Skip to main content
x

ဦးအောင်သင်း

ဦးအောင်သင်း
နည်းပညာအကြံပေး

ဆရာကြီးသည် ၁၉၇၁ ခုနှစ်တွင် မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်မှ ဘူမိဗေဒ သိပ္ပံဘွဲ့ကို ရရှိခဲ့ပါသည်။ ဆရာကြီးသည် ထိုင်းနိုင်ငံတွင် သင်ကြားပို့ချသော ရေအရင်းအမြစ် စီမံခန့်ခွဲမှု သင်တန်းကို ၁၉၉၈ ခုနှစ်တွင် လည်းကောင်း၊ အိန္ဒိယနိုင်ငံတွင် UNICEF ၏ ပံ့ပိုးမှုဖြင့် ကျင်းပသည့် အဆင့်မြင့် နည်းပညာ ကွန်ယက်ဖြင့် ချိတ်ဆက်ထားသော မြို့ပြ ဆိုင်ရာ အသင်းအဖွဲ့နှင့် ရေပေးဝေရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၀၀ ခုနှစ် တွင်လည်းကောင်း တက်ရောက်ခဲ့ရပါသည်။

ဆရာကြီးသည် အစိုးရဝ န်ထမ်းသက်တမ်း တလျှောက်တွင် ဆည်မြောင်း ဦးစီးဌာန၌ ဦးစီးအရာရှိ (ဘူမိဗေဒ)အဖြစ် ၂၃ နှစ်၊ ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာ၌ လက်ထောက် ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး တို့အဖြစ် ၁၃ နှစ် စသည်ဖြင့် ကာလရှည်ကြာ တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး အင်ဂျင်နီယာ ဘူမိဗေဒ ကဏ္ဍများတွင် လုပ်ငန်းခွင် ဗဟုသုတနှင့် အတွေ့အကြုံ များစွာရှိပါသည်။