ၸွင်ႇၶွမ်ႇပၼီႇ ႁွင်ႉၽူႈႁၢပ်ႇၵၢၼ် ထႅင်ႈၶႃႈႁိုဝ်?

ဢိင်ၼိူဝ် ၼႃႈၵၢၼ်တႃငၢၼ်း ၶွမ်ႇပၼီႇသေ ႁဝ်းၶႃႈ ႁွင်ႉၽူႈႁၢပ်ႇၵၢၼ်မႂ်ႇ ပဵၼ်မိူဝ်ႈပဵၼ်ပွၵ်ႈၶႃႈယဝ်ႉ။ သင်ၸိူဝ်ႉဝႃႈ ၶႂ်ႈႁူမ်ႈမိုဝ်း ၶွမ်ႇပၼီႇႁဝ်းၶႃႈသေ ႁဵတ်းၵၢၼ်ၸိုင် တိတ်းတေႃႇမႃးတၢင်း ၾဵတ်ႉပုၵ်ႉၶွမ်ႇပၼီႇၵေႃႈလႆႈ၊ ဢမ်ႇၼၼ် ၶဝ်ႈမႃးထၢမ်တူၺ်း တီႈႁွင်ႈၵၢၼ် ၽၢႆႇဢဵၼ်ႁႅင်းၵူၼ်း တီႈလုမ်းႁဝ်းၶႃႈၵေႃႈ လႆႈယူႇယဝ်ႉ။

ဂရိတ်ဟော်ခမ်းက ဘာလုပ်ငန်းတွေ ဆောင်ရွက်သလဲ

ဂရိတ်ဟော်ခမ်းသည် လမ်း၊ တံတား၊ ရေလှောင်တမံ၊ ရေအားလျှပ်စစ် စသည့် အခြေခံ အဆောက်အအုံ စီမံကိန်းများကို တည်ဆောက်ခြင်း၊ မြေတိုင်းခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ အခြေခံအဆောက်အအုံများ၏ အရည်အသွေး နှင့် ခံနိုင်ဝန်များကို ဓာတ်ခွဲ စစ်ဆေးခြင်း စသည်များကို ပင်မလုပ်ငန်းအဖြစ် ဆောင်ရွက်ပါသည်။ လုပ်ငန်းခွဲများအနေဖြင့် အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေးလုပ်ငန်း၊ အင်ဂျင်နီယာသုံး ပစ္စည်းကိရိယာများ ရောင်းဝယ်ရေးလုပ်ငန်း၊ အသင့်ဖျော်ကွန်ကရစ် ထုတ်လုပ်ခြင်းလုပ်ငန်း၊ ကွန်ကရစ် ဓာတ်အားတိုးဆေးရေ ထုတ်လုပ်ခြင်းလုပ်ငန်း၊  အဆောက်အအုံကြီးများ တည်ဆောက်ရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်ဆောင်ရွက်ပါသည်။

ဂရိတ်ဟော်ခမ်းထဲသို့ အစုရှယ်ယာ ထည့်လို့ ရသလား

လက်ရှိတွင် ဂရိတ်ဟော်ခမ်းထဲသို့ အစုရှယ်ယာအဖြစ် တိုက်ရိုက်ထည့်၍ မရသေးပါ။ ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ်တစ်ခုခုရှိခြင်းကြောင့် ရင်းနှီးမြှုပ်နှံငွေ လိုအပ်လျှင် သက်ဆိုင်ရာ အစိုးရဌာနများ၏ ခွင့်ပြုချက် ရရှိပြီးမှသာ အစုရှယ်ယာ အသစ်များကို ထုတ်ရောင်းနိုင်ခွင့်ရှိသည်။ သို့သော် ကုမ္ပဏီ၏ လက်ရှိအစုရှယ်ယာရှင်တစ်ဦးဦးထံမှ အစုရှယ်ယာများကို အချင်းချင်း သဘောတူညီမှုရရှိလျှင် ကုမ္ပဏီအနေဖြင့် ရှယ်ယာပိုင်ဆိုင်မှု အမည်အား ကူညီလွှဲပြောင်းပေးပါသည်။

Go to Top