လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ တင်ဒါစနစ်ဖြင့် ခေါ်ယူဆောင်ရွက်သည့် မူဆယ်မြို့တွင်း တည်ဆောက်ရေးလုပ်ငန်းများအနက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ဂရိတ်ဟော်ခမ်း အနေဖြင့် တင်ဒါဝင်ရောက်ယှဉ်ပြိုင်အောင်မြင်ပြီး အချို့လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိခဲ့ပါသည်။
စက်မှုလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းသည် ဂရိတ်ဟော်ခမ်းမှ တင်ဒါအောင်မြင်ဆောင်ရွက်ခွင့်ရရှိသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ စက်မှုလမ်းသည် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ဟိုနားနယ်မြေအတွင်းတွင်တည်ရှိပြီး စက်မှုကွက်သစ်သို့ သွားရောက်ရာ အဓိကလမ်းဖြစ်သည်။ အဆိုပါလမ်းသည် မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ဘတ်ဂျက်ခေါင်းစဉ်အောက်တွင် တည်ဆောက်သည့်လမ်းဖြစ်ပြီး မူလ ၁၂ ပေအကျယ် ကတ္တရာလမ်းမှ ၁၈ ပေ အကျယ် ကွန်ကရစ်လမ်းအဖြစ်သို့ အဆင့်မြှင့်တင်တည်ဆောက်သည့်လမ်းဖြစ်သည်။
လုပ်ငန်းဆိုင်ရာအချက်အလက်များ
• လုပ်ငန်းအမျိုးအစား | ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း |
• လုပ်ငန်းတည်နေရာ | ဟိုနားနယ်မြေ၊ ကောင်းမူးတုံရပ်ကွက်၊ မူဆယ်မြို့ |
• ကွန်ကရစ်လမ်းအရှည် | ၁၂၀၀ ပေ |
• ကွန်ကရစ်လမ်းအကျယ် | ၁၈ ပေ |
• ကွန်ကရစ်လမ်းသားအထူ | ၈ လက်မ |
• ဗြုန်းအခြေခံလွှာအထူ | ၉ လက်မ |
• လုပ်ငန်းကာလ | ၂၀၂၀ ဒီဇင်ဘာမှ ၂၀၂၁ ဇန်နဝါရီ |