ကုမ္ပဏီက ထုတ်ပြီးသော အစုရှယ်ယာများကို ပြန်ဝယ်ယူပါသလား

အစုရှယ်ယာများကို ကုမ္ပဏီက ပြန်လည်ဝယ်ယူခွင့်ရှိသော်လည်း ကုမ္ပဏီတွင် စာရင်းစစ်ပြီး ငွေသားများ လိုအပ်သည်ထက် ပိုလွန်နေမှသာ ဥပဒေကြောင်းအရ ပြန်လည်ဝယ်ယူခွင့် ပြုပါသည်။ စာရင်းစစ်ပြီး ငွေသားများ လိုအပ်သည်ထက် ပိုမိုရှိနေခြင်း၊ အစုရှယ်ယာများ ပြန်လည်ဝယ်ယူမှုတွင် ကုမ္ပဏီအတွက် အကျိုးပိုမိုဖြစ်ထွန်းစေခြင်း စသည့် အကြောင်းများရှိပါက အထူးဆုံးဖြတ်ချက်ဖြင့် ကုမ္ပဏီက အစုရှယ်ယာများကို ပြန်လည်ဝယ်ယူနိုင်ပါသည်။ သာမန်အခြေအနေမျိုးတွင် ကုမ္ပဏီက အစုရှယ်ယာများကို ပြန်မဝယ်ယူပါ။

By |2023-09-13T04:08:14+00:00စက်တင်ဘာ 13th, 2023||0 Comments

အစုရှယ်ယာများကို ရောင်းလို့ရပါသလား

ဂရိတ်ဟော်ခမ်းသည် ရန်ကုန်စတော့အိတ်ချိန်း အရင်းအနှီးဈေးကွက်တွင် စာရင်းမဝင်သေးခြင်းကြောင့် မိမိပိုင်ဆိုင်ထားသော ဂရိတ်ဟော်ခမ်း၏ အစုရှယ်ယာများကို တရားဝင် ရောင်းထုတ်၍ မရနိုင်သေးပါ။ မိမိ၏ အသိ မိတ်ဆွေများအချင်းချင်း အလွှဲအပြောင်း အရောင်းအဝယ် ပြုလုပ်ရာတွင်မူ ကုမ္ပဏီက အဆိုပါ အစုရှယ်ယာများကို အမည်စာရင်း ပြောင်းလဲ မှတ်ပုံတင်ပေးပါသည်။

By |2023-09-13T03:30:42+00:00စက်တင်ဘာ 13th, 2023||0 Comments

သေဆုံးသွားသော အစုရှယ်ယာရှင်၏ အစုရှယ်ယာကို မည်သူက ပိုင်ဆိုင်သလဲ

ကုမ္ပဏီ၏ အစုရှယ်ယာရှင် တစ်ဦးဦးသေဆုံးပါက အစုရှယ်ယာကို ပူးတွဲပိုင်ဆိုင်ခဲ့လျှင် သက်ရှင်ကျန်ရှိသူကိုသာ အဆိုပါအစုရှယ်ယာများကို အကျိုးခံစားခွင့် ရှိသူ အစုရှယ်ယာပိုင်ဆိုင်ခွင့်ရှိသူအဖြစ် ကုမ္ပဏီက အသိအမှတ်ပြုမည်။ အစုရှယ်ယာကို တစ်ဦးတည်းပိုင်ဆိုင်ခဲ့လျှင် သေဆုံးသွားသော အစုရှယ်ယာရှင်၏ ဥပဒေအရ ကိုယ်စားလှယ် (အမွေဆက်ခံသူ)ကိုသာ အဆိုပါအစုရှယ်ယာများကို အကျိုးခံစားခွင့်ရှိသူ အစုရှယ်ယာပိုင်ဆိုင်ခွင့် ရှိသူအဖြစ် ကုမ္ပဏီက အသိအမှတ် ပြုမည်။

ဂရိတ်ဟော်ခမ်းထဲသို့ အစုရှယ်ယာ ထည့်လို့ ရသလား

လက်ရှိတွင် ဂရိတ်ဟော်ခမ်းထဲသို့ အစုရှယ်ယာအဖြစ် တိုက်ရိုက်ထည့်၍ မရသေးပါ။ ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ်တစ်ခုခုရှိခြင်းကြောင့် ရင်းနှီးမြှုပ်နှံငွေ လိုအပ်လျှင် သက်ဆိုင်ရာ အစိုးရဌာနများ၏ ခွင့်ပြုချက် ရရှိပြီးမှသာ အစုရှယ်ယာ အသစ်များကို ထုတ်ရောင်းနိုင်ခွင့်ရှိသည်။ သို့သော် ကုမ္ပဏီ၏ လက်ရှိအစုရှယ်ယာရှင်တစ်ဦးဦးထံမှ အစုရှယ်ယာများကို အချင်းချင်း သဘောတူညီမှုရရှိလျှင် ကုမ္ပဏီအနေဖြင့် ရှယ်ယာပိုင်ဆိုင်မှု အမည်အား ကူညီလွှဲပြောင်းပေးပါသည်။

ထည့်ဝင်ပြီး ရှယ်ယာများကို ငွေသားအဖြစ် ပြန်ထုတ်လို့ ရနိုင်လား

ကုမ္ပဏီတွင် အစုရှယ်ယာအဖြစ် ထည့်ဝင်ပြီးငွေများကို ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုများတွင် အသုံးပြုပြီးငွေအဖြစ် မှတ်ယူရပါမည်။ လုပ်ငန်းလည်ပတ်မှုမှ ရရှိလာသော အမြတ်ငွေများကို အစုရှယ်ယာရှင်များအား အချိုးအစားအလိုက် မျှဝေပေးသော အချိန်မှသာလျှင် ငွေသားအဖြစ် ပြန်ရနိုင်ပါမည်။ ကျန်သော အချိန်တွင် ငွေသားအဖြစ် ပြောင်းလဲလိုပါက (က) အခြားလူပုဂ္ဂိုလ်တစ်ဦးဦးအား တန်ဖိုးတစ်ခုဖြင့် ရောင်းချပေးခြင်း၊ (ခ) ကုမ္ပဏီက စတော့အိတ်ချိန်း စာရင်းဝင်ပြီးဖြစ်ပါက မိမိ၏ အစုရှယ်ယာများကို စတော့ဈေးကွက်မှတစ်ဆင့် ကမ်းလှမ်းရောင်းချခြင်းများ ပြုလုပ်နိုင်ပါသည်။ ထို့ပြင် ကုမ္ပဏီတွင် ငွေသားပိုလျှံမှုများ ရှိပါက ကုမ္ပဏီ၏ ထုတ်ပြီးသော အစုရှယ်ယာများကို ကုမ္ပဏီက ပြန်ဝယ်ယူခြင်းများလည်း တည်ဆဲဥပဒေအတိုင်း ဆောင်ရွက်နိုင်ပါသည်။

By |2022-04-02T10:15:57+00:00ဖေ‌ဖော်ဝါရီ 28th, 2016|, |0 Comments
Go to Top