ဂရိတ်ဟော်ခမ်းသည် လမ်း၊ တံတား၊ ရေလှောင်တမံ၊ ရေအားလျှပ်စစ် စသည့် အခြေခံ အဆောက်အအုံ စီမံကိန်းများကို တည်ဆောက်ခြင်း၊ မြေတိုင်းခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ အခြေခံအဆောက်အအုံများ၏ အရည်အသွေး နှင့် ခံနိုင်ဝန်များကို ဓာတ်ခွဲ စစ်ဆေးခြင်း စသည်များကို ပင်မလုပ်ငန်းအဖြစ် ဆောင်ရွက်ပါသည်။ လုပ်ငန်းခွဲများအနေဖြင့် အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေးလုပ်ငန်း၊ အင်ဂျင်နီယာသုံး ပစ္စည်းကိရိယာများ ရောင်းဝယ်ရေးလုပ်ငန်း၊ အသင့်ဖျော်ကွန်ကရစ် ထုတ်လုပ်ခြင်းလုပ်ငန်း၊ ကွန်ကရစ် ဓာတ်အားတိုးဆေးရေ ထုတ်လုပ်ခြင်းလုပ်ငန်း၊ အဆောက်အအုံကြီးများ တည်ဆောက်ရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်ဆောင်ရွက်ပါသည်။
Leave A Comment