Shweli-3 Hydropower Project

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရွှေလီ-၃ ရေအားလျှပ်စစ် စီမံကိန်းသည် ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်းတွင် တည်ရှိပါသည်။ စီမံကိန်း၏ တပ်ဆင်စက်အင်အားမှာ ၁,၀၅၀ မဂ္ဂါဝပ်ရှိခြင်းကြောင့် မြန်မာနိုင်ငံအနေအထားအရ ပမာဏကြီးမားသည့် စီမံကိန်းတစ်ခုဟု ဆိုနိုင်ပါသည်။ ဝန်ကြီးဌာနက နှစ်စဉ် ဘတ်ဂျက်လျာထားချက်အတိုင်း လုပ်ငန်းအပိုင်းလိုက် တည်ဆောက်လျက်ရှိပါသည်။

မိမိတို့ ဂရိတ်ဟော်ခမ်းကုမ္ပဏီသည် ရွှေလီ-၃ ရေအားလျှပ်စစ် စီမံကိန်း၏ သံကူကွန်ကရစ် ရေပိုရေလွှဲထုတ်ပြွန် တည်ဆောက်ခြင်းလုပ်ငန်းအတွက် ဝန်ကြီးဌာနကခေါ်သော တင်ဒါကို ဝင်ရောက်ယှဉ်ပြိုင်ပြီး ၂ နှစ်ဆက်တိုက် အောင်မြင်ခဲ့ပါသည်။ လုပ်ငန်းကို သတ်မှတ်စံချိန်စံညွှန်းနှင့် သတ်မှတ် ကာလအတွင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။

စီမံကိန်းဆိုင်ရာ အချက်အလက်များ

ရင်းနှီးမြှုပ်နှံသူ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
လုပ်ငန်းပမာဏ ပထမနှစ် — ၃,၂၃၈ ကျင်း
ဒုတိယနှစ် — ၁,၆၉၁ ကျင်း
လုပ်ငန်းကာလ – ၂၀၁၅ ၂၀၁၆ ဘဏ္ဍာရေးနှစ်၊ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာရေးနှစ်
လုပ်ငန်းများ သံကူကွန်ကရစ် ရေပိုရေလွှဲထုတ်ပြွန် တည်ဆောက်ခြင်းလုပ်ငန်း။