Error message

Deprecated function: The each() function is deprecated. This message will be suppressed on further calls in menu_set_active_trail() (line 2405 of /homepages/32/d401354840/htdocs/GHK_Update_2016/includes/menu.inc).

ရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်း

ရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်း၏ ရေလွှဲရေထုတ်ပြွန် သံကူကွန်ကရစ်သွန်းလောင်းခြင်းလုပ်ငန်း

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်မြို့၏ မြောက်ဖက် ၁၂ မိုင်ခန့်အကွာတွင် ဆောင်ရွက်လျက်ရှိသော   ရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်း၏ ရေလွှဲရေထုတ်ပြွန် သံကူကွန်ကရစ်သွန်းလောင်းခြင်း လုပ်ငန်းသည် ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းဖြစ်ပါသည်။

အဆိုပါလုပ်ငန်းအတွက် လုပ်ငန်းဆောင်ရွက်လိုသည့် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များအား နိုင်ငံပိုင် သတင်းစာများမှတဆင့် တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်ခဲ့ပြီး မိမိတို့ကုမ္ပဏီမှ တင်ဒါဝင်ရောက်တင်သွင်းရာ တွင် တင်ဒါပါ စည်းမျဉ်းသတ်မှတ်ချက်များနှင့် ကိုက်ညီပြီး တင်သွင်းလိုက်သည့် စျေးနှုန်းအဆိုပြုလွှာမှာလည်း သင့်လျော်လျောက်ပတ်မှုရှိသည့်အတွက် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခွင့် ရရှိခဲ့ပါသည်။ ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီလီမိတက်သည် အဆိုပါလုပ်ငန်းမှ သင့်တင့်သောအကျိုးအမြတ်များနှင့် လုပ်ငန်းအတွေ့အကြုံ ကောင်းများကို ရရှိခဲ့ပါသည်။

 

လုပ်ငန်းဆိုင်ရာအချက်အလက်များ
စီမံကိန်းအမည်ရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်း
စီမံကိန်းတည်နေရာမိုးမိတ်မြို့နယ်၊ ကျောက်မဲခရိုင်၊ ရှမ်းပြည်နယ်မြောက်ပိုင်း
တပ်ဆင်စက်အင်အား၁၀၅၀ မဂ္ဂါဝပ်
လုပ်ငန်းအမျိုးအစားရေလွှဲရေထုတ်ပြွန် သံကူကွန်ကရစ်သွန်းလောင်းခြင်းလုပ်ငန်း
လုပ်ငန်းအပ်နှံသူလျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ် (၂) တည်ဆောက်ရေး
လုပ်ငန်းဆောင်ရွက်သူဂရိတ်ဟော်ခမ်းအများပိုင်ကုမ္ပဏီလီမိတက်
လုပ်ငန်းကာလ၅ လ
လုပ်ငန်းစတင်သည့်နေ့၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်
လုပ်ငန်းပြီးစီးသည့်နေ့ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ  ၁၉ ရက်