ဝမ်းနည်းကြောင်းသဝဏ်လွှာ

ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်တွင် ၂၀၁၄ မှ ၂၀၁၈ ခုနှစ်များအတွင်း ကုမ္ပဏီ၏ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးစိုင်းလင်းပန်သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့၊ နံနက် (၅:၁၅) နာရီအချိန်တွင် မန္တလေးမြို့နေအိမ်၌ ကွယ်လွန်အနိစ္စရောက်သွားကြောင်း သိရှိရပါသည်။

ဦးစိုင်းလင်းပန်သည် ဂရိတ်ဟော်ခမ်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်တွင် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တွင် ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင် ကုမ္ပဏီ၏ လွတ်လပ်ဒါရိုက်တာနှင့် စာရင်းစစ်ကော်မတီအဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ကုမ္ပဏီ၏ စွန့်ဦးတည်ထောင်သူအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါသည်။

လောကဓမ္မ သင်္ခါရတရားအရ မလွန်ဆန်နိုင်သော အနိစ္စသဘောကြောင့် ဦးစိုင်းလင်းပန်ကွယ်လွန်ခဲ့ခြင်းအပေါ် ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်အနေဖြင့် မိသားစုဝင်များနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲ ရပါကြောင်းနှင့် ကောင်းရာသုဂတိဘုံဘဝသို့ ရောက်ရှိပါစေကြောင်း ဆုတောင်းလျက် ဤဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မိသားစု

“ စိုင်းလင်းပန်သည် ဂရိတ်ဟော်ခမ်းကုမ္ပဏီ၏ စွန့်ဦးတည်ထောင်သူများထဲမှ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။”