လမ်းတည်ဆောက်ခြင်းလုပ်ငန်း
ငွေဇင်ယော်အိမ်ရာစီမံကိန်းသည် ဒေသအတွင်းရှိ လုပ်ငန်းရှင်အချို့မှ အကောင်အထည်ဖော်လျက်ရှိသော လူနေအိမ်ကွက်ဖော်ထုတ်ရေးစီမံကိန်းတစ်ခုဖြစ်ပါသည်။ စီမံကိန်းတည်နေရာသည် မူဆယ်မြို့နယ်၊ နမ့်ပန်းကျေးရွာအုပ်စု၊ နမ့်ခွမ် ကျေးရွာ၏ နယ်နိမိတ်အတွင်းဖြစ်ပြီး စက်မှုကွက်သစ်၏ အနီးဝန်းကျင်တွင်လည်း တည်ရှိပါသည်။ အဆိုပါစီမံကိန်းအတွက် ဂရိတ်ဟော်ခမ်းအနေဖြင့် မြေသားလမ်းဖော်ထုတ်ခြင်းလုပ်ငန်း၊ ဗြုန်းအခြေခံလွှာတည်ဆောက်ခြင်းလုပ်ငန်းနှင့် လမ်းအတွက် လိုအပ်သည့်အသင့်ဖျော်ကွန်ကရစ်ထုတ်လုပ်ပံ့ပိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရပါသည်။
လုပ်ငန်းဆိုင်ရာအချက်အလက်များ
• လုပ်ငန်းအမျိုးအစား | လမ်းတည်ဆောက်ခြင်းလုပ်ငန်း |
• လုပ်ငန်းတည်နေရာ | နမ့်ခွမ်ကျေးရွာ၊ နမ့်ပန်းကျေးရွာအုပ်စု၊ မူဆယ်မြို့ |
• စုစုပေါင်းလမ်းအရှည် | ၅၉၀ မီတာ |
• ပင်မလမ်းအကျယ် | ၈ မီတာ |
• ဒုတိယလမ်းအကျယ် | ၆ မီတာ |
• မြေကြီးလုပ်ငန်းပမာဏ | ၂၁၅၇ ကျင်း |
• ဗြုန်းအခြေခံလွှာပမာဏ | ၄၈၀ ကျင်း |
• လမ်းကွန်ကရစ်ပမာဏ | ၇၇၇ ကုဗမီတာ |
• လုပ်ငန်းကာလ | ၂၀၂၁ မတ်မှ ဇွန် |