သစ်သီးကုန်စည်ဒိုင် တိုးချဲ့စီမံကိန်း

၃၈ ဧကကျယ်ဝန်းသော သစ်သီးကုန်စည်ဒိုင်၏ မြေကြီးလုပ်ငန်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လကုန်တွင် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ စီမံကိန်းကာလကို ၈ လ သတ်မှတ်ထားသော်လည်း မြေကြီးလုပ်ငန်းပမာဏ တိုးချဲ့လာခြင်းနှင့် တိုးချဲ့ဧရိယာတွင်းရှိ ကျောက်သားများအား မိုင်းခွဲခြင်းလုပ်ငန်းတွင် နှောင့်နှေးကြန့်ကြာမှုများရှိခဲ့သော ကြောင့် ၁၄ လ ကြာ ဆောင်ရွက်ခဲ့ရပါသည်။

 

စီမံကိန်းဆိုင်ရာအချက်အလက်များ
စီမံကိန်းအမည် သစ်သီးဝလံရောင်းချကွင်း တိုးချဲ့စီမံကိန်း
ရင်းနှီးမြုပ်နှံသည့် ကုမ္ပဏီအရှေ့မြောက်တံခါး ကုမ္ပဏီလီမိတက်
ပင်မ ကန်ထရိုက်တာဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်
စီမံကိန်းတည်နေရာ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်၊ မူဆယ်မြို့။
စီမံကိန်းဧရိယာ၃၈ ဧက
လုပ်ငန်အမျိုးအစားဗြုန်းကျောက် နှင့် မြေကြီး ဖြတ်/ဖို့ ခြင်း
လုပ်ငန်းပမာဏဗြုန်းကျောက်နှင့် မြေကြီးလုပ်ငန်း ၂၂၃,၀၀၀ ကျင်း
၂၄ ပေကျယ် ကွန်ကရစ်လမ်း၁,၀၀၀ မီတာ
စာချုပ်လုပ်ငန်းတန်ဖိုး၂၀,၀၇၀ ကျပ်သိန်း
လုပ်ငန်းစတင်သည့်နေ့၃၀-၅-၂၀၁၅
စီမံကိန်းကာလ၈ လ