Error message

Deprecated function: The each() function is deprecated. This message will be suppressed on further calls in menu_set_active_trail() (line 2405 of /homepages/32/d401354840/htdocs/GHK_Update_2016/includes/menu.inc).

အုတ်တံတိုင်း ဆောက်လုပ်လှူဒါန်းခြင်း

ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်သည် ရေရှည်တည်တံ့သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်သို့ လျှောက်လှမ်းရင်း တစ်ဖက်တွင်လည်း နိုင်ငံတော်နှင့် အများပြည်သူ အတွက် လူမှုဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ပူးပေါင်း တာဝန်ယူမှု လုပ်ငန်းများကို ရေးဆွဲထားရှိသော မူဝါဒနှင့်အညီ တတ်အားသ၍ ဖော်ဆောင်လျက် ရှိပါသည်။

သို့ဖြစ်သည်နှင့် အညီ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက် အတွင်းရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံး၏ ရုံးအဆောက်အအုံပိုင်း လိုအပ်ချက်အပေါ် တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးအနေဖြင့် ၉၂ ပေအရှည်ရှိ ရုံးဝင်း အုတ်တံတိုင်း ကာရံခြင်းနှင့်၊ ၁၄ ပေ x ၇ ပေ နှင့် ၁၀ ပေ x ၇ ပေ အတိုင်းအတာ အသီးသီးရှိသော ဝင်းတံခါး ၂ ချပ် တပ်ဆင် တည်ဆောက်ခြင်းတို့ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ အတွင်းက တည်ဆောက်ပေး နိုင်ခဲ့ပါသည်။ စုစုပေါင်းကုန်ကျမှု ကာလတန်ဖိုး (၆,၀၅၀,၀၀၀/-) ခြောက်ဆယ်သိန်း ငါးသောင်းကျပ်ရှိသော အဆိုပါ အုတ်တံတိုင်းနှင့် ဝင်းတံခါး တည်ဆောက်ပေးမှုကို ၂၀၁၈ ခုနှစ်၊ မေလ ၆ ရက်နေ့ နံနက်ပိုင်း ၉:၀၀ နာရီတွင် တည်ဆောက်မှုဆိုင်ရာ အချက်အလက်များနှင့် တကွ စွမ်စော်ရပ်ကွက်၊ ရပ်ရွာအုပ်ချုပ်ရေး အဖွဲ့ထံသို့ ပေးအပ် လှူဒါန်းခဲ့ပါသည်။

ကုမ္ပဏီကိုယ်စား လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် ပူးပေါင်း တာဝန်ယူမှု ကော်မတီ ဥက္ကဋ္ဌ၊ လွတ်လပ်ဒါရိုက်တာ စိုင်းညီဆာကလည်းကောင်း၊ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့ ကိုယ်စား ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုင်းအိုက်သန်းကလည်းကောင်း လှူဒါန်းခြင်းနှင့် လက်ခံခြင်း၊ ဂုဏ်ပြုလွှာ ပေးအပ်ခြင်းနှင့် လက်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

စွမ်စော်ရပ်ကွက်သည် နမ့်ပေါ် ရေအားလျှပ်စစ် စီမံကိန်း၏ တမံအောက်ပိုင်း ဧရိယာအတွင်း ဆက်စပ်တည်ရှိသည့် ရပ်ကွက်တစ်ခုဖြစ်သည်။ စီမံကိန်း တည်ဆောက်ခြင်းတွင် ကုမ္ပဏီက ရပ်ကွက်အတွင်းနေ ရပ်မိရပ်ဖများနှင့် ရပ်ရွာ ပြည်သူလူထု များထံမှ ကူညီပံ့ပိုးမှု များစွာကို ရရှိခဲ့ပါသည်။

နိဒါန်း နမ့်ပေါ် ရေအားလျှပ်စစ် စီမံကိန်းသည် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီလီမိတက်၏ လက်ရှိ