လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း
လွယ်တိန်ခမ်းတောင်တော်သည် မူဆယ်မြို့၏ အထင်ကရနေရာတစ်ခုဖြစ်ပါသည်။ ကျယ်ဝန်းလှသည့် တောင်တော်၏ နေရာအနှံ့တွင်တည်ထားသည့် သပ္ပါယ်ကြည်ညိုဖွယ်ဘုရားစေတီများ၊ အုံ့ဆိုင်းထူထပ်သော တောခင်းတောအုပ်များ၊ သာယာလှပသော ရှုမျှော်ရှုခင်းများ၊ စိမ်းလန်းစိုပြေသော သီရိရတနာစိမ်းပန်းခြံ၊ ကြည်လင်အေးမြသော ဟွေ့နောင်ကောန်ရေကန် စသည်တို့ဖြင့် အများပြည်သူတို့ လာရောက်လည်ပတ်အနားယူချင်စဖွယ်ကောင်းလှသည့် နေရာတစ်ခုဖြစ်ပေသည်။ လွယ်တိန်ခမ်းကွန်ကလမ်းသည် တောင်ပေါ်သို့ အဝင်မုခ်ဦးမှသည် ရှမ်းနှစ်သစ်ကူးကျင်းပရာပွဲခင်း၊ လွယ်တိန်ခမ်းဓမ္မာရုံ၊ ဗောဓိကုန်း (လျောင်းတော်မူဘုရား)၊ သဗ္ဗညုစုမ့်မိန်းစေတီတော် (မိုင်းဖုန်းစေတီတော်)၊ ပြည်တော်ပြန်ဘုရား၊ မဟာသန္တိသုခ ရပ်တော်မူဘုရားကုန်းအတက်မုခ်ဦး စသည်တို့ကို ဖြတ်သန်း၍ တောင်တော်၏ အမြင့်ဆုံးနေရာတွင် တည်ထားသည့် သုဝဏ္ဏမိဂဒါစေတီတော်ထံသို့ ပေါက်ရောက်သည့် လမ်းမကြီးဖြစ်ပါသည်။
အဆိုပါလမ်းအား တည်ဆောက်ရန်အတွက် ၈-၁-၂၀၂၁ ရက်နေ့တွင် လွယ်တိန်ခမ်းဘုရားကျောင်း၏ ဦးစီးပဓာနနာယကဆရာတော်ဖြစ်တော်မူသော တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး ဘဒ္ဒန္တသုခမိန္ဒ (စဝ်ဆုခမ်း) အရှင်သူမြတ်၏ မိန့်မှာချက်နှင့်အညီ လိုအပ်သည့်တိုင်းတာမှုများပြုလုပ်ပြီးနောက် လမ်းနှင့်သက်ဆိုင်သည့် Geometric Design, Structure Design များရေးဆွဲခြင်း၊ ခန့်မှန်းခြေကုန်ကျစရိတ်များတွက်ချက်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ၂၄-၂-၂၀၂၁ ရက်နေ့မှစ၍ စက်ယန္တရားများဖြင့် လမ်းချဲ့ခြင်းလုပ်ငန်း၊ အောက်ခံမြေသားပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း၊ ဗြုန်းအခြေခံလွှာခင်းခြင်းလုပ်ငန်း၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း တို့ကို တစ်ဆင့်ချင်းဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာ၌ လမ်းခင်းခြင်းနှင့်ဆက်စပ်လျက် အချင်း ၂ ပေ၊ အရှည် ၃၉ ပေရှိ ကွန်ကရစ်ရေပြွန်တစ်စင်းနှင့် အချင်း ၂ ပေ၊ အရှည် ၃၂ ပေရှိ ကွန်ကရစ်ရေပြွန်တစ်စင်းတို့ကိုလည်း တည်ဆောက်လှူဒါန်းပေးခဲ့ပါသည်။
လမ်း အပိုင်းများ | ယူနစ် | အဆိုပြု အလျား | လမ်းဒီဇိုင်းအရ | အမှန်တည်ဆောက် | ||||
---|---|---|---|---|---|---|---|---|
Chain | အလျား | Chain | အလျား | |||||
အပိုင်း-၃ | မီတာ | 426 | 0+000 | 0+440 | 440 | 0+000 | 0+350 | 350 |
အပိုင်း-၂ | မီတာ | 953 | 0+440 | 1+370 | 930 | 0+350 | 1+280 | 930 |
အပိုင်း-၁ | မီတာ | 1172 | 1+370 | 2+24 | 1154 | 1+280 | 2+380 | 1100 |
စုစုပေါင်း | မီတာ | 2551 | 2524 | 2380 |
ဆောင်ရွက်ရသည့် လမ်းအတိုင်းအတာမှာ ကျယ်ပြီး ရှည်လျားသည့်အတွက်ကြောင့် သုဝဏ္ဏမိဂဒါ မဟာစေတီတော်မှ ပြည်တော်ပြန်ဘုရားထိအား ပထမပိုင်း၊ ပြည်တော်ပြန်ဘုရားမှ လွယ်တိန်ခမ်းဓမ္မာရုံထိအား ဒုတိယပိုင်း၊ ဓမ္မာရုံရှေ့မှ လွယ်တိန်ခမ်းတောင်အဝင်မုခ်ဦးထိ တတိယပိုင်းဟူ၍ လမ်းကို အပိုင်း ၃ ပိုင်းခွဲပြီး တစ်ပိုင်းချင်းတည်ဆောက်ပါသည်။ လုပ်ငန်းဆိုင်ရာအချက်အလက်များမှာ –
• လုပ်ငန်းအမျိုးအစား | ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း |
• လုပ်ငန်းတည်နေရာ | လွယ်တိန်ခမ်းတောင်တော်၊ မူဆယ်မြို့ |
• လမ်းအရှည် | ၇၈၀၈ ပေ (သို့) ၂၃၈၀ မီတာ |
• ကွန်ကရစ်လမ်းအကျယ် | ၃၀ ပေ |
• ကွန်ကရစ်လမ်းသားအထူ | ၈ လက်မ |
• ဗြုန်းအခြေခံလွှာအထူ | ၉ လက်မ |
• လုပ်ငန်းကာလ | ၂၀၂၁ ဖေဖော်ဝါရီမှ ဒီဇင်ဘာ |

