သတ္တမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး ကြေညာချက်

ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ သတ္တမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးအား အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အသိပေးကြေညာခြင်းနှင့် ဖိတ်ကြားခြင်း ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ သတ္တမအကြိမ်မြောက်နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ကျင်းပရန်အတွက် ယခုအချိန်တွင် ဖြစ်ပေါ်နေသာ COVID 19 ကပ်ရောဂါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးတွင်ဖြစ်ပွားလျက်ရှိရာ COVID 19 ကပ်ရောဂါ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်၊ လမ်းညွှန်ချက်များ၊ ဒေသဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မိမိတို့၏နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို (၂၀-၁၂-၂၀၂၀) ရက်နေ့၊ တနင်္ဂနွေနေ့တွင် Zoom Meeting (Online) ဖြင့် ကျင်းပပြုလုပ်မည်ပါကြောင်း ရပ်နီးရပ်ဝေးမှအစုရှယ်ယာရှင်များ ကြိုတင်သိရှိထားနိုင်ပါရန်နှင့် အစည်းအဝေးသို့ တက်ရောက်ချီးမြှင့်ပေးနိုင်ပါရန် လေးစားစွာဖြင့် အသိပေးဖိတ်ကြားအပ်ပါသည်။ ကျင်းပမည့်နေရက် - ၂၀-၁၂-၂၀၂၀ (တနင်္ဂနွေနေ့) ကျင်းပမည့်အချိန် [...]