ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် သတ္တမအကြိမ်မြောက် အစုရှယ်ယာရှင်များ၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို (၂၀-၁၂-၂၀၂၀) ရက်နေ့၊ တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည် …

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၏ နှစ်ချုပ်စာရင်း၊ ဒါရိုက်တာရွေးချယ်အတည်ပြုခြင်း၊ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ပြင်ဆင်ဖြည့်စွက်ခြင်း၊ ပြင်ပစာရင်းစစ် အတည်ပြုခြင်း …

သတ္တမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးအား Online စနစ်ဖြင့် ကျင်းပပြုလုပ်

ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် သတ္တမအကြိမ်မြောက် အစုရှယ်ယာရှင်များ၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို (၂၀-၁၂-၂၀၂၀) ရက်နေ့၊ တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးတွင် ဖြစ်ပွားလျက်ရှိသော COVID-19 ကပ်ရောဂါအခြေအနေကြောင့် ရောဂါကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်၊ လမ်းညွှန်ချက်များ၊ ဒေသဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အစည်းအဝေးအား Zoom Meeting (Online) စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးအား နံနက် (၁၀:၀၀)နာရီတွင် စတင်ခဲ့ပြီး သဘာပတိအဖြစ် ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ စိုင်းခိမ်ခမ်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် အစုရှယ်ယာရှင်များအား စိုင်းအုန်းမြင့် (အုပ်ချုပ်မှုဒါရိုက်တာ)မှ ကုမ္ပဏီ၏ လုပ်ငန်းဆောင်တာများကို ရှင်းလင်းတင်ပြခြင်း၊ စိုင်းသန်းထွန်း (ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ၊ အထွေထွေစီမံအုပ်ချုပ်မှုအုပ်စု)မှ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ပြင်ဆင်ဖြည့်စွက်ခြင်းနှင့်ပက်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ပြင်ပစာရင်းစစ်အဖွဲ့ဖြစ်သည့် Sein Win & Associates မှ အုပ်ချုပ်မှုဒါရိုက်တာဦးစိန်ဝင်းမှ စာရင်းစစ်အစီရင်ခံစာကို ရှင်းလင်းတင်ပြခြင်း၊ စိုင်းခွန်ကျော် (ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ၊ လုပ်ငန်းလည်ပတ်မှုအုပ်စု)မှ ဘဏ္ဍာရေးရှင်းတမ်းများကို ရှင်းလင်းတင်ပြခြင်း၊ အစုရှယ်ယာရှင်များထံမှ ကြိုတင်ပေးပို့ထားသော မေးခွန်းများအား ဖြေကြားခြင်း စသည့်အစီအစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ သဘာပတိမှ
  • ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၏ နှစ်ချုပ်စာရင်းများနှင့် ၂၀၂၀ နှစ်ပတ်လည်အစီရင်ခံစာ အတည်ပြုခြင်း၊
  • ဒါရိုက်တာအဖွဲ့ဝင်များ ရွေးချယ်ခန့်အပ်မှုနှင့် တာဝန်ထမ်းဆောင်မှု အတည်ပြုခြင်း၊
  • ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပြင်ပစာရင်းစစ်အဖွဲ့ ခန့်အပ်မှု အတည်ပြုခြင်း၊
  • ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ပြင်ဆင်ဖြည့်စွက်ချက်များ အတည်ပြုခြင်း
စသည်တို့ကို အတည်ပြုကြေညာခဲ့ပါသည်။ ထို့နောက်တွင် သဘာပတိဖြစ်သူမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီးနောက် နေ့လည် (၁၂:၀၀) နာရီတွင် အစည်းအဝေး အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

အစည်းအဝေးအား ပြင်ပစာရင်းစစ်အဖွဲ့နှင့် အစုရှယ်ယာရှင်များစုစုပေါင်း ၃၈၁ ဦး အမည်စာရင်းမှတ်ပုံတင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၅၉% ရှိကြောင်း သိရှိရပါသည်။