စိုင်းထွန်းမြင့်

ပညာရေး

  • B.Sc (Physics) မန္တလေး ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်

လုပ်ငန်းအတွေ့အကြုံများ

  • ၁၉၈၂ ခုနှစ်မှ စတင်၍ ကုန်သည်လောကသို့ ရောက်ရှိပါသည်။
  • ၁၉၈၅ ခုနှစ်မှစ၍ မော်တော်ကားလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်။
  • ၁၉၈၅ မှ ၁၉၈၇ ခုနှစ်ထိ ရှမ်းတောင်တန်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်ပါသည်။
  • ၁၉၈၈ မှ ၁၉၉၈ ခုနှစ်ထိ ကုန်တင်ယာဉ်နှင့် ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်ပါသည်။
  • ၁၉၉၈ ခုနှစ်တွင် ပူးတွဲလုပ်ငန်းအဖြစ် (TOP STUDIO) အမည်ဖြင့် အသံဖမ်းနှင့် တီးဝိုင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့ပါသည်။
  • ၁၉၉၉ မှ ၂၀၁၂ ခုနှစ်ထိ PE ၁၂ ဘီးကားလုပ်ငန်းများ ဆောင်ရွက်ပါသည်။
  • ၂၀၁၀ ခုနှစ်တွင် မြစ်ကြီးနားမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတွင် Dump Truck များဖြင့် မြေသယ်/ ကျောက်သယ်လုပ်ငန်းများ ဆောင်ရွက်ပါသည်။
  • ၂၀၁၂ ခုနှစ်မှယနေ့ထိ ၂၂ ဘီးနောက်တွဲယာဉ်လုပ်ငန်းများ ဆောင်ရွက်ပါသည်။
  • ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၆ခုနှစ် သြဂုတ်လအထိ ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်တွင် စက်မှုဌာနဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
  • ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ လက်ရှိအချိန်အထိ ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်တွင် ဝယ်ယူရေးဌာနဒါရိုက်တာ၊ ဒါရိုက်တာအဖွဲ့ဝင်၊ လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် ပူးပေါင်းတာဝန်ယူမှု ကော်မတီအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

လူမှုရေးလုပ်ငန်းပါဝင်ဆောင်ရွက်မှုများ

  • ၁၉၇၄ ခုနှစ်မှစတင်ပြီး မူဆယ်မြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီတွင် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများနှင့် တေးဂီတဖျော်ဖြေမှုများကို ယနေ့ထိ လှုပ်ရှားဆောင်ရွက်နေပြီး၊ ယခုလက်ရှိတွင် အကြံပေးအဖွဲ့တွင် ပါဝင်လျက်ရှိပါသည်။
  • မူဆယ်မြို့ SUNDAY F.C ဘောလုံးအသင်း၏ ဥက္ကဋ္ဌအဖြစ် ၂ ကြိမ် ဆောင်ရွက်ခဲ့ပြီး၊ ယခုအခါ နာယကအဖြစ် ဆောင်ရွက်နေဆဲဖြစ်ပါသည်။