ဂရိတ်ဟော်ခမ်းသည် အများပြည်သူ၏ စုပေါင်းမှုအင်အားဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ကုမ္ပဏီဖြစ်သည်နှင့်အညီ ရည်မှန်းချက်၊ မျှော်မှန်းချက်များအတိုင်း ဆောင်ရွက်နေပြီး၊ တစ်ဖက်တွင်လည်း အများပြည်သူအတွက် လူမှုဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိမ်းလန်းစိုပြေသော သဘာဝဝန်းကျင် ဖြစ်ပေါ်လာရေးတို့အား တတ်အားသရွေ့ အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ဤကဲ့သို့ လူမှုဝန်းကျင်နှင့် သဘာဝဝန်းကျင် ပူးပေါင်းတာဝန်ယူမှုများ ဆောင်ရွက်ရာတွင် ကုမ္ပဏီ၏မူဝါဒများအရ ပညာရေးသည် ပထမဦးစားပေး၊ ကျန်းမာရေးသည် ဒုတိယဦးစားပေးနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးသည် တတိယဦးစားပေး အနေဖြင့် ကဏ္ဍ ၃ ရပ်အား ဦးစားပေးမှုအဆင့်အလိုက် ကူညီပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိသည်။

ပညာရေး

လူမှုဝန်းကျင် ပူးပေါင်းတာဝန်ယူမှုတွင် ပညာရေးကို ပထမဦးစားပေးအဖြစ်ဖြင့် ပါဝင်ကူညီသည်။ အခြေခံပညာ သင်တန်းကျောင်းများသို့ သင်တန်းအထောက်အကူ ပစ္စည်းများ ထောက်ပံ့ခြင်း မှအစ ကျောင်းဆင်းခါစ ကျောင်းသားကျောင်းသူများကို internship ပေးခြင်းများအထိ ဆောင်ရွက်လျက်ရှိပါသည်။

ကျန်းမာရေး

လူမှုဝန်းကျင် ပူးပေါင်းတာဝန်ယူမှုတွင် ဒုတိယဦးစားပေးကဏ္ဍမှာ ကျန်းမာရေးဖြစ်သည်။ ဒေသအတွင်း လိုအပ်သော ကျန်းမာရေး အထောက်အပံ့များကို ထောက်ပံ့ခြင်းမှအစ ဆေးရုံ ဆေးခန်းများ တည်ဆောက်ခြင်းတွင် အခမဲ့ ဒီဇိုင်းရေးဆွဲခြင်းများအထိ ဆောက်ရွက်ပေးနိုင်ခဲ့သည်။

အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး

လူမှုဝန်းကျင် ပူးပေါင်းတာဝန်ယူမှု၏ တတိယဦးစားပေးကဏ္ဍမှာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးပင်ဖြစ်သည်။ မိမိတို့၏ တတ်သိကျွမ်းကျင်သော ပညာရပ်ဖြင့် ဒေသအတွင်း လိုအပ်သော အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းစသည်များကို ဆောက်ရွက်ပေးပါသည်။

စာသင်ကျောင်းများသို့ ကျောင်းသုံးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း

မူဆယ်မြို့နယ်၊ ၁၀၅-မိုင် ကုတင် ၁၀၀၀ ဆန့် ကိုဗစ်စင်တာအတွက် ဒီဇိုင်းရေးဆွဲပေးခြင်း

မူဆယ်မြို့နယ်၊ ကောင်းခါးကျေးရွာ အခြေခံပညာ မူလတန်းကျောင်း ချဉ်းကပ်လမ်း တည်ဆောက်ခြင်း

လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်ပေါ် ပူးပေါင်းတာဝန်ယူမှုများနှင့် ပတ်သက်၍ လုပ်ငန်း၏ နှစ်စဉ်အကျိုးအမြတ်များပေါ် ချိန်ထိုးပြီး ဦးစားပေးမှုများနှင့် ထောက်ပံ့မှုများကို ကုမ္ပဏီ၏ လူမှုဝန်းကျင်းနှင့် သဘာဝပတ်ဝန်းကျင် ပူးပေါင်းတာဝန်ယူမှုကော်မတီမှ စီစဉ်ဆုံးဖြတ် ဆောင်ရွက်ပါသည်။ အကျိုးအမြတ် များလျှင် များသည့်အလျောက် လူမှုဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင်တို့အတွက် ထောက်ပံ့မှုများ ပိုမိုဆောင်ရွက်နိုင်ပြီး လုပ်ငန်းအကျိုးအမြတ် နည်းသော၊ သို့မဟုတ် လုပ်ငန်းအကျိုးအမြတ် မရှိသော နှစ်မျိုးတွင်မူ ထောက်ပံ့မှုများကို အနည်းအကျဉ်းသာ ဆောင်ရွက်နိုင်ပါသည်။

လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် ပူးပေါင်းတာဝန်ယူမှုတွင် ကုမ္ပဏီက ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဟူ၍ ဦးစားပေး ကဏ္ဍအားဖြင့် သုံးခုခွဲထားသော်လည်း မီးဘေးသင့် ပြည်သူများအား ကူညီခြင်း၊ ရေဘေးသင့် ပြည်သူများအား ကူညီခြင်း၊ စစ်ဘေးရှောင် ပြည်သူများအား ကူညီခြင်း စသည်ဖြင့် လက်တွေ့တွင် ကုမ္ပဏီမှ ပါဝင်ထောက်ပံ့ပေးခဲ့သော ခေါင်းစဉ်များသည် ထိုထက် များပြားပါသည်။

လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်တို့အတွက် ကုမ္ပဏီမှ နှစ်စဉ် ပါဝင် တာဝန်ယူမှုများ၏ အသေးစိတ်စာရင်းကို နှစ်စဉ် အစီရင်ခံစာ စာအုပ်တွင် ကြည့်ရှုနိုင်ပါသည်။ အောက်တွင် ဖော်ပြထားသည်မှာ လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်တို့အတွက် ကုမ္ပဏီမှ နှစ်စဉ် ပါဝင် တာဝန်ယူမှုများ၏ ငွေပမာဏ အကျဉ်းချုပ်ဖြစ်ပါသည်။ (ငွေအင်အားဖြင့် မဟုတ်ဘဲ လူအင်အား၊ ဉာဏ်အင်အား၊ ပညာအင်အားဖြင့် ကူညီမှုများလည်း များစွာရှိပါသည်။) –

နှစ်စဉ် လူ့မှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် ဝိုင်းဝန်းပံ့ပိုးမှုများ