Skip to main content
x

ရွှေလီ-၃ ရေအားလျှပ်စစ်စီမံကိန်း


ရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်း၏ ရေလွှဲရေထုတ်ပြွန် သံကူကွန်ကရစ်သွန်းလောင်းခြင်းလုပ်ငန်း

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်မြို့၏ မြောက်ဖက် ၁၂ မိုင်ခန့်အကွာတွင် ဆောင်ရွက်လျက်ရှိသော ရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်း၏ ရေလွှဲရေထုတ်ပြွန် သံကူကွန်ကရစ်သွန်းလောင်းခြင်း လုပ်ငန်းသည် ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းဖြစ်ပါသည်။

အဆိုပါလုပ်ငန်းအတွက် လုပ်ငန်းဆောင်ရွက်လိုသည့် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များအား နိုင်ငံပိုင် သတင်းစာများမှတဆင့် တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်ခဲ့ပြီး မိမိတို့ကုမ္ပဏီမှ တင်ဒါဝင်ရောက်တင်သွင်းရာ တွင် တင်ဒါပါ စည်းမျဉ်းသတ်မှတ်ချက်များနှင့် ကိုက်ညီပြီး တင်သွင်းလိုက်သည့် ဈေးနှုန်းအဆိုပြုလွှာမှာလည်း သင့်လျော်လျောက်ပတ်မှုရှိသည့်အတွက် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခွင့် ရရှိခဲ့ပါသည်။

ဂရိတ်ဟော်ခမ်းသည် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင်လည်း အဆိုပါ ရွှေလီ-၃ ရေအားလျှပ်စစ်စီမံကိန်း၏ သံကူကွန်ကရစ်သွန်းလောင်းခြင်းအတွက် တင်ဒါကို ဒုတိယအကြိမ် အောင်မြင်ခဲ့ပါသည်။

 

လုပ်ငန်းဆိုင်ရာအချက်အလက်များ
စီမံကိန်းအမည်ရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်း
စီမံကိန်းတည်နေရာမိုးမိတ်မြို့နယ်၊ ကျောက်မဲခရိုင်၊ ရှမ်းပြည်နယ်မြောက်ပိုင်း
တပ်ဆင်စက်အင်အား၁၀၅၀ မဂ္ဂါဝပ်
လုပ်ငန်းအမျိုးအစားရေလွှဲရေထုတ်ပြွန် သံကူကွန်ကရစ်သွန်းလောင်းခြင်းလုပ်ငန်း
လုပ်ငန်းအပ်နှံသူလျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ် (၂) တည်ဆောက်ရေး
ပထမကန်ထရိုက် လုပ်ငန်းကာလ၅ လ
လုပ်ငန်းစတင်သည့်နေ့၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်
ပထမကန်ထရိုက် လုပ်ငန်းကာလ၂ လ
လုပ်ငန်းစတင်သည့်နေ့၂၀၁၇ ခုနှစ်၊ ဇန္နဝါရီလ ၅ ရက်