ရေလှောင်တမံတည်ဆောက်ခြင်းလုပ်ငန်း

Cornerstone Resources (Myanmar) Limited မှ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ ခေးနင်းအုပ်စု၊ ခါးသျှိကျေးရွာအနီးတွင် လည်ပတ်ထုတ်လုပ်လျက်ရှိသော သတ္ထုသန့်စင်စက်ရုံအတွက် လိုအပ်သော စက်ရုံသုံးနှင့် သောက်သုံးရေများကို ယခုအချိန်အထိ မြေအောက်ရေ (အဝီစိရေ)ဖြင့် အသုံးပြုနေရလျက်ရှိပါသည်။ အနာဂတ်တွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် လားရှိုးမြို့နယ်၊ ခေးနင်းကျေးရွာအုပ်စု၊ နမ့်ဆန်ကျေးရွာ အနီးရှိ နမ့်မွန်ချောင်း ရေအရင်းအမြစ်ကိုအသုံးပြုကာ မြေသားတမံတည်ဆောက်၍ မြေပေါ်ရေများစုဆောင်းပြီး စက်ရုံသုံးရေနှင့် သောက်သုံးရေများအဖြစ် အသုံးပြုနိုင်ရန် မိမိတို့ Great Hor Kham Public Co., Ltd. နှင့် Energy Reliable Ace Co., Ltd. တို့မှ ကျွမ်းကျင်ပညာရှင် များဖြင့် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း စူးစမ်းလေ့လာမှုများဆောင်ရွက်ခဲ့ပါသည်။

နမ့်ဆန်ရေလှောင်တမံစီမံကိန်းအား အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော်ဆောင်မည် ဖြစ်ပါသည်။

  • ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေရန်၊
  • ဒေသခံပြည်သူလူထု အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိစေရန်၊
  • ရေရှားသည့်ကာလတွင် ရေလှောင်တမံမှ စုဆောင်းရေဖြင့် ဒေသအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင် စေရန် နှင့် စက်ရုံ၏ ရေလိုအပ်ချက်အား ပံ့ပိုးပေးနိုင်ရန် တို့ဖြစ်သည်။

စီမံကိန်းဆိုင်ရာအချက်အလက်များ

• စီမံကိန်းအမည် နမ့်ဆန်ရေလှောင်ကန်စီမံကိန်း
• တည်နေရာ နမ့်ဆန်ကျေးရွာ၊ ခေးနင်းအုပ်စု၊ လားရှိုးမြို့ (22°48’10” N 97°42’17” E)
• ချောင်းအမည် နမ့်မွန်ချောင်း
• ရေဖမ်းဧရိယာ ၃၀ စတုရန်းကီလိုမီတာ
• တစ်နှစ်ပျှမ်းမျှရေစီးနှုန်း ၀.၆၂ ကုဗမီတာ/စက္ကန့်
• နှစ်စဉ်စီးဝင်ရေ ၁၉.၅ ကုဗမီတာသန်းပေါင်း
• တမံအမျိုးအစား မြေသားတမံ
• တမံထိပ်အမြင့် (ပင်လယ်ရေမျက်နှာပြင်) ၇၅၃ မီတာ
• ချောင်းကြမ်းပြင်အမြင့် (ပင်လယ်ရေမျက်နှာပြင်) ၇၃၈ မီတာ
• တမံအမြင့် ၁၅ မီတာ
• တမံထိပ်အလျား ၁၇၈ မီတာ
• အနိမ့်ဆုံးရေအမြင့် (ပင်လယ်ရေမျက်နှာပြင်) ၇၄၀ မီတာ
• တမံရေပြည့်အမြင့် (ပင်လယ်ရေမျက်နှာပြင်) ၇၅၀ မီတာ
• အမြင့်ဆုံးရေမျက်နှာပြင် (ပင်လယ်ရေမျက်နှာပြင်) ၇၅၂.၈ မီတာ
• ရေသိုလှောင်နိုင်မှုပမာဏ ၁ ကုဗမီတာသန်းပေါင်း
• ရေလွှမ်းဧရိယာ ၀.၂၃ စတုရန်းကီလိုမီတာ
၅၆.၈၁ ဧက
•နေ့စဉ်အနည်းဆုံးအသုံးပြုနိုင်သော ရေပမာဏ ၇,၅၀၀ကုဗမီတာ
•နေ့စဉ်အများဆုံးအသုံးပြုနိုင်သော ရေပမာဏ ၁၅,၀၀၀ကုဗမီတာ