Zone 4-B လမ်းတာဘောင်တည်ဆောက်ခြင်းလုပ်ငန်း
မူဆယ်ဗဟိုစီးပွားရေးဇုန်စီမံကိန်းသည် နယူးစတားလိုက်ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ ရင်းနှီးမြှုပ်နှံသည့် စီမံကိန်းတစ်ခုဖြစ်ပါသည်။ စီမံကိန်းအတွင်း ပင်မဇုန်များ ၏ အခြေခံအဆောက်အအုံပိုင်းများကို အားလုံးနီးပါးဖော်ဆောင်ခဲ့ပြီး လူနေအိမ်ရာအပိုင်းများဖြစ်သည့် Villa Zone များကိုမူ အခြေအနေအရပ်ရပ်၏ တောင်းဆိုချက်များနှင့်အညီ တစ်ဆင့်ချင်းအကောင်အထည်ဖော်ခဲ့ရာတွင် ဤနှစ်အတွင်း ၁၈ ဧကကျယ်ဝန်းသည့် Zone 4-B ကို ဆောင်ရွက်ခဲ့ပါသည်။ Zone 4-B အတွင်း ဖော်ဆောင်ခဲ့သည့် လမ်းပိုင်းဆိုင်ရာ လုပ်ငန်းများအနက် ဂရိတ်ဟော်ခမ်းသည် ကန်ထရိုက်တာအနေဖြင့် လမ်းတာဘောင်အတွက် လိုအပ်သည့်ဖို့မြေများအား တူးဖော်သယ်ပို့သည့်လုပ်ငန်း၊ လမ်းတာဘောင်တည်ဆောက်ခြင်းလုပ်ငန်း၊ Cement Stabilized ခင်းခြင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခဲ့ရပါသည်။
မြေတူးဖော်သယ်ပို့သည့်လုပ်ငန်းတွင် မြေတူးတင်ခြင်း၊ သတ်မှတ်နေရာသို့ သယ်ပို့ခြင်းအပြင် Borrow Soil Yard သို့ ခန့်မှန်းလမ်းအရှည် ၀.၆၂ မိုင်ရှိ ယာယီချဉ်းကပ်လမ်း ဖောက်လုပ်ခြင်းတို့ပါဝင်သည်။ လမ်းတာဘောင်တည်ဆောက်ခြင်းလုပ်ငန်းတွင် မြေဖြတ်ခြင်း၊ မြေဖို့ခြင်း၊ မြေဖြန့်ခြင်း၊ မြေညှိခြင်း၊ မြေကြိတ်ခြင်း၊ စသည်တို့ကို လမ်းအတွက် သတ်မှတ် CBR ရရှိစေရန် တစ်လွှာချင်း အဆင့်လိုက် စနစ်တကျဆောင်ရွက်ခြင်း ဖြစ်ပါသည်။ Cement Stabilized ခင်းခြင်းလုပ်ငန်းတွင်မူ ဂရိတ်ဟော်ခမ်းအနေဖြင့် သယ်ပို့ခြင်းနှင့် ခင်းခြင်းတို့ကိုသာ ဆောင်ရွက်ခဲ့ပြီး ဖျော်စပ်ထုတ်လုပ်သည့်အပိုင်းကိုမူ Muse Concrete Group of Companies (MCGC) မှ ဆောင်ရွက်ခြင်းဖြစ်ပါသည်။
လုပ်ငန်းဆိုင်ရာအချက်အလက်များ
စီမံကိန်းအမည် | မူဆယ်ဗဟိုစီးပွားရေးဇုန်စီမံကိန်း |
---|---|
• ရင်းနှီးမြှုပ်နှံသူ | နယူးစတားလိုက် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် |
• လုပ်ငန်းအမျိုးအစား | လမ်းတာဘောင်တည်ဆောက်ခြင်းလုပ်ငန်း |
• သယ်ပို့သည့်မြေကြီးပမာဏ | ၄၉၀၀ ကျင်း |
• မြေကြီးသယ်ပို့သည့်အကွာအဝေး | ၄.၈၁ မိုင် |
• လမ်းတာဘောင်တည်ဆောက်ခြင်းလုပ်ငန်းပမာဏ | ၅၅၀၇ ကျင်း |
• Cement Stabilized ခင်းခြင်းလုပ်ငန်းပမာဏ | ၃၁၀၀ ကုဗမီတာ |