ဦးရဲခေါင်ညွန့်

အကြံပေးကော်မတီအဖွဲ့ဝင်

မြို့ပြအင်ဂျင်နီယာတစ်ဦးဖြစ်သည့် ဆရာကြီး ဦးရဲခေါင်ညွန့် P.E, A.C.P.E; B.E. Civil သည် ၁၉၆၃ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ဆရာကြီးသည် ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် အင်ဂျင်နီယာဘွဲ့ ရခဲ့သည်။ ဆည်မြောင်းဦးစီးဌာနတွင် ၅ နှစ်တာဝန်ထမ်း ဆောင်ခဲ့ပြီး တပ်မတော် အင်ဂျင်နီယာ ဦးစီးဌာနတွင် အင်ဂျင်နီယာ အရာရှိအဖြစ်ဖြင့် ၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၀၃ ခုနှစ်တွင် Developed Professional Engineering Consultant Co., Ltd. ကို တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများဖြစ်သည့် Total Learning Academy, Hasty Power Construction Co., Ltd. နှင့် Y.M.O Co., Ltd.  ကုမ္ပဏီသုံးခုကို အတိုင်ပင်ခံဝန်ဆောင်မှုများ ပေးစွမ်းနိုင်ခဲ့သည်။

လက်ရှိတွင် ရှမ်းပြည်နယ်အစိုးရ၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ (SSDC) ၏ အလုပ်အမှုဆောင်အဖွဲ့၊ ရှမ်းပြည်နယ် အတွင်း ဆောက်လုပ်ရေးစီမံကိန်း ကော်မတီအဖွဲ့ဝင် တာဝန်များကိုလည်း ထမ်းဆောင်လျက်ရှိသည်။ SSDC အတွက်  Myoma Multipurpose Building Project နှင့် တောင်ကြီး ဆေးတက္ကသိုလ်ဆောက်လုပ်ရေးစီမံကိန်းများတွင်လည်း Q.C အဖြစ် တာဝန်ထမ်းဆောင်ပါသည်။ ဆရာကြီးသည် ပစ္စုပ္ပန်တွင် SSDC ၏ လိုင်စင်ရ ဝါရင့်အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး တောင်ကြီးတွင် နေထိုင်လျက်ရှိသည်။ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၏ အသင်းဝင်တစ်ဦးဖြစ်ပြီး ရှမ်းပြည်နယ် မြန်မာအင်ဂျင်နီယာ အသင်း၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းဆောင်နေလျက်ရှိသည်။ ထို့ပြင် AFEO ၏ ဂုဏ်ထူးဆောင်အဖွဲ့ဝင်၊ အာဆီယံအင်ဂျင်နီယာ၊ အင်ဂျင်နီယာဘူမိဗေဒဆိုင်ရာ ကျွမ်းကျင်အင်ဂျင်နီယာ တစ်ဦးဖြစ်သည်။