Skip to main content
x

အမည်အဆိုပြုရေးနှင့် ခံစားခွင့်သတ်မှတ်ရေးကော်မတီ

အမည်အဆိုပြုရေးနှင့် ခံစားခွင့်သတ်မှတ်ရေးကော်မတီ

ကုမ္ပဏီတွင်းရှိ အရာရှိများ၏ စွမ်းဆောင်မှု အပေါ် မူတည်ပြီး ယင်းတို့အား သင့်လျော်သော ခံစားခွင့်များ သတ်မှတ်ပေးရန် အတွက် အမည်များကို ရွေးထုတ် အဆိုတင်သွင်းရန် လည်းကောင်း၊ ဒါရိုက်တာများ၊ ဒါရိုက်တာ အဖွဲ့ဥက္ကဋ္ဌ၊ အုပ်ချုပ်မှု ဒါရိုက်တာ တို့၏ ခံစားပိုင်ခွင့်များကို ပွင့်လင်းမြင်သာစွာ သတ်မှတ် ပေးနိုင်ရန်အတွက် လည်းကောင်း ဒါရိုက်တာ ဘုတ်အဖွဲ့မှ အမည် အဆိုပြုရေးနှင့် ခံစားခွင့် သတ်မှတ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပါသည်။

အမည် အဆိုပြုရေးနှင့် ခံစားခွင့်သတ်မှတ်ရေး ကော်မတီကို ၂-နှစ်တစ်ကြိမ် ပြန်လည် ရွေးချယ်ပါသည်။

၂ဝ၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်တွင် ဒါရိုက်တာ ဘုတ်အဖွဲ့က လွပ်လတ်ဒါရိုက်တာ ၃ ဦးနှင့် အမှုဆောင် ဒါရိုက်တာ ၁ ဦး ပါဝင်သည့် အမည် အဆိုပြုရေးနှင့် ခံစားခွင့် သတ်မှတ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပါသည်။ ၎င်းတို့မှာ -

၁။ စိုင်းထွန်းမြင့်- ကော်မတီဥက္ကဋ္ဌ
၂။ စိုင်းခိမ်ခမ်း- အဖွဲ့ဝင်
၃။ စိုင်းဆမ်မောင်- အဖွဲ့ဝင်
၄။ စိုင်းခွန်ကျော်- အဖွဲ့ဝင် တို့ဖြစ်သည်။

ဒါရိုက်တာဘုတ် အဖွဲ့သည် အမည် အဆိုပြုရေးနှင့် ခံစားခွင့် သတ်မှတ်ရေး ကော်မတီအား အောက်ပါ လုပ်ပိုင်ခွင့် နှင့် တာဝန် ဝတ္တရားများကို ဆောင်ရွက်ခွင့် ပေးထားပါသည်။

  1. ဒါရိုက်တာ၊ အုပ်ချုပ်မှု ဒါရိုက်တာနှင့် ဒါရိုက်တာ အဖွဲ့ ဥက္ကဋ္ဌ ရာထူးများ အတွက် အရည်အချင်း ရှိပြီး သင့်လျော်သည့် ပုဂ္ဂိုလ်အား ရွေးချယ်ရန် ဒါရိုက်တာ အဖွဲ့အား အဆိုပြု ကမ်းလှမ်းခြင်း၊
  2. ဒါရိုက်တာ၊ အုပ်ချုပ်မှု ဒါရိုက်တာနှင့် ဒါရိုက်တာ အဖွဲ့ ဥက္ကဋ္ဌ ရာထူးများ အတွက် ရွေးချယ်ရန် စည်းကမ်း သတ်မှတ်ချက် များကို အဆိုပြု ကမ်းလှမ်းခြင်း၊
  3. ဥက္ကဋ္ဌနှင့် ဒါရိုက်တာများ အတွက် ခံစားခွင့်များကို အဆိုပြု ကမ်းလှမ်းပြီး ရှယ်ယာရှင်များ နှစ်ပတ်လည် အထွေထွေ အစည်းအဝေးတွင် အတည်ပြုချက် ရယူခြင်း၊
  4. ဒါရိုက်တာဘုတ် အဖွဲ့မှ ပေးအပ်သည့် သင့်လျော်သော တာဝန်များကို ဆောင်ရွက်ခြင်း၊
  5. အဓိကကျသော စီမံခန့်ခွဲမှု အဖွဲ့ဝင်များ ခန့်အပ်ခြင်း နှင့် ထုတ်ပယ်ခြင်း တို့ဖြစ်သည်။
  6. ရအမည် အဆိုပြုရေးနှင့် ခံစားခွင့် သတ်မှတ်ရေး ကော်မတီသည် ၆ လ တစ်ကြိမ် ပုံမှန် အစည်းအဝေး ရှိသည်။ ထို့ပြင် လိုအပ်သည့် အတိုင်း ကော်မတီ ဥက္ကဋ္ဌမှ အရေးပေါ် အစည်းအဝေး ခေါ် နိုင်သည်။