Skip to main content
x

လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် ပူးပေါင်းတာဝန်ယူမှုကော်မတီ

လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် ပူးပေါင်းတာဝန်ယူမှုကော်မတီ

ဂရိတ်ဟော်ခမ်းသည် မိမိနှင့် အစုရှယ်ယာရှင်များ၏ အောင်မြင်ရေးနှင့် အကျိုးစီးပွား ဖြစ်ထွန်းရေး တစ်ခုတည်းကိုသာ ဦးတည်ပြီး စီးပွားရေးလုပ်ငန်း ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ လူမှု ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် တိုးတက်ကောင်းမွန်မှသာ စီးပွားလုပ်ငန်းများ ရေရှည်တည်တံ့မည်ဟု ယုံကြည်သည်။ ထို့ကြောင့် လူမှု အသိုက်အဝန်း နှင့် သဘာဝ ပတ်ဝန်းကျင်အား အနီးကပ် စောင့်ကြည့်လေ့လာပြီး ထိရောက်စွာ ပါဝင်ကူညီ ပံ့ပိုးနိုင်ရန် ဤကော်မတီကို ဖွဲ့စည်းရခြင်း ဖြစ်ပါသည်။

ဤလူမှုဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင် ပူးပေါင်းတာဝန်ယူမှု ကော်မတီကို ၂-နှစ်တကြိမ် ပြန်လည် ရွေးကောက်တင်မြောက်ပါသည်။

ဤကော်မတီတွင် ၂ဝ၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့အရ အောက်ပါ ပုဂ္ဂိုလ်များပါဝင်ပါသည်။ ယင်းတို့မှာ -

၁။ စိုင်းညီဆာ- ကော်မတီဥက္ကဋ္ဌ
၂။ စိုင်းအုန်းမြင့်- အဖွဲ့ဝင်
၃။ စိုင်းဆမ်မောင်- အဖွဲ့ဝင်
၄။ နန်းနွမ်ဆိုင်ယိင်း- အဖွဲ့ဝင် တို့ဖြစ်သည်။

လူမှုဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင် ပူးပေါင်း တာဝန်ယူမှု ကော်မတီသည် ၆-လ တစ်ကြိမ် ပုံမှန် အစည်းအဝေးရှိပြီး ဒါရိုက်တာဘုတ် အဖွဲ့မှ ပေးအပ်သည့် အောက်ပါ တာဝန်များကို ထမ်းဆောင်ပါသည်။

  1. လူမှုဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင်အတွက် ပိုမို ထိရောက် ကောင်းမွန်သော မူဝါဒ နှင့် လုပ်ထုံးလုပ်နည်း များကို ဒါရိုက်တာဘုတ် အဖွဲ့အား အကြံပြုခြင်း နှင့် ချမှတ်ခြင်း၊
  2. လူမှုဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင် ကူညီမှုတွင် အသုံးပြုမည့် နှစ်စဉ် ဘတ်ဂျက်လျာထားမှု ပမာဏကို ဒါရိုက်တာဘုတ် အဖွဲ့အား အဆိုပြုပြီး အတည်ပြုချက် ရယူခြင်း၊
  3. ချမှတ်ထားသည့် လူမှုဝန်းကျင် နှင့် သဘာဝ ပတ်ဝန်းကျင် ကူညီမှု ပန်းတိုင် ရောက်နိုင်စေရန် ဗျူဟာများ ချမှတ် လုပ်ဆောင်ခြင်း၊
  4. နှစ်စဉ် လူမှုဝန်းကျင် နှင့် သဘာဝ ပတ်ဝန်းကျင် ကူညီမှု ဆောင်ရွက်ချက်များကို နှစ်ပတ်လည် အစီရင်ခံစာတွင် ရေးသားဖော်ပြခြင်း၊
  5. ဒါရိုက်တာဘုတ် အဖွဲ့မှ ချမှတ်သည့် အခြား လုပ်ငန်း တာဝန်များကို ဆောင်ရွက်ခြင်း တို့ဖြစ်ပါသည်။