ရှမ်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း နှင့် ပြည်နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များသည် ၂၇.၈.၂၀၂၀ ရက်နေ့တွင်မူဆယ်မြို့သို့ရောက်ရှိခဲ့ပြီး မူဆယ်မြို့စည်ပင်သာယာရေးကော်မတီနှင့် အမြွှာစက်မှု လုပ်ငန်းလီမိတက်တို့ ပူးပေါင်းဆောင်ရွက်ထားသော ဟိုနောင်ရွာအနီးရှိ အမှိုက်စွန့်ပစ်နေရာအသစ်သို့ သွားရောက်စစ် ဆေးကြည့်ရှုခဲ့ပြီး မူဆယ်မြို့တွင်းသန့်ရှင်းရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ၂၈.၈.၂၀၂၀ရက်နေ့တွင် မင်္ဂလာမူဆယ်ရှိ ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ရုံးချုပ်တွင် ဝန်ကြီးနှင့်အဖွဲ့အား အမြွှာစက်မှုလုပ်ငန်းလီမိတက်မှ ဆောင်ရွက်လျက်ရှိသော မူဆယ်မြို့ ပုဂ္ဂလိက အမှိုက်နှင့်မိလ္လာသိမ်းဆည်းရေး ဝန်ဆောင်မှုလုပ်ငန်း၏ ဆောင်ရွက်ချက်များအား အမြွှာစက်မှုလုပ်ငန်းလီမိတက် ဥက္ကဋ္ဌ ဦးစိုင်းအုန်းမြင့်မှ PowerPoint ဖြင့် ရှင်းလင်းတင်ပြ၍ လမ်းညွှန်မှုများခံယူခဲ့ပါသည်။
အမြွှာစက်မှုလုပ်ငန်းလီမိတက်သည် အောင်မြင်မှုရရှိလျက်ရှိသော မူဆယ်မြို့ ပုဂ္ဂလိက အမှိုက်နှင့်မိလ္လာသိမ်းဆည်းရေးဝန်ဆောင်မှုလုပ်ငန်းအား အရှိန်အဟုန်မကျစေရေးနှင့် ပိုမိုအောင်မြင်တိုးတက်မှုရှိစေရေး ရေရှည်လုပ်ငန်းတစ်ခုဖြစ်သည့်အလျောက် သက်တမ်းပြည့်ရပ်တည်နိုင်ရေးတို့အတွက် စည်ပင်သာယာရေးဌာန၏ လမ်းညွှန်မှုနှင့် ပြည်သူလူထု၏ ဝိုင်းဝန်းကူညီမှုတို့နှင့်အတူ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။
