About GHK Admin

This author has not yet filled in any details.
So far GHK Admin has created 5 blog entries.

အဋ္ဌမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး

အဋ္ဌမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ အဋ္ဌမအကြိမ်မြောက် အစုရှယ်ယာရှင်များ၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်၊ တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးတွင် ဖြစ်ပွားလျက်ရှိသော COVID-19 ကပ်ရောဂါအခြေအနေကြောင့် ရောဂါကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်၊ လမ်းညွှန်ချက်များ၊ ဒေသဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အစည်းအဝေးကို အွန်လိုင်း Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို နံနက် ၁၀:၀၀ နာရီတွင် စတင်ခဲ့ပြီး သဘာပတိအဖြစ် အထွေထွေမန်နေဂျာ ဦးကျော်ဇေယျမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် အစုရှယ်ယာရှင်များအား ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ စိုင်းခိမ်ခမ်းမှ အမှာစကားပြောကြားခဲ့ပြီး၊ စိုင်းအုန်းမြင့် (အုပ်ချုပ်မှုဒါရိုက်တာ)မှ [...]

By |2022-04-05T10:05:15+00:00ဒီဇင်ဘာ 28th, 2021|အစည်းအဝေး|0 Comments

ဝမ်းနည်းကြောင်းသဝဏ်လွှာ

ဝမ်းနည်းကြောင်းသဝဏ်လွှာ ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ အကြံပေးကော်မတီ အဖွဲ့ဝင် ဆရာကြီး ဦးအောင်သင်း (၇၂ နှစ်) သည် ၃၁.၇.၂၀၂၁ ရက်နေ့တွင် ကွယ်လွန် အနိစ္စ ရောက်ရှိကြောင်း ကြားသိရပါသည်။ ဆရာကြီး ဦးအောင်သင်းသည် အစိုးရ ဝန်ထမ်းသက်တမ်း တလျှောက်တွင် ဆည်မြောင်းဦးစီးဌာန၌ ဦးစီးအရာရှိ (ဘူမိဗေဒ) အဖြစ် ၂၃ နှစ်၊ ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာန၌ လက်ထောက် ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးတို့အဖြစ် ၁၃ နှစ် စသည်ဖြင့် ကာလရှည်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အင်ဂျင်နီယာ ဘူမိဗေဒ ကဏ္ဍများတွင် လုပ်ငန်းခွင် ဗဟုသုတနှင့် အတွေ့အကြုံ များစွာရှိခဲ့ပါသည်။ ဂရိတ်ဟော်ခမ်းတွင် ၂၀၁၃ ခုနှစ်မှစ၍ ဘူမိဗေဒဆိုင်ရာ အင်ဂျင်နီယာ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး [...]

By |2022-04-05T10:07:36+00:00ဇူလိုင် 31st, 2021|သဝဏ်လွှာ|0 Comments

ဝမ်းနည်းကြောင်း သဝဏ်လွှာ

ဝမ်းနည်းကြောင်းသဝဏ်လွှာ ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ ပြင်ပစာရင်းစစ်ကုမ္ပဏီ Top Sein Win & Associate Consulting Ltd ၏ တည်ထောင်သူ ဆရာဦးစိန်ဝင်း (၇၃ နှစ်) သည် ၂၇.၇.၂၀၂၁ ရက်နေ့တွင် ကွယ်လွန်အနိစ္စရောက်ရှိကြောင်း ကြားသိရပါသည်။ ဆရာဦးစိန်ဝင်းသည် ရန်ကုန်စတော့အိတ်စ်ချိန်း၏ စတော့ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက် အားပေးကူညီခဲ့သူဖြစ်ပြီး ဂရိတ်ဟော်ခမ်းတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ ပြင်ပစာရင်းစစ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကုမ္ပဏီ၏လုပ်ငန်းများအား စေတနာရှေ့ထား၍ အစဉ်တစိုက် အကြံပေးလမ်းညွှန်ကူညီခဲ့ပါသည်။ ကုမ္ပဏီ၏မိသားစုဝင်ကဲ့သို့သော ပညာရှင်တစ်ဦးအား ထာဝရဆုံးရှုံးခွဲခွာခဲ့ရသောကြောင့် ကုမ္ပဏီ၏ BOD အဖွဲ့ဝင်များ၊ ဒါရိုက်တာများ၊ ဌာနခေါင်းဆောင်များနှင့် ဝန်ထမ်းများအားလုံးမှ ဆရာဦးစိန်ဝင်း၏ မိသားစုများနှင့် ထပ်တူဝမ်းနည်းကြေကွဲမှု ဖြစ်ခဲ့ရပါသည်။ ဆရာဦးစိန်ဝင်း အေးချမ်းစွာဖြင့် မြင့်မြတ်ကောင်းမွန်သော ဘုံဘဝသို့ ရောက်ပါစေကြောင်း [...]

By |2022-04-05T10:07:56+00:00ဇူလိုင် 27th, 2021|သဝဏ်လွှာ|0 Comments

သတ္တမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး

ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် သတ္တမအကြိမ်မြောက် အစုရှယ်ယာရှင်များ၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို (၂၀-၁၂-၂၀၂၀) ရက်နေ့၊ တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည် ... ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၏ နှစ်ချုပ်စာရင်း၊ ဒါရိုက်တာရွေးချယ်အတည်ပြုခြင်း၊ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ပြင်ဆင်ဖြည့်စွက်ခြင်း၊ ပြင်ပစာရင်းစစ် အတည်ပြုခြင်း ... သတ္တမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးအား Online စနစ်ဖြင့် ကျင်းပပြုလုပ် ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် သတ္တမအကြိမ်မြောက် အစုရှယ်ယာရှင်များ၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို (၂၀-၁၂-၂၀၂၀) ရက်နေ့၊ တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးတွင် ဖြစ်ပွားလျက်ရှိသော COVID-19 ကပ်ရောဂါအခြေအနေကြောင့် ရောဂါကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်၊ လမ်းညွှန်ချက်များ၊ ဒေသဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ [...]

By |2021-01-09T01:15:29+00:00ဒီဇင်ဘာ 21st, 2020|အစည်းအဝေး|0 Comments

သတ္တမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး ကြေညာချက်

ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ သတ္တမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးအား အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အသိပေးကြေညာခြင်းနှင့် ဖိတ်ကြားခြင်း ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ သတ္တမအကြိမ်မြောက်နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ကျင်းပရန်အတွက် ယခုအချိန်တွင် ဖြစ်ပေါ်နေသာ COVID 19 ကပ်ရောဂါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးတွင်ဖြစ်ပွားလျက်ရှိရာ COVID 19 ကပ်ရောဂါ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်၊ လမ်းညွှန်ချက်များ၊ ဒေသဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မိမိတို့၏နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို (၂၀-၁၂-၂၀၂၀) ရက်နေ့၊ တနင်္ဂနွေနေ့တွင် Zoom Meeting (Online) ဖြင့် ကျင်းပပြုလုပ်မည်ပါကြောင်း ရပ်နီးရပ်ဝေးမှအစုရှယ်ယာရှင်များ ကြိုတင်သိရှိထားနိုင်ပါရန်နှင့် အစည်းအဝေးသို့ တက်ရောက်ချီးမြှင့်ပေးနိုင်ပါရန် လေးစားစွာဖြင့် အသိပေးဖိတ်ကြားအပ်ပါသည်။ ကျင်းပမည့်နေရက် - ၂၀-၁၂-၂၀၂၀ (တနင်္ဂနွေနေ့) ကျင်းပမည့်အချိန် [...]

By |2021-01-09T01:14:36+00:00နိုဝင်ဘာ 28th, 2020|ကြေညာချက်, အစည်းအဝေး|0 Comments
Go to Top