မူဆယ်-နမ့်ခမ်းလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း

မူဆယ်-နမ့်ခမ်းလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းသည် မန္တလေး-လားရှိုး-မူဆယ်-နမ့်ခမ်း-ဗန်းမော်-မြစ်ကြီးနား ပြည်ထောင်စုလမ်းမ အဆင့်မြှင့်တင်ခြင်း စီမံကိန်း၏ အပိုင်းတစ်ခုအဖြစ် ပါဝင်သည်။ မူဆယ်-နမ့်ခမ်း လမ်းပိုင်းသည် အရှည်အားဖြင့် ၂၂ မိုင်ရှိပြီး နယ်စပ်ကုန်သွယ်ရေးအတွက် အသုံးပြုသော သယ်ယူပို့ဆောင်ရေး လမ်းကြောင်း တစ်ခုဖြစ်ပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မူဆယ်-နမ့်ခမ်းလမ်းကို Oriental Highway Co., Ltd. က BOT စနစ်ဖြင့် ရင်းနှီးမြှုပ်နှံသည့် စီမံကိန်းဖြစ်သည်။ မူလ ယာဉ်သွားလမ်း အကျယ် ၁၂ ပေရှိ ရိုးရိုးကတ္တရာလမ်းမှ ယာဉ်သွားလမ်း အကျယ် ၂၄ ပေ ကွန်ကရစ်လမ်းအဖြစ်သို့ အဆင့်မြှင်တင်ရာတွင် မိမိတို့ ဂရိတ်ဟော်ခမ်းကုမ္ပဏီက ပင်မကန်ထရိုက်တာအဖြစ် တာဝန်ယူ တည်ဆောက်ခဲ့ပါသည်။

စီမံကိန်းဆိုင်ရာ အချက်အလက်များ

လမ်းအရှည် ၂၂ မိုင်
ပထမပိုင်း အဆင့်မြှင့်တင်မှု ၅ မိုင်
ဒုတိယပိုင်း အဆင့်မြှင့်တင်မှု ၅ မိုင်
ပြီးဆုံးမှု ၆.၃၇၅ မိုင်
လမ်းဒီဇိုင်းခံနိုင်ဝန် HS-60
လမ်းဖွဲ့စည်းပုံအကျယ် ၄၀ ပေ
ယာဉ်သွားလမ်းအကျယ် ၂၄ ပေ (၃ + ၃ ပေ)
စီမံကိန်းကာလ ၂၀၁၈-၂၀၁၉ နှင့် ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးနှစ်