လူမှုဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုမူဝါဒ

၁။ အကြောင်းအရာ

ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီ လီမိတက်သည် (နောက်ပိုင်းတွင် “ကုမ္ပဏီ” ဟူ၍သာ ရည်ညွှန်းမည်) ၂၀၁၂ နှောင်းပိုင်းတွင် စတင်တည်ထောင်ခဲ့သည်။ ကုမ္ပဏီတည်ထောင်ခဲ့ပြီးနောက် လူမှုဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုများကို အမြောက်အမြားဆောင်ရွက်ခဲ့သော်လည်း တိကျပြတ်သားသော လူမှုဝန်းကျင် ဆိုင်ရာ တာဝန်ယူမှုမူဝါဒ မရှိခဲ့ပေ။ ပိုမိုတိကျပြတ်သားသော မူဝါဒနှင့်အတူ နောင်တွင် လူမှုဝန်းကျင် ဆိုင်ရာ တာဝန်ယူမှုများကို ပိုမိုဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်မှန်းသည်။ ရေရှည်တည်တံ့သော စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်သို့ လျှောက်လှမ်းရင်း တစ်ဖက်တွင်လည်း မိမိနိုင်ငံတော်၏ နောင်လာနောက်သားများအတွက် ပိုမိုတိုးတက်ကောင်းမွန်သော နိုင်ငံတော်ဖြစ်စေရန် လူမှုဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင်များကိုလည်း စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်သွားမည် ဖြစ်သည်။

၂။ မူဝါဒ၏ ရည်ရွယ်ချက်

ကုမ္ပဏီ၏ လူမှုဝန်းကျင်ဆိုင်ရာတာဝန်ယူမှု မူဝါဒ၏ ရည်ရွယ်ချက်မှာ -

အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးတွင် ကုမ္ပဏီ လုပ်ငန်းလုပ်ဆောင်သည့် နိုင်ငံ၏ သက်ဆိုင်ရာ အစိုးရ ထုတ်ပြချက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေများကို လေးစားလိုက်နာမည်။

  • လူမှုဝန်းကျင်နှင့် ကုမ္ပဏီအတွက် အကျိုးကျေးဇူးများသော ဆောက်လုပ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများဖြစ်မြောက်စေရန်၊
  • လူမှုဝန်းကျင်အတွင်း စားနပ်ရိက္ခာ, ပညာရေးနှင့် ကျန်းမာရေး ချို့တဲ့မှု၊ လူမှုဝန်းကျင်၊ သဘာဝပတ်ဝန်းကျင်နှင့် ရှယ်ယာရှင်စသည်များအတွက် လိုအပ်သော အကူအညီများကို ထောက်ပံ့ပေးခြင်းဖြင့် လူမှုဝန်းကျင်ပေါ်သို့ ဆိုးကျိုးသက်ရောက်မှုများ နည်းနိုင်သမျှနည်း စေသည့် ကုမ္ပဏီ၏ လူမှုဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု မူဝါဒကို လက်ဝယ်ထွေးပိုက် လိုက်နာ ကျင့်သုံး နိုင်ရန်ဖြစ်သည်။

၃။ ဦးတည်ချက် ဧရိယာ

လူမှုဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုအတွက် ကုမ္ပဏီသည် အောက်ပါဧရိယာများကို ဦးတည်ထားသည် -

  • စားနပ်ရိက္ခာချို့တဲ့မှု၊ ဆင်းရဲဒုက္ခရောက်မှုနှင့် ကျန်းမာရေးများ ― စားနပ်ရိက္ခာချို့တဲ့မှုနှင့် ဆင်းရဲဒုက္ခရောက်ရှိနေမှုစသည့် နေရာများ၊ ကျန်းမာရေး ဆိုးဝါးမှုကို ကြိုတင်ကာကွယ် နိုင်ရန်အတွက် အန္တရာယ်ကင်းရှင်းသော သောက်သုံးရေ လိုအပ်မှု ရှိသောနေရာများ။
  • ပညာရေး ― အထူးသဖြင့် ပညာရေးချို့တဲ့သောလူငယ်များ၊ ကလေးများနှင့် အမျိုးသမီး များအတွက် အသက်မွေးဝမ်းကျောင်းလွယ်ကူစေရန် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ စီစဉ်ပေးခြင်း၊ ပညာသင်ကျောင်း၊ မိဘမဲ့ကျောင်းစသည့် ပညာရေးကျောင်းများတွင် ငွေကြေးထောက်ပံ့ လှူဒါန်းခြင်း၊ ကျောင်းသူကျောင်းသားများအတွက် အထောက်အကူဖြစ် စေရန် စာသင်ခန်းနှင့် ဓာတ်ခွဲခန်း အသုံးအဆောင်ပစ္စည်းကိရိယာများကို ထောက်ပံ့လှူဒါန်း ပေးခြင်း။
  • ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ― ဒေသတွင်း လမ်းနှင့်တံတားများ၊ နေအိမ်များ၊ လျှပ်စစ်မီး၊ သောက်သုံးရေ နှင့် ရေသန့်စင်ခြင်းလုပ်ငန်းစသည်များကို ကူညီလုပ်ဆောင်ပေး ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ပြီး စဉ်ဆက်မပြတ်တိုးတက်သော ရပ်ရွာများ ဖြစ်လာစေရန် ဆောင်ရွက်ခြင်း။
  • သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှု ― ရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင်ဖြစ် စေရေးအတွက် လိုအပ်သော သက်ရှိနှင့်ပတ်ဝန်းကျင် ချိန်ခွင်လျှာညီမျှမှု၊ တောတောင် တိရစ္ဆာန် ကာကွယ်ပေးမှု၊ သဘာဝအရင်းအမြစ်များ၊ သဘာဝမြေဆီလွှာများ၊ လေထုနှင့် ရေအရင်းအမြစ်များကာကွယ်ထိန်းသိမ်းခြင်း စသည့်ဆောင်ရွက်ချက်များ။
  • အမျိုးသားအမွေအနှစ်၊ အနုပညာနှင့် ယဉ်ကျေးမှု ― အမျိုးသားအမွေအနှစ်၊ အနုပညာနှင့် ယဉ်ကျေးမှုများကို ကာကွယ်စောင့်ရှောက်ထိန်းသိမ်းရန်အတွက် အမျိုးသားအမွေအနှစ် ဖြစ်သည့် ရှေးဟောင်းအဆောက်အအုံများ၊ စေတီပုထိုးများ၊ သမိုင်းဝင်သောနေရာများကို ရှေးမူမပျက် ပြန်လည်ပြုပြင်မွမ်းမံခြင်း၊ အများသုံးစာကြည့်တိုက်တည်ဆောက်ခြင်း၊ ရိုးရာ အနုပညာနှင့် လက်မှုပညာများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်းနှင့် အားပေး ချီးမြှောက်ခြင်းတို့ဖြစ်သည်။

၄။ လူမှုဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု ကော်မတီဖွဲ့စည်းခြင်း

လူမှုရေးဆိုင်ရာ တာဝန်ယူမှု ကော်မီတီအဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည် ―

ဦးစိုင်းရီမွန်ကော်မတီဥက္ကဋ္ဌ
ဦးစိုင်းအုန်းမြင့်ကော်မတီအဖွဲ့ဝင်
ဦးစိုင်းခွန်ကျော်ကော်မတီအဖွဲ့ဝင်
ဦးစိုင်းသိန်းကျော်ကော်မတီအဖွဲ့ဝင်

၅။ လူမှုဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု ကော်မတီ၏ တာဝန်ဝတ္တရားများ

  1. ဒါရိုက်တာများအဖွဲ့(BOD)နှင့် စီမံရေးရာအဖွဲ့(Management Team) အဖွဲ့ဝင်များအားလုံး လူမှုဝန်းကျင်ဆိုင်ရာတာဝန်ယူမှု မူဝါဒကို ကောင်းမွန်စွာသိရှိနားလည်အောင် ဆောင်ရွက် ပေးရန်၊
  2. မိမိဒေသတွင်းတွင် လက်ရှိအချိန်၌ အစိုးရက လူမှုဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု လုပ်ဆောင် ချက်ရှိမရှိ စစ်ဆေးပြီးရှိလျှင် အစိုးရ၏လုပ်ဆောင်ချက်များအား ကူညီပံ့ပိုးပေးရန်၊
  3. လူမှုဝန်းကျင်ဆိုင်ရာတာဝန်ယူမှုအတွက် သင့်လျော်သော ငွေပမာဏကို ချမှတ်ပေးရန်၊
  4. ကုမ္ပဏီ၏ လူမှုဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု မူဝါဒ ထိရောက်ခြင်းရှိမရှိ စစ်ဆေးပြီး သင့်လျော် သည့်အတိုင်း ပြင်ဆင်တည်းဖြတ်ပေးရန်၊
  5. ကုမ္ပဏီ၏ လူမှုဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု လုပ်ဆောင်ချက်များကို အများပြည်သူများအား အသိပေးရန်၊

၆။ လူမှုဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း

ကုမ္ပဏီသည် ကော်မတီအဖွဲ့က အတည်ပြုပေးသော လူမှုဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု ဆောင်ရွက်ချက် များကို မိမိကုမ္ပဏီတစ်ခုတည်းဖြင့်ဖြစ်စေ၊ အစိုးရ သို့မဟုတ် အစိုးရမဟုတ်သောအဖွဲ့အစည်း၊ သို့မဟုတ် အခြားသူတစ်ဦးတစ်ယောက်နှင့် လက်တွဲပူးပေါင်း၍ဖြစ်စေ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။

လူမှုဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု လုပ်ဆောင်ချက်၊ စီမံကိန်း သို့မဟုတ် အစီအစဉ် တစ်ခုခုထဲမှ ငွေအပို များ ကျန်ရှိနေလျှင် ယင်းပိုသောငွေများသည် ကုမ္ပဏီ၏ ရငွေအဖြစ် ပြန်လည်ထည့်တွက်မည်မဟုတ်ပါ။ ကော်မတီအတည်ပြုသည့် လူမှုဝန်းကျင်ဆိုင်ရာ အခြားလုပ်ဆောင်ချက်များအတွက် အသုံးပြုမည်ဖြစ်သည်။

၇။ လူမှုဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု လုပ်ဆောင်မည့်နေရာဌာနများ

လူမှုဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု လုပ်ဆောင်မည့်နေရာများမှာ ကော်မတီက သင့်တော်သည့်အတိုင်း စီမံဆုံးဖြတ်မည်။

၈။ ပန်းတိုင်များ

ကုမ္ပဏီ၏ လူမှုဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု လုပ်ဆောင်ချက်များ၏ ပန်းတိုင်များမှာ ―

  1. စားနပ်ရိက္ခာချို့တဲ့မှု၊ ဆင်းရဲဒုက္ခရောက်မှု၊ နှင့် ကျန်းမာရေးချို့တဲ့မှု
    သာမန်အားဖြင့် ဆင်းရဲနွမ်းပါးပြီး ချို့တဲ့သူများအတွက် (ဥပမာ― ဝေးလံခေါင်သီသော အရပ်ဒေသတွင် ဆင်းရဲဒုက္ခရောက်နေသူများ၊ စစ်ဘေးတိမ်းရှောင်နေရသူများ၊ စစ်ဘေးဒဏ်ခံ နေရသူများ၊ သဘာဝဘေးဒဏ် ခံနေရသူများ စသည်)နှင့် အထူးသဖြင့် ကုမ္ပဏီ၏ စီမံကိန်း ကြောင့် ထိခိုက်နစ်နာသော မိသားစုများအတွက် ကုမ္ပဏီသည် မိမိကုမ္ပဏီတစ်ခုတည်းဖြင့် ဖြစ်စေ၊ အခြားသော အဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်း၍ဖြစ်စေ အထောက်အပံ့ အကူအညီ များ ထောက်ပံ့လှူဒါန်းပေးသွားမည်။
  2. ပညာရေး
    ကုမ္ပဏီသည် ပညာရေးကို ထောက်ပံ့သည့်နေရာတွင် ဦးတည်ချက်နှစ်မျိုး ခွဲထားသည်။ ယင်းမှာ
    a) ကုမ္ပဏီမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းဧရိယာပတ်လည်ရှိ ပြည်သူ လူထုအကျိုးငှာ စာသင်ကျောင်းများအတွက် ဗလာစာအုပ်၊ စာသင်ခန်းအထောက်အကူ ပြုပစ္စည်း ကိရိယာများကို ထောက်ပံ့လှူဒါန်းပေးခြင်းနှင့်
    b) လူငယ်များအတွက် အထူးသဖြင့် ပညာရေးချို့တဲ့သော ငယ်ရွယ်သူများအတွက် အသက် မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်များအတွက် သင်တန်းကျောင်းများ တည်ဆောက်ပေး ခြင်းစသည်တို့ဖြစ်သည်။
  3. ဒေသဖွံ့ဖြိုးတိုးတက်မှု
    ကုမ္ပဏီ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်ရေးအတွက် ဒေသဖွံ့ဖြိုးတိုးတက်မှု သည် အဓိကအချက်တစ်ချက်ဖြစ်သည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် ကုမ္ပဏီသည် မိမိကုမ္ပဏီတစ်ခုတည်းဖြင့်ဖြစ်စေ၊ အခြားအဖွဲ့အစည်းအမျိုးမျိုးနှင့် လက်တွဲပူးပေါင်း၍ဖြစ်စေ ဒေသဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေးစသည့် အခြေခံအဆောက်အအုံ လုပ်ငန်းများ ကို ဆောင်ရွက်မည်ဖြစ်သည်။ အထူးသဖြင့် ကုမ္ပဏီ၏ စီမံကိန်းဖော်ဆောင်ရာတွင် ထိခိုက်မှု ရှိသည့် နေရာများ၏ လမ်း၊ တံတား၊ လျှပ်စစ်စွမ်းအင်ဖွံ့ဖြိုးတိုးတက်စေရေး၊ သဘာဝဘေးဒဏ် ခံရသူများအတွက် နေရာပြန်လည်ချထားရေး စသည့်ဆောင်ရွက်ချက်များကို ပြုလုပ်ဆောင်ရွက် မည်ဖြစ်သည်။
  4. အနုပညာ၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့မှု
    သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ဖွံ့ဖြိုးမှု၊ သဘာဝချိန်ခွင်လျှာညီမျှမှုများသည် ကုမ္ပဏီ၏ လုပ်ငန်းသဘောသဘာဝအတွက် အရေးကြီးသည့်အချက်တစ်ခုဖြစ်သည်။ ထို့ပြင် ကုမ္ပဏီသည် အခြားအချက်အလက်များအပြင် သမိုင်းဝင်နေရာများအပါအဝင် အမျိုးသား အမွေအနှစ်၊ အနုပညာနှင့် ယဉ်ကျေးမှုများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် လိုအပ်သောအခြား အချက်အလက် များအား အလေးထားလုပ်ဆောင်မည် ဖြစ်သည်။

၉။ မူဝါဒ စတင် အကျိုးသက်ရောက်သည့် ရက်စွဲ

ကုမ္ပဏီ လူမှုဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုမူဝါဒသည် ၂၀၁၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်မှစပြီး အကျိုးသက်ရောက်မှုရှိသည်။

နောက်ဆုံးတည်းဖြတ်သည့်ရက်စွဲ - ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၊ ၁၁ ရက်။