Skip to main content
x

ကိုမာသင်

ကိုမာသင်
စီးပွားရေးဆိုင်ရာ အကြံပေး

ကိုမာသင်သည် အမေရိကန်နိုင်ငံ Brigham Yong (B.Y.U) စီးပွားရေးတက္ကသိုလ် မှ ရင်းနှီးမြှုပ်နှံမှုငွေကြေးဘာသာရပ် (Investment Finance) ဖြင့် ဘွဲ့ရခဲ့သည်။ အမေရိကန်နိုင်ငံ Bloomberg မှ ချီးမြင့်သော Forex, Commodity, Stocks (စတော့ရှယ်ယာဆိုင်ရာ) Certified လက်မှတ်ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်းရေးကော်မရှင် (SECM) မှ ပထမဆုံးချီးမြင့်သော Securities Representative လိုင်စင်ရရှိခဲ့သည်။

အမေရိကန် စတော့စျေးကွက်မှ Trading ပိုင်း အတွေ့အကြုံများ၊ နိုင်ငံတကာ ငွေကြေးစျေးကွက် Forex အတွေ့အကြုံများ၊ နယူးဇီလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ဟာဝိုင်ရီ အစရှိသော နိုင်ငံတကာ အတွေ့အကြုံများရှိပြီး မြန်မာနိုင်ငံ Securities ငွေချေးသက်သေခံ ကုမ္ပဏီကြီး တစ်ခုတွင် Investment Advisor ငွေကြေး ရင်းနှီးမြှုပ်နှံမှုပိုင်း ဆိုင်ရာ အကြံပေးအဖြစ် လုပ်ဆောင်ခဲ့သည်။

လက်ရှိတွင် စီးပွားရေးလုပ်ငန်း မဟာဗျူဟာ ချမှတ်မှုဆိုင်ရာများ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ စီးပွားဖြစ်ထွန်း တိုးတက်မှု အကြံပေးပုဂ္ဂိုလ် အဖြစ်လည်းကောင်း၊ ငွေကြေးနှင့် ရင်းနှီးမြှုပ်နှံမှု အကြံပေး အဖြစ်လည်းကောင်း အစိုးရ နှင့် ပုဂ္ဂလိက စီမံကိန်းများတွင် လုပ်ကိုင်လျက်ရှိပြီး အားလပ်ချိန်များတွင် စီးပွားရေး အသိပညာ ဆိုင်ရာ မျှဝေမှုများ ပြုလုပ်ခြင်း၊ စာပေ ရေးသားခြင်း နှင့် စာသင်ကြား ပို့ချခြင်းများကို လုပ်ဆောင်လျက်ရှိသည်။