၁၀၅-မိုင် သစ်သီးဝလံ ကုန်စည်ဒိုင် (လက်ကားဈေး) တိုးချဲ့ စီမံကိန်း
သစ်သီးလက်ကားဈေး ကုန်စည်ဒိုင် စီမံကိန်းသည် မူဆယ်မြို့နယ်၊ ၁၀၅-မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် တည်ရှိပါသည်။ ကုန်သွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အရှေ့မြောက်တံခါး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့က ရင်းနှီးမြှုပ်နှံ အကောင်အထည် ဖော်ဆောင်ရွက်ပါသည်။
၁၀၅-မိုင် နယ်စပ်ကုန်သွယ်ရေးသည် မြန်မာတစ်နိုင်ငံလုံး၏ နယ်စပ်ကုန်သွယ်ရေးပမာဏ ၇၅% ရှိသည်အားလျော်စွာ အရေးပါသည့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်သည်။ မြန်မာပြည်မှ ထွက်သော ဖရဲသီး၊ သရက်သီး၊ သခွားသီး စသည့် သစ်သီးဝလံ မျိုးစုံကို ဤကုန်စည်ဒိုင်မှတစ်ဆင့် အရောင်းအဝယ်ပြုလုပ်ပြီး တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည်။ ဤကုန်စည်ဒိုင်မှတစ်ဆင့် နေ့စဉ် ထောင်ချီသော ကုန်တင်ကားများ ဖြတ်သန်းလျက်ရှိပြီး နိုင်ငံတော်အတွက် လိုအပ်သော နိုင်ငံခြားဝင်ငွေများကို တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ပေးလျက်ရှိသော ဌာနတစ်ခုဟူ၍လည်း ဆိုနိုင်ပါသည်။
မိမိတို့ဂရိတ်ဟော်ခမ်းသည် အဆိုပါ စီမံကိန်းကို အရန်သင့်အသုံးပြုနိုင်မှု (turnkey) စနစ်ဖြင့် အခြေခံအဆောက်အအုံများကို ဒီဇိုင်းရေးဆွဲခြင်း၊ တည်ဆောက်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်း လုပ်ငန်းပိုင်းများအတွက် ပင်မကန်ထရိုက်တာအဖြစ် တာဝန်ယူ တည်ဆောက်ခဲ့ပါသည်။
စီမံကိန်းဆိုင်ရာ အချက်အလက်များ
ရင်းနှီးမြှုပ်နှံသူ | အရှေ့မြောက်တံခါး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် |
စီမံကိန်းဧရိယာ | ၅၈ ဧက |
စီမံကိန်းကာလ | ၂၀၁၅ – ၂၀၁၇ ခုနှစ်။ |

