ဝမ်းနည်းကြောင်း သဝဏ်လွှာ

ဝမ်းနည်းကြောင်းသဝဏ်လွှာ ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ ပြင်ပစာရင်းစစ်ကုမ္ပဏီ Top Sein Win & Associate Consulting Ltd ၏ တည်ထောင်သူ ဆရာဦးစိန်ဝင်း (၇၃ နှစ်) သည် ၂၇.၇.၂၀၂၁ ရက်နေ့တွင် ကွယ်လွန်အနိစ္စရောက်ရှိကြောင်း ကြားသိရပါသည်။ ဆရာဦးစိန်ဝင်းသည် ရန်ကုန်စတော့အိတ်စ်ချိန်း၏ စတော့ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက် အားပေးကူညီခဲ့သူဖြစ်ပြီး ဂရိတ်ဟော်ခမ်းတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ ပြင်ပစာရင်းစစ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကုမ္ပဏီ၏လုပ်ငန်းများအား စေတနာရှေ့ထား၍ အစဉ်တစိုက် အကြံပေးလမ်းညွှန်ကူညီခဲ့ပါသည်။ ကုမ္ပဏီ၏မိသားစုဝင်ကဲ့သို့သော ပညာရှင်တစ်ဦးအား ထာဝရဆုံးရှုံးခွဲခွာခဲ့ရသောကြောင့် ကုမ္ပဏီ၏ BOD အဖွဲ့ဝင်များ၊ ဒါရိုက်တာများ၊ ဌာနခေါင်းဆောင်များနှင့် ဝန်ထမ်းများအားလုံးမှ ဆရာဦးစိန်ဝင်း၏ မိသားစုများနှင့် ထပ်တူဝမ်းနည်းကြေကွဲမှု ဖြစ်ခဲ့ရပါသည်။ ဆရာဦးစိန်ဝင်း အေးချမ်းစွာဖြင့် မြင့်မြတ်ကောင်းမွန်သော ဘုံဘဝသို့ ရောက်ပါစေကြောင်း [...]