အဋ္ဌမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး
အဋ္ဌမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ အဋ္ဌမအကြိမ်မြောက် အစုရှယ်ယာရှင်များ၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်၊ တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးတွင် ဖြစ်ပွားလျက်ရှိသော COVID-19 ကပ်ရောဂါအခြေအနေကြောင့် ရောဂါကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်၊ လမ်းညွှန်ချက်များ၊ ဒေသဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အစည်းအဝေးကို အွန်လိုင်း Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို နံနက် ၁၀:၀၀ နာရီတွင် စတင်ခဲ့ပြီး သဘာပတိအဖြစ် အထွေထွေမန်နေဂျာ ဦးကျော်ဇေယျမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် အစုရှယ်ယာရှင်များအား ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ စိုင်းခိမ်ခမ်းမှ အမှာစကားပြောကြားခဲ့ပြီး၊ စိုင်းအုန်းမြင့် (အုပ်ချုပ်မှုဒါရိုက်တာ)မှ [...]