Skip to main content
x

စာရင်းစစ် ကော်မတီ

စာရင်းစစ်ကော်မတီ

စာရင်းစစ်ကော်မတီသည် ကုမ္ပဏီ၏ ဘဏ္ဍာရေးပိုင်း ဆိုင်ရာ စာရင်းအင်းများကို သုံးသပ်စစ်ဆေးပေးသည့် အဖွဲ့ဖြစ် သည်။ ထို့ပြင် ကုမ္ပဏီ၏ အတွင်းပိုင်း ထိန်းချုပ်မှု၊ အကျိုးစီးပွား ဆိုင်ရာ ပဋိပက္ခဖြစ်မှုနှင့် စာရင်းပိုင်း တိကျမှုများကို ပူးပေါင်း စီမံအုပ်ချုပ်မှု စနစ်အတိုင်း စီမံခန့်ခွဲမှု အဖွဲ့အား ကောင်းမွန်သော အကြံဉာဏ်များ ပေးစွမ်းနိုင်သည့် အဖွဲ့ဖြစ်သည်။

စာရင်းစစ်ကော်မတီကို ၂-နှစ် တစ်ကြိမ် ပြန်လည် ရွေးချယ်ဖွဲ့စည်းပါသည်။

၂ဝ၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်တွင် ဒါရိုက်တာ ဘုတ်အဖွဲ့က လွပ်လတ်ဒါရိုက်တာ ၄ ဦးနှင့် အတွင်းရေးမှူး ၁ ဦး ပါဝင်သည့် စာရင်းစစ်ကော်မတီကို ဖွဲ့စည်းခဲ့သည်။ ၎င်းတို့မှာ -

၁။ စိုင်းခိမ်ခမ်း- ကော်မတီဥက္ကဋ္ဌ
၂။ စိုင်းလင်းပန်- အဖွဲ့ဝင်
၃။ စိုင်းညီဆာ- အဖွဲ့ဝင်
၄။ စိုင်းထွန်းမြင့်- အဖွဲ့ဝင်
၅။ ဒေါ်သန်းသန်းဌေး- အတွင်းရေးမှူး တို့ဖြစ်သည်။

ဒေါ်သန်းသန်းဌေးသည် စာရင်းပိုင်းနှင့် ဘဏ္ဍာရေးပိုင်း ဆိုင်ရာတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်ပြီး အတွေ့အကြုံ ရင့်ကျက်သူတစ်ဦးဖြစ်သည်။ အတွင်းရေးမှူး ရာထူးဖြင့် လုပ်ငန်းများကို လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်ဟု ဒါရိုက်တာအဖွဲ့က ယုံကြည်ခြင်းကြောင့် ယင်းကို ကော်မတီ၏ အတွင်းရေးမှူးအဖြစ် ခန့်ထားခြင်းဖြစ်သည်။

စာရင်းစစ်ကော်မတီသည် ၃-လ တစ်ကြိမ် ပုံမှန် အစည်းအဝေး ရှိသည်။ လိုအပ်သည့် အတိုင်း ကုမ္ပဏီ၏ စီမံခန့်ခွဲရေး အဖွဲ့၊ ဘဏ္ဍာရေးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ပြင်ပစာရင်းစစ် အဖွဲ့တို့အား အစည်းအဝေး ခေါ်ယူနိုင်သည်။ ကြားတွင် လိုအပ်သည့် အလျောက် ကော်မတီ ဥက္ကဋ္ဌမှ အရေးပေါ် အစည်းအဝေး ခေါ်နိုင်သည်။

ဒါရိုက်တာဘုတ် အဖွဲ့သည် စာရင်းစစ် ကော်မတီအား အောက်ပါ လုပ်ပိုင်ခွင့်နှင့် တာဝန် ဝတ္တရားများကို ဆောင်ရွက်ခွင့် ပေးထားပါသည်။

  1. ကုမ္ပဏီ၏ ဘဏ္ဍာရေးရှင်းတမ်း အချက်အလက်များ မှန်ကန် တိကျမှုရှိအောင် သုံးသပ် ကြီးကြပ်ခြင်း၊
  2. ကုမ္ပဏီ၏ အတွင်းစာရင်းစစ်စနစ် လုံလောက် ထိရောက်မှုနှင့် သင့်လျော်သော တာဝန် ထမ်းဆောင်မှုအား အကြံ ပြုခြင်း၊
  3. ရန်ကုန်စတော့အိတ်ချိန်းသို့ ဝင်ရောက်နိုင်သောအခါ ကုမ္ပဏီ၏ စတော့စျေးကွက် စည်းကမ်း လိုက်နာမှုအား ကူညီကြီးကြပ်ခြင်း၊
  4. ကုမ္ပဏီ၏ အကျိုးစီးပွား ဖြစ်ထွန်းမှု မထိခိုက်စေရန် ကုမ္ပဏီ အတွင်းရှိ ဒါရိုက်တာများ၊ အရာရှိများနှင့် ၎င်းတို့၏ ပါဝင် ပတ်သက်သူများမှ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခများ ဆောင်ရွက်မှုကို သုံးသပ် ကြီးကြပ်ခြင်း၊
  5. ကုမ္ပဏီ၏ နှစ်ပတ်လည် အစီရင်ခံစာနှင့် ခြောက်လပတ် အစီရင်ခံစာအတွက် အောက်ပါ အချက်အလက်များ ပါဝင်သည့် အစီရင်ခံစာကို ဥက္ကဋ္ဌ၏ လက်မှတ်ဖြင့် တင်ပြခြင်း။
    • ကုမ္ပဏီ ဘဏ္ဍာရေး ရှင်းတမ်း၏ မှန်ကန်ပြည့်စုံမှု အပေါ် ထင်မြင်ယူဆချက်၊
    • ကုမ္ပဏီ၏ အတွင်းထိန်းချုပ်မှု စနစ်အပေါ် ထင်မြင်ယူဆချက်၊
    • စာရင်းစစ်များ၏ အရည်အသွေးအပေါ် ထင်မြင်ယူဆချက်၊
    • အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခ ဖြစ်မှုများအပေါ် ထင်မြင်ယူဆချက်၊
    • ကျင်းပခဲ့သည့် အစည်းအဝေး အကြိမ်အရေအတွက် နှင့် အဖွဲ့ဝင်များ တက်ရောက်နိုင်မှု၊
    • ကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် တာဝန် ဝတ္တရားများ ကျေပွန်စွာ ဆောင်ရွက်နိုင်ခြင်း ရှိမရှိ ထင်မြင်ယူဆချက်၊
    • ဒါရိုက်တာဘုတ်အဖွဲ့မှ တာဝန်ပေးအပ်မှုဖြင့် ဆောင်ရွက်ခဲ့ရပြီး အစုရှယ်ယာရှင်များ သိရှိရန် လိုအပ်သည့် အခြား အချက်အလက်များ။
  6. စာရင်းစစ်ခြင်းနှင့် စည်းကမ်းလိုက်နာမှုဆိုင်ရာ စစ်ဆေးရေး အရာရှိတို့ကို ၎င်းတို့၏ တာဝန်များကို သမာသမတ် ကျစွာဖြင့် ဆောင်ရွက်နိုင်ရန် ကြီးကြပ်လမ်းညွှန် ပံ့ပိုးပေးခြင်း တို့ဖြစ်သည်။