မင်္ဂလာပါ

ဤစာမျက်နှာတွင် ဂရိတ်ဟော်ခမ်း၏ လိုဂိုအပါအဝင် ကုမ္ပဏီ၏ အခြားကိုယ်ပိုင်အမှတ်အသားများကို အသုံးပြုမှုများတွင် လမ်းညွှန်ချက်များကို ဖော်ပြထားပါသည်။ ဌာနဆိုင်ရာများသို့ဖြစ်စေ၊ အခြားသော ကုမ္ပဏီများနှင့် လုပ်ငန်းများသို့ဖြစ်စေ၊ ကုမ္ပဏီတွင်း အချင်းချင်းဖြစ်စေ ဆက်သွယ်မှု၊ ဆက်ဆံမှုနှင့် ပြန်ကြားမှုများအတွက် ကုမ္ပဏီ၏ ကိုယ်ပိုင်အမှတ်တံဆိပ်များကို အသုံးပြုရာတွင် လွယ်ကူရှင်းလင်းသော လမ်းညွှန်ချက်များဖြစ်သည်။ ကုမ္ပဏီ၏ ဝန်ထမ်းများနှင့် ဂရိတ်ဟော်ခမ်း၏ ကိုယ်ပိုင်အမှတ်တံဆိပ်များကို အသုံးပြုသူများ အားလုံးသည် ဤအမှတ်တံဆိပ် အသုံးပြုမှု ဒီဇိုင်းလမ်းညွှန်အတိုင်း တိကျစွာ လိုက်နာရမည်ဖြစ်သည်။ သို့မှသာ လိုအပ်သော ဒီဇိုင်းပိုင်းဆိုင်ရာ လိုက်လျောညီထွေမှုကို ရရှိမည်ဖြစ်သည်။

လိုဂို၏ အရောင်ကုဒ် သတ်မှတ်ချက်များ

PANTONE 1788 C
CMYK C: 0 M: 95 Y: 89 K: 0
RGB R: 238, G: 46, B: 47
PANTONE 394 C
CMYK C: 8 M: 0 Y: 87 K: 0
RGB R: 244, B: 237, B: 60
PANTONE 7455 C
CMYK C: 90 M: 65 Y: 0 K: 0
RGB R:29, G:97, B: 174

လိုဂို အမှတ်တံဆိပ်

စည်းလုံးသော၊ ကျွမ်းကျင်ပိုင်နိုင်သော၊ ဒေသခံ ပိသုကာဒီဇိုင်းကို တန်ဖိုးထားသော၊ နွေးထွေးသော၊ ခိုင်မာသော၊ ယုံကြည်အားထားနိုင်သော ပုံရိပ်ကို ထင်ဟပ်စေပါသည်။

အရောင်

ဂရိတ်ဟော်ခမ်း လိုဂိုတွင် အရောင်အားဖြင့် အနီ၊ အဝါ၊ အဖြူနှင့် အောက်ခံစာလုံး အပြာရောင်တို့ဖြင့် ပေါင်းစပ်ထားသည်။

  • အနီရောင်သည် တက်ကြွနိုးကြားမှု၊ ရဲစွမ်းသတ္တိရှိမှု၊ လှုပ်ရှားမှု၊ စိတ်ဆန္ဒနှင့် ခွန်အားပြည့်ဖြိုးမှု၊ ကံကောင်းမှု၊ လာဘ်လာဘ ဖော်ဆောင်နိုင်မှုများကို ဖော်ညွှန်းပါသည်။
  • အဝါရောင်သည် ဖော်ရွေမှု၊ အကောင်းမြင်မှု၊ ပျော်ရွှင်မှု၊ နွေးထွေးမှု၊ ပညာဉာဏ် ကျွမ်းကျင်မှု၊ ဂုဏ်အသရေရှိမှုတို့ကို ဖော်ညွှန်းပါသည်။
  • အဖြူရောင်သည် ရိုးသားမှု၊ ပွင့်လင်းမြင်သာမှု၊ သန့်ရှင်းစင်ကြယ်မှုနှင့် ငြိမ်းချမ်းမှုတို့ကို ဖော်ညွှန်းပါသည်။
  • အပြာရောင်သည် ယုံကြည်စိတ်ချနိုင်မှု၊ အားကိုးအားထားနိုင်မှု၊ တာဝယူမှု၊ တာဝန်ခံမှု၊ ခိုင်မာမှုနှင့် လုံခြုံမှုများကို ဖော်ညွှန်းပါသည်။

ပုံသဏ္ဌာန်

  • အဝန်းအဝင်းပုံသဏ္ဌာန်သည် အမှောင်ရိပ်ကို ဖြိုခွင်းပြီး နွေးထွေးဓာတ်ကို ပေးစွမ်းနိုင်သော တက်သစ်စ နေဝန်းကို ရည်ညွန်းပါသည်။
  • အမိုးပုံသဏ္ဌာန်သည် ရှမ်းပိသုကာ ဒီဇိုင်းပုံစံ သို့မဟုတ် ရွှေနန်းတော်၏ အမိုးပုံသဏ္ဌာန်ကို ရည်ညွှန်းပါသည်။
  • လိုဂို အောက်ပိုင်းရှိ လေးထောင့်ပုံသဏ္ဌာန်သည် ခိုင်မာသော အခြေခံအုပ်မြစ်ကို ရည်ညွှန်းပါသည်။
  • HOR KHAM သည် ရှမ်းဘာသာစကား အသံထွက်ဖြင့် ရေးထားသော ဝေါဟာရဖြစ်ပြီး ရွှေနန်းတော် ဟု အဓိပ္ပါယ်ရပါသည်။

ဂရိတ်ဟော်ခမ်း၏ လိုဂိုအပါအဝင် လုပ်ငန်းအမှတ်တံဆိပ် အသုံးပြုမှု စည်းမျဉ်းစည်းကမ်းကို အောက်ပါလင့်ခ်တွင် pdf ဖိုင်ဖြင့် ဒေါင်းလုတ် ရယူနိုင်ပါသည်။