ဝမ့်နောင် အသေးစား ရေအားလျှပ်စစ်စီမံကိန်း

ဝမ့်နောင် အသေးစား ရေအားလျှပ်စစ်စီမံကိန်းသည် သီပေါမြို့နယ်၊ ဝမ့်နောင်ရွာတွင် တည်ရှိပါသည်။ တပ်ဆင်စက်အင်အား ၂၆၀ ကီလိုဝပ်ရှိပြီး နမ့်လာချောင်းမှ ရေအရင်းအမြစ်ကို အသုံးပြုထားပါသည်။

ဝမ့်နောင်ရွာသည် ဧက ၁၀,၀၀၀ ခန့်ကျယ်ဝန်းသော လက်ဖက်ပင် စိုက်ခင်းများရှိသည့် တောင်ကုန်းများဖြင့် ဝန်းရန်ထားပါသည်။ ဝမ့်နောင်ရွာရှိ လက်ဖက်ခြံပိုင်ရှင်များမှ ကိုယ်ထူကိုယ်ထဖြင့် တည်ဆောက်ထားသော လက်ဖက်စက်ရုံ တစ်ခုရှိသည်။ အဆိုပါ လက်ဖက်စက်ရုံသည် လက်ရှိအခြေအနေတွင် ဒီဇယ် မီးအားပေးစက်ဖြင့် မောင်းနှင် နေရခြင်းကြောင့် လက်ဖက်ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ မလိုအပ်ဘဲ များနေရခြင်း ဖြစ်ပါသည်။ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုနိုင်ပါမူ ထုတ်လုပ်မှု ကုန်ကျစရိတ် လွန်စွာ သက်သာလာမည်ဖြစ်သည်။

ထို့ကြောင့်ပင် ဝမ့်နောင်လက်ဖက် ကုန်ချောထုတ်လုပ်မှု လုပ်ငန်း ရင်းနှီးမြှုပ်နှံသူများက ယင်းတို့၏ ကိုယ်ပိုင် အသေးစား ရေအားလျှပ်စစ်စက်ရုံတစ်ခုကို အရန်သင့်အသုံးပြုနိုင်သော (turnkey) စနစ်ဖြင့် တည်ဆောက်ပေးနိုင်ရေးအတွက် ဂရိတ်ဟော်ခမ်းကုမ္ပဏီထံသို့ ကမ်းလှမ်းညှိနှိုင်းလာခဲ့ပါသည်။ ဂရိတ်ဟော်ခမ်းကလည်း မိမိတို့ ကျွမ်းကျင်ပိုင်နိုင်သည့် လုပ်ငန်းဖြစ်သည့် အလျောက် အဆိုပါ ကမ်းလှမ်းမှုကို လက်ခံပြီး အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။

စီမံကိန်းဆိုင်ရာ အချက်အလက်များ

စီမံကိန်းအမည် ဝမ့်နောင် အသေးစားရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ
စီမံကိန်းတည်နေရာ ဝမ့်နောင်ရွာ၊ သီပေါမြို့နယ်၊ ရှမ်းပြည်နယ်
တပ်ဆင်စက်အင်အား ၂၆၀ ကီလိုဝပ်
တမံအမျိုးအစား မြေသားတမံ
တမံအမြင့် ၇ မီတာ
တမံအရှည် ၉၅ မီတာ
ရေကြောင်းအရှည် ၈၀၀ မီတာ
ရေလယ်ဗယ် ၂၀ မီတာ
တစ်နှစ်ပျှမ်းမျှ ရေစီးဆင်းမှု ၂.၅ ကုဗမီတာ/တစ်စက္ကန့်
တာပိုင်အလုံးရေ ၂ လုံး
တာပိုင်အမျိုးအစား horizontal shafts