ခြုံငုံဖော်ပြချက်

ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် ဒေသတွင်း အခြေခံအဆောက်အအုံ ကန်ထရိုက်လုပ်ငန်းကဏ္ဍ၌ ဦးဆောင်ဦးရွက်ပြုသော ကုမ္ပဏီများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ လမ်း၊ တံတား၊ တမံနှင့် အခြားအခြေခံအဆောက်အအုံ တည်ဆောက်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ စီမံခန့်ခွဲခြင်း စသည်တို့နှင့်ပတ်သက်၍ ထောင့်စုံ ဝန်ဆောင်မှု ပေးပါသည်။  ဂရိတ်ဟော်ခမ်းသည် လုပ်ငန်းများကို ဆောင်ရွက်ရာတွင် စီမံကိန်း ထမြောက်အောင်မြင်ရေး၊ လုပ်ငန်းအပ်နှံသူအား စိတ်ကျေနပ်မှု ရရှိစေရေး၊  သတ်မှတ်ချိန်အတိုင်း လုပ်ငန်းပြီးမြောက်စေရေး၊ အရည်အသွေး ပြည့်မီစေရေး၊ အန္တရာယ်ရင်းရှင်းရေးများတွက် အကောင်းဆုံး လုပ်ငန်းလည်ပတ်မှုကျင့်ဝတ်အတိုင်း လိုက်နာကျင့်သုံးပြီး ဆောင်ရွက်ပါသည်။

ဂရိတ်ဟော်ခမ်းကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီအဖြစ် တည်ထောင်ခဲ့ပြီး ၁၀၀% မြန်မာနိုင်ငံသားများပိုင် ကုမ္ပဏီတစ်ခုဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကဏ္ဍတွင် ရေအားလျှပ်စစ် စီမံကိန်း၊ ကွန်ကရစ် ထုတ်လုပ်ခြင်း၊ ကွန်ကရစ်ဓာတ်အားတိုးဆေးရေ ထုတ်လုပ်ခြင်း၊ အင်ဂျင်နီယာသုံး ပစ္စည်းကိရိယာများ ဖြန့်ဝေခြင်း စသည်များ ဆောင်ရွက်ပါသည်။ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင် မူဆယ်မြို့၊ အမှိုက်နှင့်မိလ္လာသိမ်းဆည်းရေးဝန်ဆောင်မှုကို ဆောင်ရွက်လျက်ရှိသည်။ ကန်ထရိုက်လုပ်ငန်းကဏ္ဍတွင်း လမ်း၊ တံတား၊ တမံ စသည့် အခြေခံအဆောက်အအုံ စီမံကိန်းလုပ်းငန်းများ တည်ဆောက်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည်။

ဂရိတ်ဟော်ခမ်းတွင် ဝါရင့်အတွေ့အကြုံရှိသော မြို့ပြအင်ဂျင်နီယာများ၊ စက်မှုအင်ဂျင်နီယာများနှင့် ဗိသုကာ ပညာရှင်များနှင့် အခြားပညာရပ်တွင် ကျွမ်းကျင်သော ပညာရှင်များဖြင့် စုစည်းပြီး လုပ်ငန်းဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် လုပ်ငန်းလိုအပ်ချက်အလျောက် အခြားသော စီးပွားရေးပိုင်း၊ နည်းပညာပိုင်းနှင့် ဥပဒေပိုင်းတွင်လည်း ကျွမ်းကျင်သော ဝါရင့်အကြံပေးများ ရှိပါသည်။

ကုမ္ပဏီအထွေထွေအချက်အလက်များ

ကုမ္ပဏီအမည် ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
မှတ်ပုံတင်ရုံးလိပ်စာ အမှတ် ၂၁-၂၂၊ ဘလောက် ၆၊ မင်္ဂလာအောင်မြင်လမ်းနှင့် ရွှေမိုးငွေမိုးလမ်း ထောင့်၊ မင်္ဂလာမူဆယ်၊ တော်ရွက်ရပ်ကွက်၊ မူဆယ်မြို့၊ ရှမ်းပြည်နယ်။
လုပ်ငန်းအမျိုးအစား အစိုးရအဖွဲ့အစည်းများ၊ ဒေသတွင်းရင်းနှီးမြှုပ်နှံမှုများ၊ ပုဂ္ဂလိကလုပ်ငန်း
များနှင့်အတူ ကန်ထရိုက်လုပ်ငန်းလုပ်ကိုင်ခြင်း၊ တစ်ဆင့်ကန်ထရိုက် လုပ်ငန်းများ လုပ်ကိုင်ခြင်း၊ အကျိုးတူ ပူးပေါင်းလုပ်ဆာင်ခြင်းနှင့် ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းများဖြင့် အရည်အသွေးပြည့်မီသည့် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း။
ကုမ္ပဏီမှတ်ပုံတင်အမှတ် ၁၀၃၁၆၄၂၄၉
ရှယ်ယာတစ်စောင်၏တန်ဖိုး ၁၀၀၀ ကျပ် (တစ်ထောင်ကျပ်)
ထုတ်ပြီးသောအစုရှယ်ယာပေါင်း ၇,၁၄၃,၈၀၀ ရှယ်ယာ
ပေးသွင်းပြီးမတည်ငွေရင်း ၇,၁၄၃,၈၀၀,၀၀၀ ကျပ် (၇.၁၄၃ ဘီလီယံကျပ်)
ဥပဒေအကြံပေး ဦးသိန်းရွှေ (B.A., H.G.P., R.L.) ဗဟိုတရားရုံးရှေ့နေ
ပြင်ပစာရင်းစစ် ICOP Sein Win & Associates Co., Ltd

ရည်မှန်းချက်၊ မျှော်မှန်းချက် နှင့် မဟာဗျူဟာများ

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်းနှင့် ကုန်သွယ်မှုလုပ်ငန်းများတွင် နိုင်ငံတကာအဆင့်မီ ကောင်းမွန်သော လုပ်ငန်းအရည်အသွေး၊ ထိုက်တန်သောအကျိုးအမြတ်နှင့် မျှတပြီပွင့်လင်းမြင်သာသောမူဝါဒ စည်းမျဉ်းများဖြင့် အစုရှယ်ယာရှင်များနှင့် လုပ်ငန်းအပ်နှံသူများအား စိတ်ကျေနပ်မှု ရရှိစေရန်။

  • ဆောက်လုပ်ရေးလုပ်ငန်းများကို အရည်အသွေးကောင်းမွန်မှုဖြင့် ဦးဆောင်နိုင်ရန်၊
  • အာဆီယံတစ်ခွင်၏ အခြေခံအဆောက်အအုံများကို နိုင်ငံတကာအဆင့်မီ တာဝန်ယူဆောင်ရွက်နိုင်ရန်၊
  • နည်းပညာစွမ်းရည်ဖြင့် လူမှုဝန်းကျင်နှင့် ဘဝအရည်အသွေး တိုးတက်မှုကို အထောက်အကူပြုနိုင်ရန်၊
  • ကုန်သွယ်ရေးလုပ်ငန်းဖြင့် စီးပွားရေးကဏ္ဍ အရှိန်အဟုန် မြှင့်တင်နိုင်ရန်။
  • လူ့အသိုင်းအဝိုင်းနှင့် မိမိတိုင်းပြည်အပေါ်အကျိုးဖြစ်ထွန်းစေသော စီမံကိန်းလုပ်ငန်းများကို သင့်တင့်မျှတသော အကျိုးအမြတ်များဖြင့် ရွေးချယ်လုပ်ကိုင်ဆောင်ရွက်ခြင်း။
  • ထိရောက်မှုရှိသော စီမံခန့်ခွဲမှုစနစ်၊ ကောင်းမွန်သော လုပ်ငန်းအရည်သွေးနှင့် သတ်မှတ်အချိန်အတွင်း ပြီးမြောက်အောင် ဆောင်ရွက်ခြင်းခြင်းစသည့် မူများဖြင့် တည်ဆောက်ရေး စီမံကိန်းများအား စီမံခန့်ခွဲခြင်း။
  • ဆုံးရှုံးမှုဖြစ်နိုင်ခြေ(risk) နည်းပါးပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေသော ဆောက်လုပ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ရှယ်ယာရှင်များအတွက် ရေရှည်အကျိုးအမြတ်များကို ဖြစ်ထွန်းစေခြင်း။
  • အာဆီယံနိုင်ငံများကို အဓိကထားပြီး ဒေသဈေးကွက် များ တိုးချဲ့ခြင်း။
  • ကုမ္ပဏီ၏ ယှဉ်ပြိုင်နိုင်စွမ်းများ ပိုမိုတိုးတက်လာစေရန် လူ့စွမ်းအားအရင်းအမြစ်နှင့် အုပ်ချုပ်မှုပုံစံ စသည့် ကုမ္ပဏီတစ်ခုလုံး၏ စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်း။
  • ကုမ္ပဏီ၏ နှိုင်းယှဉ်နိုင်စွမ်း ပိုမိုမြင့်မားလာစေရန် ဖွံ့ဖြိုး တိုးတက်လာသော နည်းပညာများနှင့် အသိပညာများကို အချိန်မီ လက်တွေ့အသုံးချနိုင်ရန် စီမံဆောင်ရွက်ခြင်း။

ဒါရိုက်တာဘုတ်အဖွဲ့

Sai Kheim Kham
Sai Kheim KhamChairman of the Board of Directors
Sai Ohn Myint
Sai Ohn MyintDirector
Sai Khun Kyaw
Sai Khun KyawDirector
Sai Than Tun
Sai Than TunDirector

ကုမ္ပဏီဖွဲ့စည်းပုံဇယား

Organization Structure Eng

Our Statistic

0+
Shareholders
0
Shares
0+
Employees