Skip to main content
x

မစ္စတာ လျိုရှောက်ဖိန်

မစ္စတာ လျိုရှောက်ဖိန်
တရုတ်ပြည်ဆိုင်ရာ အကြံပေး

ဆရာကြီးသည် တရုတ်နိုင်ငံ Jiaotong မှ စက်မှု အင်ဂျင်နီယာ ဘွဲ့ကို ၁၉၉၇ ခုနှစ်တွင် ဆွတ်ခူးရရှိခဲ့သည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာ စီးပွားရေး လုပ်ငန်းနှင့် စီးပွားရေး တက္ကသိုလ်သို့ ၂၀၀၃ ခုနှစ် မှ ၂၀၀၈ ခုနှစ်အထိ တက်ရောက်ခဲ့ပါသည်။ ဆရာကြီးသည် အီတလီ အထူးပြု ဘာသာရပ် သင်တန်းကိုလည်း တက်ရောက် ပြီးစီးခဲ့ပြီး အီတလီ ဘာသာရပ်တွင် အထူးနှံ့စပ် တတ်ကျွမ်းသလို အင်္ဂလိပ်နှင့် တရုတ်ဘာသာရပ်ကိုလည်း ကောင်းမွန်စွာ အသုံးပြုနိုင်ပါသည်။ ကွန်ပျူတာ ပညာရပ်ဆိုင်ရာ နယ်ပယ် မျိုးစုံကိုလည်း လေ့လာခဲ့ဖူးသဖြင့် ကွန်ပျူတာ ကျွမ်းကျင်သူ တစ်ဦးလည်း ဖြစ်ပါသည်။

ဆရာကြီးသည် အေးရှားဝေါလ် ကုမ္ပဏီ လီမိတက်တွင် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှုဌာန မန်နေဂျာ အဖြစ်လည်းကောင်း၊ CHEMO IBERICA S.A. CHINA BRANCH ၏ အင်ဂျင်နီယာဌာနတွင် မန်နေဂျာ အဖြစ်လည်းကောင်း၊ ပီကင်း၏ လုပ်ငန်းလည်ပတ်မှု ကိုယ်စားလှယ် အရာရှိ၊ TECONOGAMMA SPA (Treviso-Italy) အတွက် သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနတွင် စက်မှု အင်ဂျင်နီယာအဖြစ် လည်းကောင်း၊ Officina Meccanica IF (Padova-Italy)၏ နည်းပညာ ဌာနတွင် စက်မှုအင်ဂျင်နီယာ အဖြစ်လည်းကောင်း အသီးသီး တာဝန် ထမ်းဆောင် ခဲ့ဖူးပါသည်။