ဝမ်းနည်းကြောင်းသဝဏ်လွှာ
ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ အကြံပေးကော်မတီ အဖွဲ့ဝင် ဆရာကြီး ဦးအောင်သင်း (၇၂ နှစ်) သည် ၃၁.၇.၂၀၂၁ ရက်နေ့တွင် ကွယ်လွန် အနိစ္စ ရောက်ရှိကြောင်း ကြားသိရပါသည်။
ဆရာကြီး ဦးအောင်သင်းသည် အစိုးရ ဝန်ထမ်းသက်တမ်း တလျှောက်တွင် ဆည်မြောင်းဦးစီးဌာန၌ ဦးစီးအရာရှိ (ဘူမိဗေဒ) အဖြစ် ၂၃ နှစ်၊ ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာန၌ လက်ထောက် ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးတို့အဖြစ် ၁၃ နှစ် စသည်ဖြင့် ကာလရှည်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အင်ဂျင်နီယာ ဘူမိဗေဒ ကဏ္ဍများတွင် လုပ်ငန်းခွင် ဗဟုသုတနှင့် အတွေ့အကြုံ များစွာရှိခဲ့ပါသည်။
ဂရိတ်ဟော်ခမ်းတွင် ၂၀၁၃ ခုနှစ်မှစ၍ ဘူမိဗေဒဆိုင်ရာ အင်ဂျင်နီယာ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကုမ္ပဏီ၏ လုပ်ငန်းများအား စေတနာရှေ့ထား၍ အစဉ်တစိုက် အကြံပေး လမ်းညွှန် ကူညီခဲ့ပါသည်။
ကုမ္ပဏီ၏ မိသားစုဝင်ကဲ့သို့သော ပညာရှင်တစ်ဦးအား ထာဝရ ဆုံးရှုံးခွဲခွာခဲ့ရ သောကြောင့် ကုမ္ပဏီ၏ BOD အဖွဲ့ဝင်များ၊ ဒါရိုက်တာများ၊ ဌာနခေါင်းဆောင်များနှင့် ဝန်ထမ်းများအားလုံးသည် ဆရာကြီး ဦးအောင်သင်း၏ မိသားစုများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲမှု ဖြစ်ခဲ့ရပါသည်။
ဆရာကြီး ဦးအောင်သင်း အေးချမ်းစွာဖြင့် မြင့်မြတ် ကောင်းမွန်သော ဘုံဘဝသို့ ရောက်ပါစေကြောင်း ဆုတောင်းလျက် ဤဝမ်းနည်းကြောင်းသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မိသားစု
“ ဂရိတ်ဟော်ခမ်းတွင် ၂၀၁၃ ခုနှစ်မှစ၍ ဘူမိဗေဒဆိုင်ရာအင်ဂျင်နီယာအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကုမ္ပဏီ၏လုပ်ငန်းများအား စေတနာရှေ့ထား၍ အစဉ်တစိုက် အကြံပေးလမ်းညွှန်ကူညီခဲ့ပါသည်။“