ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့် မဟာဗျူဟာများ
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်းနှင့် ကုန်သွယ်မှုလုပ်ငန်းများတွင် နိုင်ငံတကာအဆင့်မီ ကောင်းမွန်သော လုပ်ငန်းအရည်အသွေး၊ ထိုက်တန်သောအကျိုးအမြတ်နှင့် မျှတပြီပွင့်လင်းမြင်သာသောမူဝါဒ စည်းမျဉ်းများဖြင့် အစုရှယ်ယာရှင်များနှင့် လုပ်ငန်းအပ်နှံသူများအား စိတ်ကျေနပ်မှု ရရှိစေရန်။
- ဆောက်လုပ်ရေးလုပ်ငန်းများကို အရည်အသွေးကောင်းမွန်မှုဖြင့် ဦးဆောင်နိုင်ရန်၊
- အာဆီယံတစ်ခွင်၏ အခြေခံအဆောက်အအုံများကို နိုင်ငံတကာအဆင့်မီ တာဝန်ယူဆောင်ရွက်နိုင်ရန်၊
- နည်းပညာစွမ်းရည်ဖြင့် လူမှုဝန်းကျင်နှင့် ဘဝအရည်အသွေး တိုးတက်မှုကို အထောက်အကူပြုနိုင်ရန်၊
- ကုန်သွယ်ရေးလုပ်ငန်းဖြင့် စီးပွားရေးကဏ္ဍ အရှိန်အဟုန် မြှင့်တင်နိုင်ရန်။
- လူ့အသိုင်းအဝိုင်းနှင့် မိမိတိုင်းပြည်အပေါ်အကျိုးဖြစ်ထွန်းစေသော စီမံကိန်းလုပ်ငန်းများကို သင့်တင့်မျှတသော အကျိုးအမြတ်များဖြင့် ရွေးချယ်လုပ်ကိုင်ဆောင်ရွက်ခြင်း။
- ထိရောက်မှုရှိသော စီမံခန့်ခွဲမှုစနစ်၊ ကောင်းမွန်သော လုပ်ငန်းအရည်သွေးနှင့် သတ်မှတ်အချိန်အတွင်း ပြီးမြောက်အောင် ဆောင်ရွက်ခြင်းခြင်းစသည့် မူများဖြင့် တည်ဆောက်ရေး စီမံကိန်းများအား စီမံခန့်ခွဲခြင်း။
- ဆုံးရှုံးမှုဖြစ်နိုင်ခြေ(risk) နည်းပါးပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေသော ဆောက်လုပ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ရှယ်ယာရှင်များအတွက် ရေရှည်အကျိုးအမြတ်များကို ဖြစ်ထွန်းစေခြင်း။
- အာဆီယံနိုင်ငံများကို အဓိကထားပြီး ဒေသဈေးကွက် များ တိုးချဲ့ခြင်း။
- ကုမ္ပဏီ၏ ယှဉ်ပြိုင်နိုင်စွမ်းများ ပိုမိုတိုးတက်လာစေရန် လူ့စွမ်းအားအရင်းအမြစ်နှင့် အုပ်ချုပ်မှုပုံစံ စသည့် ကုမ္ပဏီတစ်ခုလုံး၏ စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်း။
- ကုမ္ပဏီ၏ နှိုင်းယှဉ်နိုင်စွမ်း ပိုမိုမြင့်မားလာစေရန် ဖွံ့ဖြိုး တိုးတက်လာသော နည်းပညာများနှင့် အသိပညာများကို အချိန်မီ လက်တွေ့အသုံးချနိုင်ရန် စီမံဆောင်ရွက်ခြင်း။
နောက်ဆုံး ဆောင်ရွက်ချက်များ
…
သတ္တမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး
ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် သတ္တမအကြိမ်မြောက် အစုရှယ်ယာရှင်များ၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို (၂၀-၁၂-၂၀၂၀) ရက်နေ့၊ တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည် ... ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၏ နှစ်ချုပ်စာရင်း၊ [...]
သတ္တမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး ကြေညာချက်
ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ သတ္တမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးအား အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အသိပေးကြေညာခြင်းနှင့် ဖိတ်ကြားခြင်း ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ သတ္တမအကြိမ်မြောက်နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ကျင်းပရန်အတွက် [...]
Cras suscipit ante erat eleifend
Etiam hendrerit tortor gravida accumsan condimentum. Nunc ut mi vitae neque feugiat hendrerit at sed sem. Maecenas ante [...]