ကားကြီးကွင်း တည်ဆောက်ခြင်းလုပ်ငန်း

ကိုဗစ်-၁၉ တတိယလှိုင်းကာလတွင် မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်မှုအား ၂၀၂၁ ခုနှစ်၊ မတ်လ၌ စတင်ရပ်ဆိုင်းထားခဲ့သဖြင့် ပြည်ပပို့ကုန်/သွင်းကုန်ကိုအခြေခံပြီး လုပ်ငန်းဆောင်ရွက်နေသော စိုက်ပျိုးတောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများနှင့် နယ်စပ်နေပြည်သူလူထုတို့ အခက်အခဲ အကြပ်အတည်းများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။

အဆိုပါ အခက်အခဲ အကြပ်အတည်းများကို ကိုဗစ်-၁၉ ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များနှင့်အညီ ဖြေရှင်းနိုင်ရန်အတွက် နှစ်နိုင်ငံအစိုးရ ညှိနှိုင်းမှုများဆောင်ရွက်ခဲ့ပြီးနောက် မူဆယ်မြို့နယ်၊ လွယ်အင်ကျေးရွာတွင် Close Loop Management စနစ်ဖြင့် နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ရွှေလွယ်အင်ကုမ္ပဏီမှ ယာယီခေါက်တိုကုန်ချိန်းပြောင်း ကားကြီးကွင်းစီမံကိန်းအား ရင်းနှီးမြှုပ်နှံဆောင်ရွက်ခဲ့ပါသည်။

သွင်းကုန်/ထုတ်ကုန် ချိန်းပြောင်းကွင်းများပါဝင်သည့် ဧက ၂၀ အကျယ်အဝန်းရှိသော အဆိုပါစီမံကိန်းအား မိမိတို့ ဂရိတ်ဟော်ခမ်းမှ ကန်ထရိုက်စနစ်ဖြင့် ၂ လအတွင်းအပြီးဆောင်ရွက်ခဲ့ပြီး ၂၂.၁၁.၂၀၂၁ ရက်နေ့မှ ၂၅.၁၁.၂၀၂၁ ရက်နေ့အထိ ကွန်တိန်နာများဖြင့် စမ်းသပ် ကုန်သွယ်မှုဆောင်ရွက်ခဲ့ကာ ၂၆.၁၁.၂၀၂၁ ရက်နေ့မှစ၍ နှစ်နိုင်ငံကုန်သွယ်မှုအား ကွန်တိန်နာများဖြင့် စတင်လည်ပတ် ဆောင်ရွက်နေပြီဖြစ်ပါသည်။

ရင်းနှီးမြှုပ်နှံသူ ရွှေလွယ်အင်ကုမ္ပဏီလီမိတက်
• လုပ်ငန်းတည်နေရာ မူဆယ်မြို့နယ်၊ လွမ်အင်ကျေးရွာ
• စီမံကိန်းဧရိယာ ၂၀ ဧက
• လျာထားသော စီမံကိန်းကာလ ၄ လ (၂၀၂၁ အောက်တိုဘာလမှ ၂၀၂၂ ဇန်နဝါရီထိ)
• လုပ်ငန်းအမျိုးအစား အခြေခံအဆောက်အအုံဖြစ်သည့် ကားပါကင်၊ ကုန်ပစ္စည်းဖလှယ်ကွင်းနှင့် Container Yard များ၏ မြေသားလုပ်ငန်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း