ကုမ္ပဏီတွင် အစုရှယ်ယာအဖြစ် ထည့်ဝင်ပြီးငွေများကို ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုများတွင် အသုံးပြုပြီးငွေအဖြစ် မှတ်ယူရပါမည်။ လုပ်ငန်းလည်ပတ်မှုမှ ရရှိလာသော အမြတ်ငွေများကို အစုရှယ်ယာရှင်များအား အချိုးအစားအလိုက် မျှဝေပေးသော အချိန်မှသာလျှင် ငွေသားအဖြစ် ပြန်ရနိုင်ပါမည်။ ကျန်သော အချိန်တွင် ငွေသားအဖြစ် ပြောင်းလဲလိုပါက (က) အခြားလူပုဂ္ဂိုလ်တစ်ဦးဦးအား တန်ဖိုးတစ်ခုဖြင့် ရောင်းချပေးခြင်း၊ (ခ) ကုမ္ပဏီက စတော့အိတ်ချိန်း စာရင်းဝင်ပြီးဖြစ်ပါက မိမိ၏ အစုရှယ်ယာများကို စတော့ဈေးကွက်မှတစ်ဆင့် ကမ်းလှမ်းရောင်းချခြင်းများ ပြုလုပ်နိုင်ပါသည်။ ထို့ပြင် ကုမ္ပဏီတွင် ငွေသားပိုလျှံမှုများ ရှိပါက ကုမ္ပဏီ၏ ထုတ်ပြီးသော အစုရှယ်ယာများကို ကုမ္ပဏီက ပြန်ဝယ်ယူခြင်းများလည်း တည်ဆဲဥပဒေအတိုင်း ဆောင်ရွက်နိုင်ပါသည်။
Leave A Comment