လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း

၄၅-ကုန်း လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းသည် ဂရိတ်ဟော်ခမ်းမှ တင်ဒါအောင်မြင်သည့် နောက်ထပ်လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ၄၅-ကုန်း လမ်းမကြီးသည် မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်အတွင်းတွင်တည်ရှိပြီး နာနတ်ကုန်းအပိုင်းမှသည် ၄၅-ကုန်း အပိုင်းများသို့ ဆက်သွယ်ထားသည့် ပင်မလမ်းကြောင်းကြီးဖြစ်ပါသည်။ ၎င်းလမ်းသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း Clean & Green City ဘတ်ဂျက်ခေါင်းစဉ်အောက်တွင် ဆောင်ရွက်ရသည့်လမ်းဖြစ်ပါသည်။ လမ်းသည် အထက-၂ လမ်းဆုံမှ ၄၅ ကုန်း လမ်းသွယ်-၉ အထိ တစ်ဆက်တစ်စပ်တည်းရှိသော်လည်း လမ်းသွယ်-၃ မှ လမ်းသွယ်-၆ အထိကို ယခင်နှစ်က ကတ္တရာထပ်ပိုးလွှာ သေချာခင်းကျင်းဆောင်ရွက်ထားပြီးဖြစ်သည်။ သို့ဖြစ်ရာ ထိုအပိုင်းကိုချန်လှပ်၍ အထကလမ်းဆုံမှ ၄၅-ကုန်း လမ်းသွယ်-၃ ထိ တစ်ပိုင်း၊ ၄၅-ကုန်း လမ်းသွယ်-၆ မှ လမ်းသွယ်-၉ ထိ တစ်ပိုင်းဟူ၍ လမ်းကို ၂ ပိုင်းခွဲပြီး ၁၈ ပေအကျယ်ကွန်ကရစ်လမ်းအဖြစ်သို့ အဆင့်မြှင့်တင်တည်ဆောက်ခြင်းဖြစ်သည်။ လုပ်ငန်းဆောင်ရွက်သည့်အချိန်တွင် ပြည်တွင်းဘိလပ်မြေပြတ်တောက်မှု၊ ကိုဗစ်ရောဂါ တတိယလှိုင်းဖြစ်ပွား၍ ဒေသတွင်းအသွားအလာကန့်သတ်မှု၊ မြန်မာ-တရုတ် နယ်စပ်ဖြတ်သန်းရေးဂိတ်များပိတ်ပင်မှု စသည့် မျှော်မှန်းမထားသည့်အခြေအနေဖြစ်ပွားမှုများကြောင့် လုပ်ငန်းဆောင်ရွက်မှုကာလမှာ လွန်စွာကြာမြင့်ခဲ့ရပါသည်။

လုပ်ငန်းဆိုင်ရာအချက်အလက်များ

• လုပ်ငန်းအမျိုးအစား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း
• လုပ်ငန်းတည်နေရာ ၄၅ ကုန်း၊ ဟိုမွန်ရပ်ကွက်၊ မူဆယ်မြို့
• ကွန်ကရစ်လမ်းအရှည် ၂၅၃၀ ပေ
• ကွန်ကရစ်လမ်းအကျယ် ၁၈ ပေ
• ကွန်ကရစ်လမ်းသားအထူ ၆ လက်မ
• ဗြုန်းအခြေခံလွှာအထူ ၉ လက်မ
• လုပ်ငန်းကာလ ၂၀၂၁ မေမှ စက်တင်ဘာ