ဂရိတ်ဟော်ခမ်းသည် ရန်ကုန်စတော့အိတ်ချိန်း အရင်းအနှီးဈေးကွက်တွင် စာရင်းမဝင်သေးခြင်းကြောင့် မိမိပိုင်ဆိုင်ထားသော ဂရိတ်ဟော်ခမ်း၏ အစုရှယ်ယာများကို တရားဝင် ရောင်းထုတ်၍ မရနိုင်သေးပါ။ မိမိ၏ အသိ မိတ်ဆွေများအချင်းချင်း အလွှဲအပြောင်း အရောင်းအဝယ် ပြုလုပ်ရာတွင်မူ ကုမ္ပဏီက အဆိုပါ အစုရှယ်ယာများကို အမည်စာရင်း ပြောင်းလဲ မှတ်ပုံတင်ပေးပါသည်။