ကုမ္ပဏီဆိုင်ရာ အမေးအဖြေများ

ရှယ်ယာရှင်များနှင့် ပါဝင်ပတ်သက်သူများ၏ မေးခွန်းများနှင့် အဖြေများ

ကုမ္ပဏီဆိုင်ရာ အမေးအဖြေများ2022-04-02T09:49:24+00:00
When a shareholder dies, what will happen to his or her share(s)?2022-04-04T09:46:54+00:00

If a shareholder dies

  1. was a joint holder of any Shares, any surviving joint holders are the only persons the Company will recognise as having any title to or interest in those Shares
  2. was the sole holder of any Shares, the legal personal representatives of the Member are the only persons the Company will recognize as having any title to or interest in those Shares.
Is the company recruiting new employees?2022-04-02T10:43:03+00:00

We recruit new employees time to time according to business needs. If you want to work with us, please contact us either on the company's Facebook page or directly contact our Human Resources Department at the Muse headquarters.

ဂရိတ်ဟော်ခမ်းက ဘာလုပ်ငန်းတွေ ဆောင်ရွက်သလဲ2022-04-02T10:36:27+00:00

ဂရိတ်ဟော်ခမ်းသည် လမ်း၊ တံတား၊ ရေလှောင်တမံ၊ ရေအားလျှပ်စစ် စသည့် အခြေခံ အဆောက်အအုံ စီမံကိန်းများကို တည်ဆောက်ခြင်း၊ မြေတိုင်းခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ အခြေခံအဆောက်အအုံများ၏ အရည်အသွေး နှင့် ခံနိုင်ဝန်များကို ဓာတ်ခွဲ စစ်ဆေးခြင်း စသည်များကို ပင်မလုပ်ငန်းအဖြစ် ဆောင်ရွက်ပါသည်။ လုပ်ငန်းခွဲများအနေဖြင့် အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေးလုပ်ငန်း၊ အင်ဂျင်နီယာသုံး ပစ္စည်းကိရိယာများ ရောင်းဝယ်ရေးလုပ်ငန်း၊ အသင့်ဖျော်ကွန်ကရစ် ထုတ်လုပ်ခြင်းလုပ်ငန်း၊ ကွန်ကရစ် ဓာတ်အားတိုးဆေးရေ ထုတ်လုပ်ခြင်းလုပ်ငန်း၊  အဆောက်အအုံကြီးများ တည်ဆောက်ရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်ဆောင်ရွက်ပါသည်။

ဂရိတ်ဟော်ခမ်းထဲသို့ အစုရှယ်ယာ ထည့်လို့ ရသလား2022-04-02T10:27:18+00:00

လက်ရှိတွင် ဂရိတ်ဟော်ခမ်းထဲသို့ အစုရှယ်ယာအဖြစ် တိုက်ရိုက်ထည့်၍ မရသေးပါ။ ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ်တစ်ခုခုရှိခြင်းကြောင့် ရင်းနှီးမြှုပ်နှံငွေ လိုအပ်လျှင် သက်ဆိုင်ရာ အစိုးရဌာနများ၏ ခွင့်ပြုချက် ရရှိပြီးမှသာ အစုရှယ်ယာ အသစ်များကို ထုတ်ရောင်းနိုင်ခွင့်ရှိသည်။ သို့သော် ကုမ္ပဏီ၏ လက်ရှိအစုရှယ်ယာရှင်တစ်ဦးဦးထံမှ အစုရှယ်ယာများကို အချင်းချင်း သဘောတူညီမှုရရှိလျှင် ကုမ္ပဏီအနေဖြင့် ရှယ်ယာပိုင်ဆိုင်မှု အမည်အား ကူညီလွှဲပြောင်းပေးပါသည်။

ထည့်ဝင်ပြီး ရှယ်ယာများကို ငွေသားအဖြစ် ပြန်ထုတ်လို့ ရနိုင်လား2022-04-02T10:15:57+00:00

ကုမ္ပဏီတွင် အစုရှယ်ယာအဖြစ် ထည့်ဝင်ပြီးငွေများကို ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုများတွင် အသုံးပြုပြီးငွေအဖြစ် မှတ်ယူရပါမည်။ လုပ်ငန်းလည်ပတ်မှုမှ ရရှိလာသော အမြတ်ငွေများကို အစုရှယ်ယာရှင်များအား အချိုးအစားအလိုက် မျှဝေပေးသော အချိန်မှသာလျှင် ငွေသားအဖြစ် ပြန်ရနိုင်ပါမည်။ ကျန်သော အချိန်တွင် ငွေသားအဖြစ် ပြောင်းလဲလိုပါက (က) အခြားလူပုဂ္ဂိုလ်တစ်ဦးဦးအား တန်ဖိုးတစ်ခုဖြင့် ရောင်းချပေးခြင်း၊ (ခ) ကုမ္ပဏီက စတော့အိတ်ချိန်း စာရင်းဝင်ပြီးဖြစ်ပါက မိမိ၏ အစုရှယ်ယာများကို စတော့ဈေးကွက်မှတစ်ဆင့် ကမ်းလှမ်းရောင်းချခြင်းများ ပြုလုပ်နိုင်ပါသည်။ ထို့ပြင် ကုမ္ပဏီတွင် ငွေသားပိုလျှံမှုများ ရှိပါက ကုမ္ပဏီ၏ ထုတ်ပြီးသော အစုရှယ်ယာများကို ကုမ္ပဏီက ပြန်ဝယ်ယူခြင်းများလည်း တည်ဆဲဥပဒေအတိုင်း ဆောင်ရွက်နိုင်ပါသည်။

Go to Top