတွင် လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်အတွက် ပင်မတမံလုပ်ငန်း၊ ကွန်ကရစ်ဖျော်စက်တည်ဆောက်ခြင်းလုပ်ငန်း၊ စက်ပြင်အလုပ်ရုံလုပ်ငန်း၊ တည်ဆောက်ရေးပစ္စည်းစုဆောင်းခြင်းလုပ်ငန်းများကို မိမိတို့ ကိုယ်ပိုင်စက်ယန္တရားများဖြင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

နိုင်ငံခြားငွေဈေးနှုန်း မြှင့်မားလာခြင်းကြောင့်လည်းကောင်း၊ ကုန်ဈေးနှုန်းမြှင့်မားလာခြင်းကြောင့်လည်းကောင်း ဌာနနှင့်ချုပ်ဆိုထားသော ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ်ပါ ဓာတ်အားခဈေးနှုန်း ၁ ယူနစ် ၆၅ ကျပ်အား ပြန် လည်ညှိနှိုင်းရန် လိုအပ်ပါသည်။ သို့သော် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေအရ အဆိုပါညှိနှိုင်းခြင်းကိစ္စအား ဆောင်ရွက်ရန် မသင့်လျော်သေးကြောင်း သုံးသပ်တွေ့ရှိရပါသည်။ အခြေအနေ အခွင့်အခါသင့်ပါက ဌာနနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြန်လည်ဆောင်ရွက်မည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

နမ့်ပေါ် ရေအားလျှပ်စစ်ဆိုင်ရာ အချက်အလက်များ

စီမံကိန်းအမည် – နမ့်ပေါ်ရေအားလျှပ်စစ် စီမံကိန်း
တည်နေရာ – မန်းဟန်ကျေးရွာဟောင်း၊ စယ်လန့်ကျေးရွာအုပ်စု၊ မူဆယ်မြို့
ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီ – ဂရိတ်ဟော်ခမ်း များပိုင်းကုမ္ပဏီ လီမိတက်
ချောင်းအမည် – နမ့်ပေါ်ချောင်း
တပ်ဆင်စက်အင်အား – ၂၀ မဂ္ဂါဝပ် (၃ ယူနစ် x ၆.၆၇ မဂ္ဂါဝပ်)
တစ်နှစ်ပျမ်းမျှ အပူချိန် – ၂၀.၁၀ °C
တစ်နှစ်ပျမ်းမျှမိုးရေချိန်လက်မ – ၁,၄၀၀ မီလီမီတာ
နမ့်ပေါ်ချောင်းရေဆင်းဧရိယာ – ၁,၀၆၈ စတုရန်းကီလိုမီတာ
တမံအထက်ရေဆင်းဧရိယာ – ၁,၀၂၅ စတုရန်းကီလိုမီတာ
တစ်နှစ်ပျမ်းမျှရေစီးဆင်းမှု – ၃၂.၆၀ ကုဗမီတာ/စက္ကန့်
တမံရေပြည့်အမှတ် – ၈၀၅ မီတာ
တမံရေသေအမှတ် – ရ၉၅ မီတာ
တမံရေပြည့်ရေလှောင်ပမာဏ – ၄၈.၀၂ ကုဗမီတာသန်းပေါင်း
တစ်နှစ်ပျမ်းမျှထုတ်လုပ်မှု – ၈၅.၃၉ ကီလိုဝပ်နာရီသန်းပေါင်း
စက်လည်ပတ်မှုအခြေအနေ – နေ့စဉ်
တစ်နှစ်ထုတ်လုပ်မှုအချိန် – ၄,၂၆၉ နာရီ
တမံအမြင့် – ၅၄ မီတာ
အသားတင်ရေအမြင့် – ၃၈.၇၅ မီတာ
တမံအလျား – ၂၁၁ မီတာ
တည်ဆောက်ရေးကာလ – ၃၆ လ
စုစုပေါင်းရင်းနှီးမြှုပ်နှံမှု – ၃၉.၇ အမေရိကန်ဒေါ်လာသန်းပေါင်း (1 USD = 1,218 Kyats)
ပဋိညာဉ်စာချုပ်(MOA) ချုပ်ဆိုသည့်နေ့ – ၂၀၁၆ ခုနှစ်၊ မတ်လ ၁၆ ရက်
ဒီဇိုင်းပြုကုမ္ပဏီ – Hunan Hydro & Power Design Institute (HHPDI)
E.S.I.A စူးစမ်းလေ့လာသည့် ကုမ္ပဏီ – မြန်မာစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အင်ဂျင်နီယာဝန်ဆောင်မှု ကုမ္ပဏီလီမိတက်
Dam Breaking Analysis – SYDRO Consult, Germany

Like Us on Facebook

GHK Facebook Page

GHK Head Office

Unit 21-22, Block 6, Corner of Mingalar Aungmyin & Shwemoe Ngwemoe Street, Mingalar Muse, Muse, Shan State, Myanmar

Mobile: +95(0)98 9566 6061

Email: info@greathorkham.com

Web: https://www.greathorkham.com

© Copyright 2012 - | Great Hor Kham Public Company Limited | All Rights Reserved
FacebookRssEmail
Page load link
Go to Top