Skip to main content
x

ဦးသိန်းရွှေ

ဦးသိန်းရွှေ
ဥပဒေအကြံပေး
ဆရာကြီးသည် ဧရာဝတီတိုင်း ဇလွန်မြို့နယ်တွင် စတုတ္ထတန်းကို အောင်မြင်ခဲ့ပြီး နိုင်ငံတော် အစိုးရထံမှ ပညာရည်ချွန်ဆု ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက် ပုသိမ် ကောလိပ်သို့ တက်ရောက်ခဲ့ပါသည်။ ရန်ကုန်ဝိဇ္ဇာ နှင့် သိပ္ပံ တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ပါသည်။
ဆရာကြီးသည် ၁၉၄၈ ခုနှစ်တွင် မှတ်ပုံတင် ဥပဒေကို တက်ရောက် အောင်မြင်ခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် အထက်တန်း ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ၁၉၉၀ ခုနှစ်တွင် တရားလွှတ်တော် ရှေ့နေဖြစ်ခဲ့ပြီးနောက် ယနေ့တိုင် တရားလွှတ်တော် ရှေ့နေအဖြစ် ဆောင်ရွက်နေဆဲ ဖြစ်ပါသည်။