ဝမ်းနည်းကြောင်းသဝဏ်လွှာ

ဝမ်းနည်းကြောင်းသဝဏ်လွှာ ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ အကြံပေးကော်မတီ အဖွဲ့ဝင် ဆရာကြီး ဦးအောင်သင်း (၇၂ နှစ်) သည် ၃၁.၇.၂၀၂၁ ရက်နေ့တွင် ကွယ်လွန် အနိစ္စ ရောက်ရှိကြောင်း ကြားသိရပါသည်။ ဆရာကြီး ဦးအောင်သင်းသည် အစိုးရ ဝန်ထမ်းသက်တမ်း တလျှောက်တွင် ဆည်မြောင်းဦးစီးဌာန၌ ဦးစီးအရာရှိ (ဘူမိဗေဒ) အဖြစ် ၂၃ နှစ်၊ ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာန၌ လက်ထောက် ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးတို့အဖြစ် ၁၃ နှစ် စသည်ဖြင့် ကာလရှည်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အင်ဂျင်နီယာ ဘူမိဗေဒ ကဏ္ဍများတွင် လုပ်ငန်းခွင် ဗဟုသုတနှင့် အတွေ့အကြုံ များစွာရှိခဲ့ပါသည်။ ဂရိတ်ဟော်ခမ်းတွင် ၂၀၁၃ ခုနှစ်မှစ၍ ဘူမိဗေဒဆိုင်ရာ အင်ဂျင်နီယာ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး [...]