အစုရှယ်ယာများကို ကုမ္ပဏီက ပြန်လည်ဝယ်ယူခွင့်ရှိသော်လည်း ကုမ္ပဏီတွင် စာရင်းစစ်ပြီး ငွေသားများ လိုအပ်သည်ထက် ပိုလွန်နေမှသာ ဥပဒေကြောင်းအရ ပြန်လည်ဝယ်ယူခွင့် ပြုပါသည်။

စာရင်းစစ်ပြီး ငွေသားများ လိုအပ်သည်ထက် ပိုမိုရှိနေခြင်း၊ အစုရှယ်ယာများ ပြန်လည်ဝယ်ယူမှုတွင် ကုမ္ပဏီအတွက် အကျိုးပိုမိုဖြစ်ထွန်းစေခြင်း စသည့် အကြောင်းများရှိပါက အထူးဆုံးဖြတ်ချက်ဖြင့် ကုမ္ပဏီက အစုရှယ်ယာများကို ပြန်လည်ဝယ်ယူနိုင်ပါသည်။ သာမန်အခြေအနေမျိုးတွင် ကုမ္ပဏီက အစုရှယ်ယာများကို ပြန်မဝယ်ယူပါ။