Skip to main content
x

ကုမ္ပဏီ အကြောင်းအရာများ

ခြုံငုံဖော်ပြချက်

ဂရိတ်ဟော်ခမ်းသည် ဆောက်လုပ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက်သည့် ဒေသခံ ရှေ့ဆောင်ကုမ္ပဏီကြီးများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ လမ်း၊ တံတားနှင့် အခြားသော အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ ဒီဇိုင်း ရေးဆွဲခြင်း၊ စီမံခန့်ခွဲခြင်း စသည်ဖြင့် ထောင့်စုံ ပညာရှင်များဖြင့် ဝန်ဆောင်မှုများ အပြည့်အဝ ဝန်ဆောင်မှု ပေးပါသည်။ တည်ဆောက်ရေး လုပ်ငန်းကဏ္ဍတွင် အကောင်းဆုံး လုပ်ထုံးလုပ်နည်းများကို အသုံးပြုပြီး လုပ်ဖော် ကိုင်ဖက်များအား အောင်မြင်သော စီမံကိန်း၊ စိတ်ကျေနပ်ဖွယ် ဝန်ဆောင်မှုများနှင့် အရည်အသွေးများ၊ အချိန်မီ ပြီးစီးမှုများကို ပေးစွမ်းနိုင်ပါသည်။ ကုမ္ပဏီ၏ ရုံးချုပ်သည် မြန်မာ-တရုတ် နယ်စပ်တွင် တည်ရှိခြင်းကြောင့် ကုန်သွယ်ရေး လုပ်ငန်းကဏ္ဍများကို တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။

ဂရိတ်ဟော်ခမ်း၏ လက်ရှိ ရင်းနှီးမြှုပ်နှံမှုမှာ ရေးအားလျှပ်စစ် စီမံကိန်းများနှင့် ကွန်ကရစ်ဆိုင်ရာ ထုတ်ကုန်များဖြစ်သည်။

ဂရိတ်ဟော်ခမ်းကို မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအောက်၌ အများပိုင်ကုမ္ပဏီအဖြစ် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဒေသခံ လုပ်ငန်းရှင်တစ်စုက စတင် တည်ထောင်ခဲ့သည်။ လက်ရှိတွင် ရာနှုန်းပြည့် မြန်မာ နိုင်ငံသားများပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး မူဆယ်၊ ရန်ကုန်နှင့် နေပြည်တော် မြို့များတွင် ရုံးခွဲများ ထားရှိပါသည်။

ဂရိတ်ဟော်ခမ်းတွင် များသောအားဖြင့် ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍတွင် နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံ ရှိသော စီမံကိန်း မန်နေဂျာများ၊ မြို့ပြ အင်ဂျင်နီယာများ၊ စက်မှု အင်ဂျင်နီယာများ နှင့် ပိသုကာ ပညာရှင်များ ရှိပါသည်။ လိုအပ်သော အချိန်တွင် အကူအညီနှင့် အကြံဉာဏ်များ ခံယူနိုင်ရန် စီးပွားရေးပိုင်း၊ နည်းပညာပိုင်းနှင့် ဥပဒေပိုင်းဆိုင်ရာ ဝါရင့် အကြံပေး ပုဂ္ဂိုလ်များလည်း ခန့်ထားပါသည်။

ယုံကြည်စိတ်ချရမှု : လုပ်ငန်းများကို ကတိကဝတ်အတိုင်းနှင့် မှန်ကန်မျှတသော နည်းလမ်းအတိုင်းသာ ဆောင်ရွက်ပါသည်။

ဖောက်သည်ဗဟိုပြုမှု : အရည်အသွေး ကောင်းမွန်သော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဖြင့် ဖောက်သည်များ၏ လိုအပ်ချက်အတိုင်း ဆောင်ရွက်ပါသည်။

အချင်းချင်း လေးစားမှု : ခွဲခြားဆက်ဆံမှု မရှိဘဲ စိတ်တူကိုယ်တူ တက်ညီလက်ညီ ဆောင်ရွက်ပါသည်။ ကွဲပြားခြားနားသည့် နောက်ခံနှင့် အစွမ်းအစရှိသူများသည် ဖွံ့ဖြိုးတိုးတက်မှုကို ပေးစွမ်းနိုင်သည်။

ရိုးသားခြင်းဖြင့် အောင်နိုင်မှု : ရိုးသားမှုဖြင့် လုပ်ဖော်ကိုင်ဖက်များ၊ ရှယ်ယာရှင်များနှင့် လူမှုအသိုင်းအဝိုင်းများအား အကောင်းဆုံး ရလဒ်ကို ဖော်ဆောင်ပေးစွမ်းနိုင်သော ရှေ့ဆောင် ကုမ္ပဏီကြီးတစ်ခု ဖြစ်လာစေရေးအတွက် ဂရိတ်ဟော်ခမ်းက စိတ်အားထက်သန်သည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်းနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် နိုင်ငံတကာအဆင့်မီ ကောင်းမွန်သော လုပ်ငန်းအရည်အသွေး၊ ထိုက်တန်သော အကျိုးအမြတ်နှင့် မျှတသော မူဝါဒစည်းမျဉ်းများဖြင့် အစုရှယ်ယာရှင်များနှင့် လုပ်ငန်းအပ်နှံသူများအား စိတ်ကျေနပ်မှု ရရှိစေရန်။
  • ဆောက်လုပ်ရေးလုပ်ငန်းကို အရည်အသွေးကောင်းမွန်မှုဖြင့် ဦးဆောင်နိုင်ရန်၊
  • အာဆီယံတစ်ခွင်၏ အခြေခံအဆောက်အအုံများကို နိုင်ငံတကာအဆင့်မီ တာဝန်ယူဆောင်ရွက်နိုင်ရန်၊
  • နည်းပညာစွမ်းရည်ဖြင့် လူမှုဝန်းကျင်နှင့် ဘဝအရည်အသွေး တိုးတက်မှုကို အထောက်အကူပြုနိုင်ရန်၊
  • ကုန်သွယ်ရေးလုပ်ငန်းဖြင့် စီးပွားရေးကဏ္ဍ အရှိန်အဟုန်မြှင့်တင်နိုင်ရန်။
  • သင့်မြတ်သည့် အကျိုးအမြတ် နှင့်တကွ လူ့အသိုင်းအဝိုင်းနှင့် တိုင်းပြည်အပေါ် အကျိုး ဖြစ်ထွန်းစေမည့် စီမံကိန်းများကိုသာ ရွေးချယ်ခြင်း၊
  • ထိရောက်သော ကုန်ကျစရိတ် စီမံခန့်ခွဲမှုစနစ်၊ အချိန်မှန်မှုနှင့် အရည်အသွေးမီမှု မူဝါဒအောက်တွင် စီမံကိန်းများကို စီမံခန့်ခွဲခြင်း၊
  • တိုင်းပြည်တိုးတက်ရေး အတွက် အထောက်အကူ ဖြစ်ပြီး ရှယ်ယာရှင်များ အတွက် ရေရှည် အကျိုး ဖြစ်ထွန်းစေမည့် အခြေခံ အဆောက်အအုံ နှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် လုပ်ငန်းကို ပူးပေါင်းတည်ဆောက်ခြင်း၊
  • အာဆီယံနိုင်ငံများကို အဓိကထားပြီး ဒေသတွင်းဈေးကွက်များ တိုးချဲ့ခြင်း၊
  • လူသား အရင်းအမြစ်၊ စီမံအုပ်ချုပ်မှု ပုံစံများနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုဖွံ့ဖြိုးလာအောင် ဆောင်ရွက်ခြင်းဖြင့် ကုမ္ပဏီ၏ ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုတိုးတက်လာစေရန် ဆောင်ရွက်ခြင်း၊
  • ကုမ္ပဏီ၏ မတူကွဲပြားသော အကျိုးတရားများ ခိုင်မာစွာ ရရှိလာစေရန် ဗဟုသုတများ အပါအဝင် ခေတ်မီ နည်းပညာကို ဖွံ့ဖြိုးစေခြင်း နှင့် စီမံဆောင်ရွက်ခြင်း။