မူဆယ် ဗဟိုစီးပွားရေးဇုန် စီမံကိန်း

၂၀၁၃ – ၂၀၁၄ ဘဏ္ဍာရေးနှစ်သည် နယူးစတားလိုက် ဆောက်လုပ်ရေးကုမ္ပဏီလီမီတက်မှ ရင်းနှီးမြှုပ်နှံသည့် ၂၈၈.၀၆၃ ဧက အကျယ်အဝန်းရှိသည့် မူဆယ်မြို့ ၊ ဗဟိုစီးပွားရေးဇုန် စီမကိန်းကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် နှစ်ဖြစ်သည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့နှင့် နယ်ခြားဆက်စပ်နေသည့် အဆိုပါ မူဆယ် ဗဟိုစီးပွားရေးဇုန် စီမံကိန်း၏ အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းပိုင်းကို ဂရိတ်ဟော်ခမ်းက ပင်မကန်ထရိုက်တာ အဖြစ်ဖြင့် တာဝန်ယူ ဆောင်ရွက်ပါသည်။
မူဆယ် ဗဟိုစီးပွားရေးဇုန် စီမံကိန်းသည် ဇုန်အားဖြင့် ၆ ဇုန် ခွဲထားပါသည်။ ယင်းတို့မှာ
- စီးတီးစင်တာဇုန် (New City Center Zone)
- အများပြည်သူဆိုင်ရာဇုန် (Public Facility Zone)
- ကူးသန်းရောင်းဝယ်ရေးဇုန် (Commercial District Zone)
- ဗီလာဇုန် (Villa Zone)
- အထက်တန်း လူနေအိမ်ရာဇုန် (Luxurious Residential Development Zone)
- အပန်းဖြေနှင့် ဟိုတယ် (Recreation and Resort Zone) ဟူ၍ဖြစ်သည်။
အထက်ပါ စီမံကိန်းကို ဇုန်အလိုက်၊ လုပ်ငန်းအပိုင်းလိုက်ဖြင့် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
လူနေအိမ် တည်ဆောက်ရေး စီမံကိန်းများ
၂၀၁၃ – ၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်းတွင် အထက်ပါ မူဆယ်မြို့ ဗဟိုစီးပွားရေးဇုန် စီမံကိန်း၏ အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းအပြင် လူနေအိမ် တည်ဆောက်ခြင်း လုပ်ငန်းများကိုလည်း လက်ခံဆောင်ရွက်ခဲ့ပါသည်။ ဆောင်ရွက်ခဲ့သည် လူနေအိမ် တည်ဆောက်ခြင်း လုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်သည် –
ရွှေသမင်ခန်းမ၊ ဟိုမွန်ရပ်ကွက်၊ မူဆယ်မြို့

၄၅-ကုန်း လူငယ်ဇရပ်၊ ဟိုမွန်ရပ်ကွက်၊ မူဆယ်မြို့

ဦးစိုင်းအောင်လိတ်နေအိမ်၊ နောင်ရမ်းကျေးရွာ၊ မူဆယ်

အခြေခံပညာမူလတန်းကျောင်း၊ တော်ရွက်ရပ်ကွက်၊ မူဆယ်မြို့
