နဝမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးဖိတ်ကြားခြင်း
ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ နဝမအကြိမ်နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း ကုမ္ပဏီ၏ အစုရှယ်ယာရှင်များကြိုတင်သိရှိထားနိုင်ပါရန်နှင့် အစည်းအဝေးသို့ မပျက်မကွက် ကြွရောက်ချီးမြှင့်ပေးနိုင်ပါရန် လေးစားစွာ အသိပေးဖိတ်ကြားအပ်ပါသည်။
နှစ်ပတ်လည်အထွေထွေ အစည်းအဝေးအစီအစဉ်
|
ကျင်းပမည့်နေ့ရက် | ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်၊ တနင်္လာနေ့ |
---|---|---|
|
ကျင်းပမည့်အချိန် | နံနက် ၉:၀၀ နာရီ မှ နေ့လည် ၁၂:၀၀ နာရီအထိ |
|
ကျင်းပမည့်ပုံစံ |
|
အစည်းအဝေးဖိတ်ကြားခြင်း အစည်းအဝေးဖိတ်ကြားခြင်း
အစုရှယ်ယာရှင်များအနေဖြင့် ကုမ္ပဏီထံသို့စာရင်းသွင်းထားသော နေရပ်လိပ်စာများ၊ ဖုန်းနံပါတ်များ အပြောင်းအလဲရှိပါက အောက်ဖော်ပြပါဖုန်းနံပါတ်များကို စာတိုဖြင့်လည်းကောင်း၊ Viber ဖြင့်လည်းကောင်း၊ Email ဖြင့်လည်းကောင်း ဆက်သွယ်ပေးနိုင်ပါရန် လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်။
အစည်းအဝေးသို့ ကိုယ်တိုင်တက်ရောက်နိုင်ခြင်းမရှိဘဲ ကိုယ်စားလှယ်ဖြင့်တက်ရောက်မည်ဖြစ်ပါက တက်ရောက်မည့် ကိုယ်စားလှယ်အား ရှယ်ယာရှင်လက်မှတ်ရေးထိုးထားသော ကိုယ်စားလှယ်လွှဲစာနှင့်အတူတက်ရာက်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မေးခွန်းများမေးမြန်းခြင်း
အစုရှယ်ယာရှင်များအနေဖြင့် အကြံပြုချက်/ မေးမြန်းလိုသည့်မေးခွန်းများရှိပါက ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်ရုံးသို့လည်းကောင်း၊ ဖော်ပြပါ ဖုန်းနံပါတ် Viber များသို့ လည်းကောင်း၊ Email ဖြင့်လည်းကောင်း ၁၀-၁၂-၂၀၂၂ ရက်နေ့ ညနေ (၃:၀၀) နာရီ နောက်ဆုံးထား၍ မေးခွန်းလွှာများကို ရေးသားပေးပို့နိုင်ပါသည်။
ဒါရိုက်တာအဖွဲ့
ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
- မူဆယ်ရုံးချုပ် ။ ။ အမှတ်-၂၁ – ၂၂၊ ဘလောက်-၆၊ မင်္ဂလာအောင်မြင်လမ်းနှင့် ရွှေမိုးငွေမိုးလမ်းထောင့်၊ မင်္ဂလာမူဆယ်၊ တော်ရွက်ရပ်ကွက်၊ မူဆယ်မြို့။
Viber – 09-400470555, 09-421605790 - www.greathorkham.com
- www.facebook.com/greathorkham
- nangzinmaing@greathorkham.com, saiaungmyinttun@greathorkham.com
Leave A Comment